• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လူ့အခွင့်အရေး အခြေခံ အမျိုးသားလုံခြုံရေးဆီသို့

by အောင်မျိုးမင်း
4 September 2017
in သူ့အတွေး သူ့အမြင်
A A
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်ရန် မြန်မာဘက်ခြမ်းမှ ချည်းကပ်လာသူတဦး / Reuters

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်ရန် မြန်မာဘက်ခြမ်းမှ ချည်းကပ်လာသူတဦး / Reuters

9.8k
VIEWS
Share on FacebookShare on Twitter

“လူ့အခွင့်အရေးကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ရသည်” “အကြမ်းဖက်တိုက်ခိုက်မှုများကို လူ့အခွင့်အရေးက ကာကွယ်အားပေးအားမြှောက်ပြုနေသည်” ဆိုသည့် စကားများကို လူမှုမီဒီယာများအကြား ရေးသားပြောဆိုမှုများအား မကြာခဏ မြင်နေရ ကြားနေရသည်။ ထိုသို့ပြောဆိုသံကြားတိုင်း လူ့အခွင့်အရေး ပညာပေးသူတယောက်အနေနှင့် စိတ်မကောင်းဖြစ်မိသလို လူ့အခွင့်အရေး အနှစ်သာရအပေါ် လူအများ၏ နားလည်မှုအား သေချာဆန်းစစ်မိလာသည်။

လူ့အခွင့်အရေးဆိုသည်မှာ လူကိုလူချင်း ခွဲခြားဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုကို တားဆီးနိုင်ရန်အတွက် ပေါ်ပေါက်လာခဲ့ကြောင်း သမိုင်းတွင်အထင်အရှားတွေ့နိုင်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အယူအဆသည် လူမျိုးတိုင်း ဘာသာတိုင်းတွင် ကိန်းအောင်းနေသော လူ့ဂုဏ်သိက္ခာအတိုင်း နေထိုင်လိုစိတ်ကို အခြေခံထားပါသည်။ လူသားတို့သည် ငြိမ်းချမ်းရေးကို တန်ဖိုးထားကြပါသည်။

ဒုတိယကမ္ဘာစစ်တွင်း ဖြစ်ပွားခဲ့သော လူသားမဆန်သည့် လူမျိုးတုံးသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းရင်း လူသားတိုင်းသည် တူညီသည့် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးရှိကြောင်း လက်ခံလာကြသည်။ မည်သူ့အပေါ်ကိုမှ မည်သည့်အကြောင်းကြောင့်ဖြင့် ခွဲခြားဆက်ဆံခြင်းမပြုရဟု သတ်မှတ်လာခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးရန် လူတိုင်းနှင့် အစိုးရတိုင်းတွင် တာဝန်ရှိကြောင်း အသိအမှတ်ပြုလာကြသည်။

ယခုပြောပြောနေသည့် လူ့အခွင့်အရေးကတဖက် အမျိုူးသားလုံခြုံရေးကတဖက် ဆိုသည့် ပြောဆိုချက်မှာ အယူအဆ လွဲမှားနေပါသည်။ အမျိုးသားလုံခြုံရေးသည် တိုင်းပြည်တွင်းရှိ လူသားများအားလုံး၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လုပ်ဆောင်ပေးခြင်း၊ ထိန်းသိမ်းပေးခြင်းကို ဆိုလိုသည်။ မှန်ကန်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်သည် လူသားများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးချက်သာ ဖြစ်သည်။

အမျိုးသားလုံခြုံရေးကို မှန်ကန်စွာ ထမ်းဆောင်စေခြင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါက လူ့အခွင့်အရေးအတွက် ပိုမိုအကျိုးရှိမည်ဖြစ်သည်။ သို့သော် အမျိုးသားလုံခြုံရေးဆိုသည့်စကားလုံးကို အသုံးပြု၍ ပြည်သူများ၏ လူ့အခွင့်အရေးကို လိုအပ်သည်ထက် ပို၍ ချုပ်ချယ်ကန့်သတ်ခြင်း၊ ချိုးဖောက်ခြင်းမျိုးကိုမူ လက်ခံနိုင်မည် မဟုတ်ပါ။ ဥပမာဆိုရလျှင် အမျိုးသားလုံခြုံရေးအတွက် အရေးပေါ် အခြေအနေမျိုးတွင် လိုအပ်သဖြင့် လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်နိုင်သော်လည်း လူသားတို့၏ အသက်ရှင်ခွင့်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်ခွင့် မရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များတွင် တိတိကျကျ ဖော်ပြထားပြီးဖြစ်သည်။

လူ့အခွင့်အရေး အယူအဆ၏ မူလအစဖြစ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ စကားချီးတွင် “လူခပ်သိမ်း၏ မျိုးရိုး ဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း” ဟု တိကျစွာ ရေးသားထားသည်။ ထိုသို့ရေးသားထားခြင်းကြောင့် လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည်ကို ထင်ထင်ရှားရှားပေါ်လွင်စေပါသည်။

လက်ရှိ ရခိုင်ဒေသတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် မည်သို့အကြောင်းကြောင့်ဖြစ်လာသည်ဖြစ်ဖြစ်၊ ဘယ်သူကပဲ ကျူးလွန် ကျူးလွန် အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းသာဖြစ်သည်။ မည်သည့်အကြောင်းပြချက်မျိုးဖြင့်ဖြစ်စေ အကြမ်းဖက်ခြင်းကို ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းက လက်ခံမည် မဟုတ်ပါ။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ကျူးလွန်သော အကြမ်းဖက်မှုမှန်သမျှကို လူ့အခွင့်အရေးလေးစားသော အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချနေသည်ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.8k

လူ့အခွင့်အရေးသည် ငြိမ်းချမ်းရေး၏ အခြေခံဖြစ်သလိုု လူ့အခွင့်အရေးကိုု အကြမ်းဖက်နည်းဖြင့် တည်ဆောက်၍မရပါ။ အကြမ်းဖက်ခြင်းသည် လူသားတို့၏ အသက်ရှင်ခွင့်နှင့် လုံခြုံခွင့်တို့အပေါ် ပြင်းထန်စွာ ထိခိုက်မှုများ ဖြစ်စေသောကြောင့် လူ့အခွင့်အရေး အခြေခံအနှစ်သာရကိုု ထိခိုုက်လျက်ရှိပြီး ဖြစ်သည်။ ရခိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်ပေါင်းများစွာ၏ ဘဝလုံခြုံရေးကို ထိခိုက်စေလျက်ရှိသည်။

အကြမ်းဖက်မှုသည် မုုန်းတီးမှု နှင့် ဂလဲ့စားချေမှု သံသရာစက်ဝန်းကိုု ဖြစ်စေပါသည်။ အကြမ်းဖက်မှုသည် မတရားမှု၊ မမျှတမှုကိုု ပိုု၍ ဆိုုးရွားစေသည်။ အကြမ်းဖက်မှုကို ယဉ်ကျေးသော လူ့ဘောင် အသိုင်းအဝိုင်းတိုင်းက လက်မခံနိုင်သလို အကြမ်းဖက်မှုမှန်သမျှကို မည်သည့်နေရာတွင် မည်သူ ကျူးလွန်ကျူးလွန် အပြင်းအထန် ရူတ်ချရန်မှာ လူ့အခွင့်အရေး လေးစားသောသူတိုင်း၏ တာဝန်ဖြစ်ပါသည်။

အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပွားစေသောကြောင့် လူ့အခွင့်အရေး ယဉ်ကျေးမှုနှင့် ပြဒါးတလမ်း သံတလမ်းဖြစ်သည်။ အကြမ်းဖက်သူများသည် လူသား အချင်းချင်း အပြန်အလှန်လေးစားမှုကို လက်မခံဘဲ အကြမ်းဖက်သောနည်းလမ်းဖြင့်သာ အဖြေရှာအနိုင်ယူလိုသူများ ဖြစ်နေလေ့ရှိရာ အကြမ်းဖက်သူများသည် ယေဘုယျအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သွားတတ်သည်။

လူ့အခွင့်အရေး အယူအဆ၏ အမှန်တရားမှာ မည်သူ ကျူးလွန်သည်ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါက ချိုးဖောက်ခံရသူဘက်မှ ရပ်တည်ပြီး အမှန်တရားနှင့် တရားမျှတမှုရရှိလာအောင် ဖော်ဆောင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူအခွင့်အရေးချိုးဖောက်မှုတခုဖြစ်စေ အကြမ်းဖက်မှုတခုဖြစ်စေ ကျူးလွန်မှုများကို လူ့အခွင့်အရေးရူထောင့်မှ ရူမြင်ပြီး ၎င်းလုပ်ရပ်အား ရှုတ်ချဆန့်ကျင်ရန်မှာ လူ့အခွင့်အရေး အမှန်တကယ်လေးစားသူတိုင်း၏ တာဝန်ဝတ္တရားများနှင့် ရပ်တည်ချက်ပင် ဖြစ်သည်။ မှန်ကန်သော လူ့အခွင့်အရေးအယူအဆသည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပံ့ပိုးပေးခြင်းသာဖြစ်သည်။

လူ့အခွင့်အရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေး၏ အနှစ်သာရများဖြစ်သော တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု၊ မတူကွဲပြားမှုကို အသိအမှတ်ပြုရန် တည်ဆောက်ခြင်းပင်။ တဦးချင်း အခွင့်အရေးနှင့် အုုပ်စုုလိုုက် အခွင့်အရေး သဟဇာတဖြစ်မှုကိုု အလေးထားသည်။ ဤသိုု့သော လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားခြင်းကသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်။ ငြိမ်းချမ်းရေးတည်ရှိမှ လူ့အခွင့်အရေး ယဉ်ကျေးမှုကို တိုုးမြှင့်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ခြင်းသည် အကြမ်းဖက်မှုများကို ရှုတ်ချရုံ သက်သက်သာမက အကြမ်းဖက်မှုများအစား ငြိမ်းချမ်းရေးနှလုံးသားပိုင်ရှင်များ ပေါ်ထွက်လာစေအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အခွင့်အရေး လေးစားသောသူတဦးသည် မိမိကိုထိမှသာ နာတတ်သောသူများ မဖြစ်ရပါ။ လူသားမျိုးနွယ်စုဝင် လူသားတဦးကိုဖြစ်စေ လူသားအုပ်စုဝင် တခုခုကိုဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်စုတခုလုံးကို စော်ကား ထိခိုက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။

အကြမ်းဖက်သူများသည် မည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်ရမည်ကို ဦးတည်ချက်ထား၍ တိုက်ခိုက်ကြလေ့ရှိသော်လည်း လူ့အခွင့်အရေးကမူ ဘယ်သူ့ကိုမဆို အကြမ်းဖက်တိုက်ခိုက်ခြင်း မပြုရဟု ဘက်မလိုက်ဘဲ ဆိုထားပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးသည် လူသားများအပေါ် အန္တရာယ်ကျရောက်စေသည့် မည်သည့်အကြမ်းဖက်မှုကိုမှ လက်မခံသော လူသားဆန်သည့် အယူအဆတရပ် ဖြစ်ပါသည်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

Your Thoughts …
Tags: ရခိုင်လူ့အခွင့်အရေး
အောင်မျိုးမင်း

အောင်မျိုးမင်း

Contributor

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
အင်္ဂလန်မှာ ကြီးလေးကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ Tottenham Hotspur F.C

အင်္ဂလန်မှာ ကြီးလေးကြီး စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ Tottenham Hotspur F.C

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် / တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

ရခိုင်အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ် ဆွေးနွေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved