ဖွံ့ဖြိုးဆဲနိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖွံ့ဖြိုးဆဲနိုင်ငံ Covering Burma and Southeast Asia Sun, 06 Apr 2025 07:33:04 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဖွံ့ဖြိုးဆဲနိုင်ငံ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဖွံ့ဖြိုးဆဲနိုင်ငံ 32 32 ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ https://burma.irrawaddy.com/news/2025/04/06/399608.html Sun, 06 Apr 2025 07:33:04 +0000 https://burma.irrawaddy.com/?p=399608 အရှေ့တောင်အာရှနိုင်ငံများကို ချမှတ်သည့်အခွန်များသည် တရုတ်ကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဝါရင့်သုတေသီ ဒေါက်တာ စီဝါဂေ ဓာမာ နေဂရက ပြောသည်။]]>

စစ်ကြောင့် ပျက်စီးနေပြီး ငလျင်ဒဏ်ခံရသည့် မြန်မာအပါအဝင် အရှေ့တောင်အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိကနိုင်ငံ အများအပြားသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်သည့် အမြင့်မားဆုံး အခွန်များ ရင်ဆိုင်ရသည့် ကုန်သွယ်ဖက်များ စာရင်းတွင် ပါဝင်လာသည်။

အမေရိကန် ကုန်သွယ်ရေးမူဝါဒ ဆယ်စုနှစ်များစွာကို အဆုံးသတ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ စတင်ရန် ခြိမ်းခြောက်ကာ အမေရိကန်သမ္မတသည် အခွန်နှုန်း အများအပြားကို ဧပြီလ ၂ ရက်နေ့တွင် ကြေညာသည်။ ထိုအခွန်များသည် အမေရိကန်စီးပွားရေးကို လိမ်လည်မှု ရပ်တန့်စေရန်ဖြစ်သည်ဟု သမ္မတ ထရမ့်က ပြောသည်။

“ကျနော့်အမြင်အရတော့ ဒီနေ့ဟာ အမေရိကန်သမိုင်းမှာ အရေးအကြီးဆုံး ရက်တွေထဲက တနေ့ပဲ။ ဒါဟာ ကျနော်တို့ စီးပွားရေးလွတ်လပ်ရေး ကြေညာချက်ပဲ” ဟု သမ္မတ ထရမ့်က ဧပြီလ ၂ ရက်နေ့တွင် ပြောသည်။

ထိုကာလကို “လွတ်မြောက်ရေးနေ့”ဟု သူက ပြောသော်လည်း ထိုသွင်းကုန်ခွန်များသည် ကမ္ဘာ့အင်အား အနည်းဆုံး စီးပွားရေးအချို့မှ ကျယ်လောင်သော ကန့်ကွက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ သမ္မတ ထရမ့်သည် တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှု လက်ခံထားသည့် နိုင်ငံများအား မည်သည့်အခြေအနေ ဖြစ်နေသည်ဖြစ်စေ ဂရုမစိုက်ဘဲ ပစ်မှတ်ထားဖွယ် ရှိကြောင်း ကျွမ်းကျင်သူတဦးက ပြောသည်။

တရုတ် ကုန်ထုတ်လုပ်ငန်းများသည် လုပ်ငန်းကုန်ကျစရိတ် သက်သာစေရန်သာမက အခွန်များကို ရှောင်ရှားရန် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သို့ ရွှေ့ပြောင်းနေခဲ့သည်။

သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်သည့် ဒေသတွင်းသို့ လူသားချင်းစာနာမှု USAID အကူအညီများနှင့် ဖိနှိပ်သော အစိုးရများကို တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ထောက်ပံ့မှု ဖြတ်တောက်ခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံအများအပြား ရုန်းကန်နေရစဉ် ထိုအခွန်များ ချမှတ်ခြင်းဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အဆိုအရ လူဦးရေ၏ ၁၇ ဒသမ ၈ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ရသည့် ဖွံ့ဖြိုးဆဲ စီးပွားရေး ကမ္ဘောဒီးယားသည် ဒေသတွင်းတွင် အခွန်အမြင့်ဆုံး ၄၉ ရာခိုင်နှုန်း ချမှတ်ခံရသည်။ နိုင်ငံမှ စက်ရုံထက်ဝက်ကို တရုတ်ပိုင်ပြီး ထိုနိုင်ငံသည် အထည်ချုပ်နှင့် ဖိနပ်တင်ပို့မှု အလွန်များသည်။

နောက်ထပ် အဆိုးဆုံး အခွန်ရင်ဆိုင်ရသည့်နိုင်ငံမှာ စစ်အေးတိုက်ပွဲအတွင်းက အမေရိကန် ဗုံးကြဲမှု အပြင်းအထန်ခံရသည့် အရှေ့တောင်အာရှမှ လာအိုဖြစ်ပြီး ၄၈ ရာခိုင်နှုန်း အခွန်ချမှတ်ခံရသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အဆိုအရ လာအို၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

၎င်းတို့နောက်တွင် ဗီယက်နမ်က ၄၆ ရာခိုင်နှုန်း အခွန်ချမှတ်ခံရပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသော ပြည်တွင်းစစ် နှစ်များအတွင်း မတ်လ ၂၈ ရက်နေ့က ဖျက်အားပြင်း ငလျင်ဒဏ်ခံရသည့် မြန်မာနိုင်ငံကလည်း အခွန် ၄၄ ရာခိုင်နှုန်း ချမှတ်ခံရသည်။

အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားသည် အခွန် ၃၂ ရာခိုင်နှုန်း ရင်ဆိုင်ရပြီး အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် ထိုင်းနိုင်ငံသည် အခွန် ၃၆ ရာခိုင်နှုန်း ချမှတ်ခံရသည်။

အမေရိကန် ပြည်ထောင်စု၏ အဓိကပြိုင်ဘက်နှင့် ကုန်သွယ်ဖက် တရုတ်နိုင်ငံကို ယခင်ချမှတ်ပြီးသော အခွန် ၂၀ ရာခိုင်နှုန်းအပြင် တန်ပြန်အခွန် ၃၄ ရာခိုင်နှုန်းချမှတ်သည်။

အရှေ့တောင်အာရှနိုင်ငံများကို ချမှတ်သည့်အခွန်များသည် တရုတ်ကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဝါရင့်သုတေသီ ဒေါက်တာ စီဝါဂေ ဓာရ်မာ နေဂရက ပြောသည်။

“ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှားလို နိုင်ငံတွေက တရုတ် ရင်းနှီးမြှုပ်နှံမှုကို ထရမ့်အစိုးရက ပစ်မှတ်ထားတယ်လို့ ထင်တယ်။ သူတို့ ထုတ်ကုန်တွေကို ပစ်မှတ်ထားပြီး တရုတ်ပို့ကုန်နဲ့ စီးပွားရေးကို ထိခိုက်စေမယ်” ဟု ၎င်းကပြောသည်။

“တကယ့်ပစ်မှတ်က တရုတ်ဖြစ်ပေမယ့် တရုတ် ရင်းနှီးမြှုပ်နှံမှုက အလုပ်အကိုင်နဲ့ ပို့ကုန်ဝင်ငွေ ဖန်တီးပေးတော့ ဒီနိုင်ငံတွေအပေါ် လက်တွေ့ သက်ရောက်မှုက အရမ်းကြီးမယ်” ဟုလည်း ဒေါက်တာ စီဝါဂေ ဓာရ်မာ နေဂရက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံကဲ့သို့သော နိုင်ငံများအပေါ် အခွန်များသည် အမေရိကန် ပြည်ထောင်စုကို ဆိုးကျိုးဖြစ်စေပြီး ထိုအခွန်များအား မည်သို့ကျင့်သုံးမည်ကို ရှင်းလင်းစွာ မသိရကြောင်း ၎င်းကပြောသည်။

“အချို့အထည်ချုပ်နဲ့ ဖိနပ်ကုမ္ပဏီတွေဟာ Nike ဒါမှမဟုတ် Adidas လို အမေရိကန် ကုမ္ပဏီတွေပဲ။ အင်ဒိုနီးရှားမှာ စက်ရုံတွေရှိတဲ့ အမေရိကန် ကုမ္ပဏီတွေပဲ။ သူတို့လည်း အလားတူ အခွန်ရင်ဆိုင်ရမယ်” ဟု ဒေါက်တာ စီဝါဂေ ဓာရ်မာ နေဂရက ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများသည် အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစားရန် ဖိအားပေးခံရမည် ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းရေးမှူးဟောင်း စတီဖင် အော်လ်ဆန်က ပြောသည်။

“တရုတ်ဘက်ကို ပိုယိမ်းသွားတဲ့ ရလဒ်ဖြစ်နိုင်တယ်။ ခေါင်းပေါ်ကို အုတ်ခဲ တတန်လောက် ပစ်ချလိုက်တဲ့ နိုင်ငံတနိုင်ငံနဲ့ အပြုသဘော ဆက်ဆံရေးရှိဖို့တော့ ခက်တယ်” ဟု ISEAS – Yusof Ishak Institute မှ ဝါရင့် ဧည့်သုတေသီ အော်လ်ဆန်က ပြောသည်။

“ကမ္ဘာ့အကြီးမားဆုံး ကုန်သွင်းတဲ့ အမေရိကန် ပြည်ထောင်စုက နယ်စပ်မှာ စီးပွားရေး ပိတ်တယ်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ သဘောပဲ။ အခု ကျနော်တို့ ဖြစ်နိုင်ခြေရှိတဲ့ လက်တွေ့အခြေအနေ နှစ်ခုကို ရင်ဆိုင်နေရတယ်။ ထိခိုက်သွားတဲ့ ကုန်သွယ်ဖက်တွေက ထရမ့် အလျှော့ပေးရမယ်ဆိုပြီး အခိုင်အမာ ရပ်တည်ပြီး လက်တုံ့ပြန်မလား၊ ဒါမှမဟုတ် အခွန်တွေကို ရှောင်ရှားဖို့ ထရမ့်နဲ့ သဘောတူညီချက် ရအောင် လုပ်မလား ဆိုတာပဲ။ နှစ်ခုလုံးက နိဂုံးကောင်းမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

အပြင်းထန်ဆုံး ထိခိုက်သည့် အခြားနိုင်ငံများတွင် သမ္မတ ထရမ့်က “မည်သူမှ မကြားဖူး” ဟုဆိုသည့် လီဆိုသို အပါအဝင် အာဖရိက နိုင်ငံအများ အပြားပါဝင်ပြီး အခွန် ၅၀ ရာခိုင်နှုန်း ချမှတ်ခံရသည်။ မာဒါဂတ်စကာက အခွန် ၄၇ ရာခိုင်နှုန်း၊ ဘော့ဆွာနာက အခွန် ၃၇ ရာခိုင်နှုန်း ချမှတ်ခံရသည်။ တောင်အာဖရိကရှိ တောင်များ ဝန်းရံထားသည့် သေးငယ်သော တောင်တန်း ဘုရင့်နိုင်ငံ လီဆိုသိုသည် ကမ္ဘာတွင် HIV ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ၄ ဦးလျှင် ၁ ဦး HIV ကူးစက်ခံရသည်။

တောင်အာရှတွင် သီရိလင်္ကာသည် အခွန် ၄၄ ရာခိုင်နှုန်း ရင်ဆိုင်ရသည်။ ဥရောပတွင် ဆာဗီးယားသည် အခွန် ၃၇ ရာခိုင်နှုန်း ရင်ဆိုင်ရသည်။

နိုင်ငံဒါဇင် အနည်းငယ်သို့ တန်ပြန်အခွန်များ အပါအဝင် ထရမ့်သည် သွင်းကုန်အားလုံးကိုလည်း အခွန် ၁၀ ရာခိုင်နှုန်း အကြွင်းမဲ့ ချမှတ်သည်။ ထိုအခွန်သည် ဧပြီလ ၅ ရက်နေ့တွင် စတင် သက်ဝင်မည်ဖြစ်ပြီး တန်ပြန်အခွန်များသည် ဧပြီလ ၉ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ထိုအပြောင်းအလဲများသည် အမေရိကန် ပြည်ထောင်စုကို ကာလကြာမြင့်စွာ လိမ်လည်ခဲ့သည့် နိုင်ငံများကို လက်စားချေခြင်း ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က အကြောင်းပြသည်။

သို့သော် ထိုသို့ သိမ်းကျုံးပြီး အပြောင်းအလဲလုပ်ခြင်းသည် ကုန်ဈေးနှုန်းများတက်စေကာ အလုပ်အကိုင်များကို ခြိမ်းခြောက်ပြီး စီးပွားတိုးတက်မှု နှေးစေကြောင်း၊ အမေရိကန် ပြည်ထောင်စုက ဦးဆောင်ဦးရွက်ပြုပြီး ဆယ်စုနှစ်များစွာ ရှေ့တန်းတင်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်မှ အထီးကျန်စေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

“ဒါက လောင်စာ ပိုပေး မောင်းနှင်တယ်လို့ပြောပြီး ကမ္ဘာ့စီးပွားရေး အင်ဂျင်ကို ဖျက်ဆီးတာပဲ” ဟု ကမ္ဘာ့ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်း deVere Group မှ အမှုဆောင်အရာရှိချုပ် နစ်ဂယ် ဂရင်းက ပြောသည်။

“ပကတိအခြေအနေက တုန်လှုပ်စရာကောင်းတယ်။ ဒီအခွန်တွေက ဖုန်းကနေ အစားအစာအထိ နေ့စဉ်သုံးပစ္စည်းတွေကို ဈေးနှုန်းမြင့်တက်စေပြီး ငွေကြေးဖောင်းပွမှု ဆက်တိုက် မြင့်မားနေချိန်မှာ ထပ်မံ မြင့်မားစေမယ်” ဟု ၎င်းက ပြောသည်။

ကိုးကား ။ ။ The Guardian သတင်း Asian countries riven by war and disaster face some of steepest Trump tariffs

You may also like these stories:

“ကမ္ဘာ့လူသားချင်းစာနာမှု အကူအညီ အများစု အမေရိကန် မထောက်ပံ့နိုင်တော့” ဟု ရူဘီယို ပြော

မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)

ထရမ့်တို့ ကမ္ဘာပတ်လို့ မွှေလေပြီ

ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ

]]>
ပူတင်၊ တာလီဘန်နှင့် ရှီကျင့်ဖျင် ရပ်ဝန်းနှင့်လမ်း ညီလာခံတွင် တွေ့ဆုံ https://burma.irrawaddy.com/news/2023/10/17/375499.html Tue, 17 Oct 2023 12:54:27 +0000 https://burma.irrawaddy.com/?p=375499 ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တာလီဘန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့တို့သည် တရုတ်က ယနေ့ စတင်ကျင်းပသည့် နှစ်ရက်ကြာ တတိယအကြိမ် ရပ်ဝန်းနှင့်လမ်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (BRF) တက်ရောက်ရင်း ဘေဂျင်းတွင် တွေ့ဆုံကြသည်။]]>

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တာလီဘန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့တို့သည် တရုတ်က ယနေ့ စတင်ကျင်းပသည့် နှစ်ရက်ကြာ တတိယအကြိမ် ရပ်ဝန်းနှင့်လမ်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (BRF) တက်ရောက်ရင်း ဘေဂျင်းတွင် တွေ့ဆုံကြသည်။

ယခုနှစ် အစောပိုင်းက တောင်အာဖရိကတွင် ကျင်းပသည့် BRICS ထိပ်သီးဆွေးနွေးပွဲနှင့် စက်တင်ဘာလက အိန္ဒိယတွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးများ တက်ရောက်ခြင်း မရှိသော သမ္မတ ပူတင်သည် ယူကရိန်းမှ ကလေးငယ်များကို တရားမဝင် ပြည်နှင်ဒဏ်ပေးသည်ဆိုသည့် စွပ်စွဲချက်များအတွက် ယခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်အခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ဆိုဗီယက်ယူနီယံ ပြင်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာဇက်စတန်တွင် ပြောကြားသည့် မိန့်ခွန်းတခုတွင် ဗဟိုအာရှနိုင်ငံများနှင့် ပိုးလမ်းစီးပွားရေး ရပ်ဝန်း တည်ဆောက်ရေး အဆိုပြုသည်။

ရာစုနှစ်၏ စီမံကိန်းဟုခေါ်သည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) တွင် ထိုနှစ်များအတွင်း နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်သည်။ ထိုစီမံကိန်းတွင် တရုတ်နှင့် ကျန်တကမ္ဘာလုံးကို ဆက်သွယ်မည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်များ တည်ဆောက်ရန် ရည်ရွယ်ပြီး ဆိပ်ကမ်းများ၊ လမ်းများ၊ ရထားလမ်းများ၊ လေဆိပ်များနှင့် အခြား အခြေခံ အဆောက်အအုံများ ပါဝင်သည်။

BRF သည် BRI တွင် ပါဝင်သည့် နိုင်ငံများကို စုစည်းပေးသည်။ ပထမဆုံးအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ်က ကျင်းပပြီး ဒုတိယအကြိမ် ညီလာခံကို ၂၀၁၉ ခုနှစ်တွင် ကျင်းပပြီးနောက် တတိယအကြိမ် ညီလာခံသည် ကိုဗစ်နိုင်တင်းကြောင့် နှောင့်နှေးနေသည်။

တတိယအကြိမ် ညီလာခံကို ၂၀၂၃ ခုနှစ်၊ မတ်လကပင် စီစဉ်နေပြီး ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ထိုညီလာခံသည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အဓိက သံတမန်ရေး အခမ်းအနားတခုဖြစ်ကြောင်း မီဒီယာနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

တတိယအကြိမ် BRF သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းတပုဒ်အရ သိရသည်။

ယခုနှစ် BRF သို့ တက်ရောက်မည့် ခေါင်းဆောင်များတွင် ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မနက်၊ ပါကစ္စတန် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အန်နဝါ အူ ဟက် ကာကာ၊ ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်၊ ကင်ညာ သမ္မတ ဝီလျံ ရူတို၊ အီသီယိုပီးယား ဝန်ကြီးချုပ် အဘေး အာမက်နှင့် ဆာဗီးယား သမ္မတ အလက်ဇန္ဒား ဗူးဆစ်နှင့် အခြားသူများ ပါဝင်သည်။

ထိုညီလာခံတွင် တာလီဘန် တက်ရောက်ခြင်းသည် ၂၀၂၁ ခုနှစ်က ကဘူးတွင် အာဏာ ပြန်လည်သိမ်းပြီး နောက်ပိုင်း နိုင်ငံတကာတရားဝင် အသိအမှတ်ပြုခြင်း မရှိသော်လည်း တာလီဘန်နှင့် ဘေဂျင်းအကြား ကြီးထွားလာသည့် တရားဝင်ဆက်ဆံရေးကို ဖော်ပြသည်။

မှတ်သားစရာကောင်းသောအချက်မှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဏာ ပြန်လည် သိမ်းယူခြင်း မပြုမီ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် တာလီဘန်အဆင့်မြင့် အရာရှိများသည် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ သံအမတ်သစ် ခန့်ခဲ့သည်။

BRF အပြင် သမ္မတ ရှီသည် ဘုံအနာဂတ်ရှိသော တရုတ်-ဗဟိုအာရှ လူမှုသိုက်အဝန်း တည်ထောင်ရေးကိုလည်း မေလက ကျင်းပသော အဓိကကျသည့် ဗဟိုအာရှ ခေါင်းဆောင်များနှင့် C+C5 ထိပ်သီးဆွေးနွေးပွဲ ကဲ့သို့သော အခြားသော သံတမန် အခမ်းအနားများတွင် အလေးထား ပြောသည်။

BRF နှင့် ပတ်သက်သည့် သတင်းဆိုးများ မကြာသေးမီက ထွက်ပေါ်လာသော်လည်း တရုတ်က ထိုစီမံကိန်းကို ဆက်လက် ထောက်ခံကြောင်း ကမ္ဘာကို သတိပေးရန် အားထုတ်မှု ဖြစ်သည်ဟု Shiv Nadar Institution of Eminence မှ နိုင်ငံတကာဆက်ဆံရေးနှင့် အုပ်ချုပ်မှုလေ့လာရေးဌာန တွဲဖက်ပါမောက္ခ ဂျဘင် တီ ဂျက်ကော့က ရှင်းပြသည်။

ထို့ပြင် BRF သည် သမ္မတ ပူတင်နှင့် အခြားသူများ အပါအဝင် ခေါင်းဆောင်များကို စုဝေးပြီး အနောက်နိုင်ငံများ သို့မဟုတ် နိုင်ငံတကာ ဥပဒေ၏ ကျေးဇူး ခံကျေးဇူးစား မဟုတ်သော မဏ္ဍိုင်တခုအဖြစ် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ထူထောင်ရန် ဖြစ်ကြောင်း တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

“တောင်တရုတ် ပင်လယ်မှာ နိုင်ငံတကာဥပဒေ အကြိမ်ကြိမ် ချိုးဖောက်တာနဲ့အတူ ICC ဖမ်းဝရမ်းကို လျစ်လျူရှုပြီး ပူတင် တက်ရောက်စေတာဟာ နိုင်ငံတကာဥပဒေကို ခေတ်နဲ့ မကိုက်ညီကြောင်းနဲ့ အနောက် အင်အားကြီးနိုင်ငံတွေရဲ့ ဥပဒေတခု သက်သက်သာ ဖြစ်ကြောင်း ပြသဖို့ အရေးပါတဲ့ စုပေါင်းလှုပ်ရှားမှု ဖန်တီးရေး ဘေဂျင်းရဲ့ အကျိုးစီးပွားကို ပြသနေတယ်” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် တာလီဘန်အဆင့်မြင့် အရာရှိများသည် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံစဉ်

ထိုသို့ လုပ်ဆောင်လိုက်သောကြောင့် တရုတ်သည် လက်ရှိ ကမ္ဘာ့စနစ်တွင် အခြား ရွေးချယ်စရာဖြစ်သည်ဆိုသည့် ပုံရိပ်ကို ဖြစ်စေပြီး အနောက်နိုင်ငံများ၏ စည်းမျဉ်းများနှင့် မတူညီသည့် တရုတ်၏ ကမ္ဘာ့စနစ်သစ်ကို ဖြစ်ပေါ်စေသည်ဟု ၎င်းက ရှင်းပြသည်။

တချိန်တည်းတွင် ထိုညီလာခံသည် တရုတ်သမ္မတအတွက် အမျိုးသား ပုံရိပ်သစ်ကို ကူညီ ဖန်တီးပေးကြောင်း ဂျဝါဟာလာ နေရူးတက္ကသိုလ်၊ အရှေ့အာရှလေ့လာရေးဌာန တွဲဖက် ပါမောက္ခ ရီတူ အဂ္ဂါဝယ်က ပြောသည်။

“ဒီညီလာခံက အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ရှီကျင့်ဖျင် အနေနဲ့ BRF အောင်မြင်မှုနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဆွေးနွေးပွဲတွေမှာ ပါဝင်စေနိုင်တယ်ဆိုပြီး ပြည်တွင်းမှာ ပုံရိပ် ပြန်လည် တည်ဆောက်လို့ ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိကမ္ဘာ့စနစ်၏ အစားထိုး

လွန်ခဲ့သော သုံးနှစ်အတွင်း ကြေညာခဲ့သည့် သမ္မတ ရှီ၏ သီးခြားအစီအစဉ် သုံးခုဖြစ်သော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (GDI)၊ ကမ္ဘာ့လုံခြုံရေး အစီအစဉ် (GSI) နှင့် ကမ္ဘာ့ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အစီအစဉ် (GCI) တို့သည် တရုတ်၏ BRI ရည်မှန်းချက်များနှင့် အတိအကျ ဆက်စပ်နေသည်ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

ထိုအစီအစဉ် သုံးခုသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ရှိနေသည့် စည်းမျဉ်းအခြေပြု အနောက်တိုင်း ကျောထောက်နောက်ခံပြု လက်ရှိ နိုင်ငံတကာစနစ်ကို အစားထိုးရန်အတွက် ဘေဂျင်းက ရှေ့တန်းတင်နေသည့် အယူအဆ သုံးခုဖြစ်သည်ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

GCI သည် တရုတ်နှင့် ရှီနှင့်ပတ်သက်သည့် လုပ်ဇာတ်သစ်ကို ဖန်တီးရန် သီးသန့်ရည်ရွယ်ကြောင်း တွဲဖက် ပါမောက္ခ အဂ္ဂါဝယ်က ပြောသည်။

“GCI ဟာ တရုတ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသမိုင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှု တန်ဖိုးတွေကို အခြေခံတဲ့ ကမ္ဘာ့စနစ်သစ် ဖန်တီးဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်နဲ့ တရုတ်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဇာတ်လမ်း ပြောပြဖို့ ကြိုးစားမှုဖြစ်တယ်။ ဝင်ရောက် မစွက်ဖက်ရေးနဲ့ ငြိမ်းချမ်းသော ဘေဂျင်းဆိုတဲ့ ရှီ ရဲ့ ရည်မှန်းချက်ကို တွန်းအားပေးဖို့နဲ့ ကမ္ဘာ့လက်ရှိ ဇာတ်လမ်းအမြင်ကို ပြန်လည် ရေးသားဖို့ဖြစ်တယ်” ဟု ၎င်းကပြောသည်။

မစ္စတာ ချင်ကန်းကဲ့သို့သော ဝန်ကြီးများကို အစားထိုးရသည့် ရှီ၏ နွေရာသီ မကျေလည်မှုနှင့် လက်ရှိတရုတ် စီးပွားရေး ပြဿနာများ နောက်ပိုင်းတွင် BRF သည် ရှီ၏ ပြည်တွင်း ဦးဆောင်မှု ပြန်လည် ရရှိရေး စီမံကိန်းလည်း ဖြစ်သည်ဟု တွဲဖက်ပါမောက္ခများ ဖြစ်ကြသည့် ဂျက်ကော့နှင့် အဂ္ဂါဝယ် တို့က ယူဆသည်။

“ဆင်းရဲနွမ်းပါးမှုနဲ့ စစ်ကို အနောက်တိုင်းက ဘယ်လို တင်ပို့တယ်ဆိုတာနဲ့ တရုတ်က BRI ကနေတဆင့် စီးပွားရေးနဲ့ ယဉ်ကျေးမှု တိုးတက်ရေး တင်ပို့တဲ့ လုပ်ရပ်တွေကို နှိုင်းယှဉ် ပြောကြား တိုက်ခိုက်မယ့် ရှီ ကို မျှော်လင့်ထားပါ” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

သို့သော် တရုတ်က BRI ကို တင်ပို့စဉ် ၎င်းဖန်တီးသည့် သက်သေပြပြီးသော ကျင့်ဝတ်ဆိုင်ရာ အန္တရာယ်များလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။

“စိတ်စွမ်းအား သက်သက်နဲ့ နိုင်ငံတခုကို ပြောင်းလဲနိုင်တဲ့ သြဇာကြီးမားတဲ့ ခေါင်းဆောင်တဦး ရှိရမယ်ဆိုတဲ့ တရုတ်ပုံစံက ဘေဂျင်းက ရည်ရွယ်ချက်ရှိရှိ အားပေးနေတဲ့ ပုံစံဖြစ်ပြီး ဆိုးကျိုးတွေ ရှိနေတယ်” ဟု တွဲဖက်ပါမောက္ခ ဂျက်ကော့က ပြောသည်။

သီရိလင်္ကာနိုင်ငံသည် ဥပမာ တခုဖြစ်ပြီး ထိုနိုင်ငံတွင် တရုတ်သည် မဟိန္ဒာ ရာဂျာပက်စကာ ကဲ့သို့သော သြဇာကြီးသည့် ခေါင်းဆောင်များကို အားပေးခဲ့သော်လည်း နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်လာသောအခါ ဆိုးကျိုးများဖြစ်စေသည်ဟု ၎င်းကရှင်းပြသည်။

“ဒီမိုကရေစီဟာ လက်ရှိကမ္ဘာ့စနစ်က အားပေးနေသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ တိုးတက်ဖို့ တခုတည်းသော အဖြေမဟုတ်ဘူးဆိုတာ ကမ္ဘာကို ပြသဖို့ တရုတ်နိုင်ငံဟာ သူ့ရဲ့ သြဇာနဲ့ ယဉ်ကျေးမှုတန်ဖိုးကို ထူထောင်နေတာဖြစ်တယ်” ဟု တွဲဖက်ပါမောက္ခ အဂ္ဂါဝယ်က ပြောသည်။

ကိုးကား ။ ။ The Print သတင်း Putin, Taliban and Xi to rub shoulders in Beijing today as China hosts 3rd Belt and Road Forum

You may also like these stories:

တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

]]>
တရုတ်၏ ကတိကဝတ်ကို စိန်ခေါ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်း https://burma.irrawaddy.com/article/2023/01/11/257222.html Wed, 11 Jan 2023 05:26:37 +0000 https://burma.irrawaddy.com/lytbox/?p=257222 လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်က  / Facebookအပေါ်ယံကြည့်လျှင် တရုတ်သည် စီမံကိန်းများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ဆောင်နေကြောင်း အများကို မြင်စေလိုသည်။]]> လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်က  / Facebook

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းကို “အဆင့်အတန်းမြင့်မြင့် ပူးပေါင်း အကောင်အထည် ဖော်မည်” ဟူသော ကတိစကားနှင့် တရုတ်နိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် လက်ပံတောင်းဒေသရှိ အငြင်းပွားဖွယ် ကြေးနီစီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများကြောင့် အခက်ကြုံတွေ့ရနေသည်။

အပေါ်ယံကြည့်လျှင် တရုတ်သည် စီမံကိန်းများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ဆောင်နေကြောင်း အများကို မြင်စေလိုသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်စီမံကိန်းများနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်သက်ရောက်မှုများကြောင့် တရုတ်၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာ၏ စည်းမျဉ်းများနှင့် အကောင်းဆုံး အလေ့အထများကို လိုက်နာရေး လိုအပ်သည့်မူဝါဒနှင့် လမ်းညွှန်များကို ချမှတ်ရန် တရုတ်အစိုးရအား တပ်လှန့်ပေးလိုက်သည်။

တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အထူးအားဖြင့် ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းနှင့် ဆက်နွှယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ပြီး “ခေတ်သစ်၌ တရုတ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အမည်ရှိ စက္ကူဖြူ မူဝါဒစာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာတမ်းတွင် တရုတ်သည် “အပြန်အလှန် လေးစားမှုရှိသော၊ ညီညွတ်မျှတမှုရှိသော၊ တရားမျှတမှုရှိသော၊ နှစ်ဖက်စလုံးအတွက် အနိုင်ရရှိမည့် ပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တခု ထူထောင်မည် ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းမှု၊ ကမ္ဘာနှင့်အဝှမ်း လုံခြုံမှုနှင့် သာယာဝပြောမှုများ ခံစားရရှိမည့် ပွင်းလင်းသော၊ အားလုံးပါဝင်သည့် လှပ၊ သန့်ရှင်းသော ကမ္ဘာကြီးကို တည်ဆောက်မည်” ဟုဆိုပါသည်။

တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒုတိယအကြိမ် ရပ်ဝန်းနှင့်လမ်းမ ဖိုရမ်၌ သမ္မတ ရှီက မိန့်ခွန်းပြောကြားရာတွင် “ကျွန်ုပ်တို့သည် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြင့်မြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အဆင်မြင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွ မြှင့်တင်နိုင်မည်ဖြစ်သည်။”

အဆိုပါ ကြီးကျယ် မြင့်မြတ်သော စကားလုံးများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်လား။ တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများ အနေဖြင့် အဆိုပါ ကတိစကားများ တည်စေရန် ကြိုးစားအားထုတ်မှုများ ပြုလုပ်နေကြပါသလား။ ဤကဲ့သို့ မူဝါဒ အပြောင်းအလဲသည် ကြိုဆိုရမည့် အရာဖြစ်ပြီး ၎င်းကို ဖြည်းဖြည်းချင်း စတင် အကောင်အထည်ဖော်ရမည် ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ၎င်းတို့၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်သည့် ပုံစံများကြောင့် အဆိုပါ ကတိစကားများနှင့် ပတ်သက်၍ မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့သည်။

တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း / Google Earth

မြန်မာနိုင်ငံတွင် တရုတ်က စစ်တပ်ကို အထောက်အပံ့ ပေးခြင်းအားဖြင့် ပဋိပက္ခတွင် မီးထိုးပေးနေခြင်းမှာ ၎င်းတို့၏ “ထာဝရ ငြိမ်းချမ်းရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကောင်းမွန်သော အလေ့အထများကို လိုက်နာရန် တရုတ်စီးပွားရေး လုပ်ငန်းများစွာ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ “အဆင်မြင့် ပူးပေါင်းဆောင်ရွက်ရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

ပဋိပက္ခကို မီးထိုးပေးနေသလား

လက်ပံတောင်း ကြေးနီစီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းမ၏ မူဘောင်အောက်ရှိ စီမံကိန်းတခု ဖြစ်သည်ဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှု အများဆုံးဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီစီမံကိန်းနေရာတွင် မကြာမီက ဖြစ်ခဲ့သော အကြမ်းဖက် ရက်စက်မှုများက စီပွားရေးလုပ်ငန်းများသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့် သော်လည်းကောင်း မည်သို့ ပါဝင်ပတ်သက်နေသည်၊ ဖြစ်ပေါ်စေသည်ကို ထင်ဟပ်စေသည်။ တရုတ်၏ လက်နက်ထုတ်လုပ်သည့် NOEINCO ၏ အခွဲဖြစ်သော ဝမ်ပေါင်သတ္တုကုမ္ပဏီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အငြင်းပွားဖွယ် လက်ပံတောင်း ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စစ်တပ်နှင့် ဦးပိုင်ကုမ္ပဏီကို လက်ပံတောင်း ကြေးနီစီမံကိန်းမှ အမေရိကန် ဒေါ်လာ ၄၁၇ သန်း ဝင်ငွေရှာပေးခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းသည် အခြား တရုတ် သတ္တုစီမံကိန်းများ ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းနှင့် တကောင်းတောင် သတ္တုတွင်းတို့မှ ရရှိသော ဝင်ငွေများပါ ပေါင်းပါက စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၂၅ သန်း ပမာဏရှိသည်။ စစ်တပ်သည် လက်နက်များဝယ်ယူ၍ ၎င်းတို့၏ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် မြန်မာပြည်သူများကို စစ်ထိုးလျက်ရှိရာတွင် အဆိုပါ ဝင်ငွေသည် များစွာအထောက်အပံ့ ဖြစ်သည်။

ထို့အတွက်ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စစ်တပ်၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ကြရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ဝမ်ပေါင်ကုမ္ပဏီ၊ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းကို လုပ်ဆောင်နေသည့် ယန်စီကုမ္ပဏီ တို့ကို ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းများရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။

အဆိုပါ သတိပေးချက်ကို တုံ့ပြန်သည့် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့၏ ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့၏ စီမံကိန်းများနှင့် ပတ်သက်၍ မကြာသေးမီက ကောလာဟလများ၊ အထင်အမြင်လွဲမှားမှုများနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်” ဟု ဖော်ပြပါရှိသည်။ ဖေဖော်ဝါရီလ ၂၀၁၂ ခုနှစ်မှစ၍ သတ္တုတွင်းကိုလည်း ပိတ်ထားသည်ဟု ဆိုသည်။

အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။

သို့ရာတွင် ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။ “အပြည့်အဝ မလည်နိုင်ဘူး။ အကြွင်းအကျန်လေးတွေနဲ့ လည်နေတာပေါ့။ စက်ရုံကလည်း ရပ်လို့ မရဘူး။ ရပ်ရင် ပျက်မှာလေ။ အဲဒါကြောင့် တချို့အပိုင်းလေးတွေ လည်ပတ်နေတာတော့ရှိတယ်” ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းကို ကိုကား၍ Myanmar Now တွင် ဖော်ပြခဲ့သည်။

ဝေဖန်သူများက ဝမ်ပေါင်၏ တုံ့ပြန်ချက်သည် ကိုးရိုးကားရားနိုင်လှပြီး ရိုးသားမှုမရှိဘဲ ခုခံပြောဆိုနေခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။ ၎င်းတို့အနေဖြင့် စစ်တပ်ကို ထောက်ပံ့ပေးနေမှု၊ စစ်တပ်နှင့် စီးပွားရေး ဆက်နွှယ်မှုတို့အပေါ် ဒေသခံများ၏ စိုးရိမ်မှုကို တုံ့ပြန်ရန် ကြိုးစားအားထုတ်ရမည့်အစား အဆိုပါ စိုးရိမ်မှုများကို အရေးမပါသကဲ့သို့ လျစ်လျူရှုပယ်ချခဲ့သည်။

လွတ်လပ်သော အာရှအသံ (RFA) မှ ဒေသခံများနှင့် မေးမြန်းချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ ဝမ်ပေါင်သည် စစ်တပ်၏ တပ်ဖွဲ့တချို့ကို ၎င်းတို့ ကုမ္ပဏီဝင်းထဲတွင် တပ်စွဲထားစေပြီး ရိက္ခာထောက်ပံ့မှုများ ရှိသည်။ စစ်တပ်မှ ဖွဲ့စည်းပေးထားသော လက်နက်ကိုင် ပြည်သူ့စစ် ပျူစောထီးအဖွဲ့ကို အဆိုပါဝင်းထဲ၌ပင် သင်တန်းပေးသည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အတွင်း လက်ပံတောင်း စီမံကိန်းဒေသတဝိုက်ရှိ ရွာပေါင်း ၄၀ ကို ဝင်ရောက်စီနင်းခဲ့သောကြောင့် ရွာသား ၂၀,၀၀၀ ခန့် ထွက်ပြေးနေခဲ့ရသည်။ အိမ်များစွာလည်း မီးရှို့ခံခဲ့ရသည်။

ရွာသား ကိုးယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး အချို့မှာ ပျောက်ဆုံးနေသည်။ အဆိုပါ အကြမ်းဖက် နှိပ်စက်မှုများကြောင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၂ ရက်တွင် ကြေးနီဝင်းထဲ၌ စခန်းချထားသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၂၄ ရက်တွင် ဝမ်ပေါင်ကို အဓိက မီးပေးနေသည့် ဓာတ်အားလိုင်းကို ဖောက်ခွဲခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် ဝမ်ပေါင်က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနှင့် ပဋိပက္ခတွင် သူတို့ပါဝင်လိုခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့ဝင်းထဲတွင် နေရာပေး၊ အထောက်အပံ့ ပေးထားသော စစ်တပ်သည် ဒေသခံများကို တိုက်ခိုက်လျက်ရှိသောကြောင့် ၎င်းတို့သည် စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများတွင် ပါဝင်ပတ်သက်နေသည်။ ထောက်ပံ့နေခြင်း ဖြစ်သည်။

ပဋိပက္ခတွင် တရုတ်တို့သည် ဒေသတွင်းသာမက နိုင်ငံအဆင့်တွင်ပါ ပါဝင်သည်။ တရုတ်သည် မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့သည့် အဓိကနိုင်ငံတခုဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော တရုတ်အစိုးရပိုင် NOEINCO သည် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ထောက်ပံ့နေကြသူများတွင် အပါအဝင်ဖြစ်သည်။ ၎င်းစစ်လက်နက်များဖြင့် စစ်တပ်သည် တကျော့ပြန် အာဏာမသိမ်းမီကပင် တိုင်းရင်းသားဒေသများတွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် မှုခင်းများကို ကျူးလွန်နေခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ထို့အပြင် တိုင်းရင်းသားဒေသများတွင် တရုတ်၏ တရားမဝင် စီးပွားရေးလုပ်ငန်းများက စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ သဘာဝ သယံဇာတ တူးဖော် အမြတ်ထုတ်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် ဆိုးကျိုး သက်ရောက်စေသည်သာမက စစ်တပ်နှင့် ပြည်သူ့စစ်ကို ဝင်ငွေရှာပေးနေခြင်း ဖြစ်သောကြောင့် ပဋိပက္ခကို မီးထိုးပေးရာရောက်သည်။

စစ်တပ်နှင့် ပူးပေါင်းကြံစည်ခြင်းလား

လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် HRDD ကဲ့သို့သော နိုင်ငံတကာ၏ အကောင်းဆုံး အလေ့အထများကို လိုက်နာရန် ပျက်ကွက်သည့်အပြင် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေခြင်းသည် တရုတ်၏ “အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ကတိစကားနှင့် မူဝါဒတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လက်ပံတောင်း စီမံကိန်းသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာမည်ဆိုလျှင် သူတို့အနေဖြင့် ထိခိုက်ခံစားရသည့် ဒေသခံများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ကျွမ်းကျင်သူများနှင့် အဓိပ္ပာယ်ရှိစွာ ဆွေးနွေးခြင်းဖြင့် HRDD ကို ပြုလုပ်သင့်သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် မြင်တွေ့ရသည့် ဆန္ဒပြသူများ / ဧရာဝတီ

မိမိတို့၏ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး ပါတနာများကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်မှုများကို ရှာဖွေဖော်ထုတ်ရန်၊ ဟန့်တားလျှော့ချနိုင်ရန် HRDD ပြုလုပ်ဖို့ လိုအပ်ပါသည်။ ၎င်းတို့အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်နိုင်ခြေရှိသည်များကို ရှောင်ရှားရန်နှင့် လျှော့ချရန် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်၊ ချိုးဖောက်မှုများရှိလျှင် မည်ကဲ့သို့သော ကုစားမှုများ လုပ်ဆောင်နေသည်ကို ဒေသခံပြည်သူများနှင့် အခြား ဆက်စပ်ပတ်သက်သူများကို ချပြရန်လိုအပ်ပါသည်။

HRDD စံနှုန်းများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်မူဘောင်များ UNGPs တွင် ချမှတ်ထားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ ပဋိပက္ခ သက်ရောက်သော အန္တရာယ်ရှိသည့် ဒေသများရှိ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ၊ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်တွင်လည်း ဖော်ပြထားပါသည်။ တရုတ်၏ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ အလေးထားလုပ်ဆောင်ရမည့် Due Diligence လမ်းညွှန်များသည် UNGP နှင့် OECD ၏ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်များကို အခြေခံထားပါသည်။ မြန်မာနိုင်ငံကဲ့သို့သော လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သော အခြေအနေများတွင် HRDD ကို အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြသော်လည်း ဝမ်ပေါင်နှင့် အခြား တရုတ်ကုမ္ပဏီများ အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း အရိပ်အယောင် မတွေ့ရပေ။

HRDD လုပ်ရမည့်အစား ဝမ်ပေါင်၏ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အလုပ်သမားများနှင့် ရပ်ရွာ ကောင်းကျိုးအတွက် မည်သို့အထောက်အပံ့များ ပေးနေသည်ကို ဖော်ပြထားသည်။ ၎င်းတို့၏ ရပ်ရွာလူထု လူမှုတိုးတက်ရေး စီမံကိန်း CSD သည် ကျန်းမာရေး၊ ပညာရေးနှင့် သက်သာချောင်ချိရေး အစီအစဉ်များမှတဆင့် ရပ်ရွာလူထုအနေဖြင့် မည်သို့အကျိုးခံစားရသည်ကို အသေးစိတ် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် ရဲက မီးခိုးဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဒဏ်ရာ ရရှိခဲ့ကြပြီးနောက်၂၀၁၂ ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့သော လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် CSD စီမံကိန်းများကို လုပ်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်းစတင်စဉ်ကပင် မြေယာပြဿနာများ၊ လျော်ကြေးပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့် ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးထိခိုက်ရခြင်း အစရှိသည်တို့ကြောင့် ဒေသခံများ စဉ်ဆက်မပြတ် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ဆန္ဒပြမှု ဖြိုခွင်းခံရသောကြောင့် ရွာသူတယောက် သေနတ်မှန် သေဆုံးခဲ့ရပြီး အခြားသူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မကြာသေးမီ အချိန်အထိ မကျေလည်မှုများ အားလုံး မဖြေရှင်းနိုင်သေးဘဲ မြေယာပြဿနာနှင့် လျော်ကြေးကိစ္စများ ကျန်ရှိနေသေးသည်။ စီမံကိန်း စတင်စဉ်က သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိခဲ့ခြင်းသည် လူမှုဘဝ အခက်အခဲ မကျေလည်မှုများနှင့် ကြုံတွေ့ရသည့် အကြောင်းခံဖြစ်သည်။

အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။

စီမံကိန်းစတင်စဉ်က သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA, SIA) နှင့် လူ့အခွင့်အရေး သက်ရောက်မှုအပေါ် ဆန်းစစ်ခြင်း (HRIA) အစရှိသော လိုအပ်သည့် ဆန်းစစ်မှုများ ပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး စီမံကိန်းများ၊ အသက်မွေးဝမ်းကြောင်း ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများ၊ မကျေလည်မှု တိုင်တန်းသည့် ယန္တယားများ အစရှိသော စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများ ချမှတ်မည်ဆိုပါက မကျေလည်မှုများ၊ ပြဿနာများ မဖြစ်ပေါ်လာအောင် တားဆီးနိုင်မည် ဖြစ်သည်။ ဖြစ်ပေါ်လာပါကလည်း ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။ လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် နောက်ပိုင်း၌ EIA ကို ပြုလုပ်ခဲ့သော်လည်း အစပိုင်းက မပြုလုပ်ခဲ့ခြင်းကြောင့် မကျေလည်မှုများ ကြီးထွားလာခဲ့ရသည်။

ဝေဖန်သူများက တရုတ်၏ စီးပွားရေး လုပ်ပုံကိုင်ပုံသည် “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အကျင့်ပျက်ခြစားသည့်၊ အာဏာရှင် အစိုးရများနှင့် စပ်ဆက်နေသည့် ဒေသခံကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ထောက်ပြကြသည်။

လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။

ဝမ်ပေါင်၏ ထုတ်ပြန်ချက်တွင် များစွာသော ရပ်ရွာလူထုသည် ၎င်းတို့၏ CSR အစီအစဉ်မှ အကျိုးအမြတ် ရရှိနေသည်ဟု ဆိုသော်လည်း ဤသည်မှာ စစ်တပ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပူးပေါင်းပါဝင်ခြင်းအတွက် ဆင်ခြေပေးရန် မဟုတ်ပါ။ နောက်ဆုံးရ RFA သတင်းများအရ လက်ပံတောင်းဒေသရှိ ဖောင်းခါး၊ ရွှေလှဲနှင့် ကျောက်ဖြူဒိုင် အပါအဝင် ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီးပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး အကုန်အကျခံ စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကုမ္ပဏီက ထုတ်ပြန်ထားသည်ဟု ဆိုသည်။

သို့ရာတွင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်များက စီမံကိန်းအနီးအနားရှိ ရွာများအတွင်း ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာပေါင်း ကိုးရွာမှ ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးနေရသည်။ ဤသည်မှာ ဝမ်ပေါင်သည် CSR ဖြင့် စစ်တပ်၏ အကြမ်းဖက် နှိပ်စက်မှုများတွင် ပါဝင်နေမှုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် လုပ်ရပ်တခုဖြစ်သည်ကို တွေ့ရှိရသည်။

လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ဦးဆောင်၍ ကျင်းပသည့် မဲခေါင်ဒေသနိုင်ငံများ ပါဝင်သည့် လန်ချန်-မဲခေါင် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပခြင်း၊ စစ်ကောင်စီက ၂၀၂၃ တွင် ကျင်းပမည် ဆိုသော ၎င်းတို့ အာဏာရရန် ရည်ရွယ်ထားသည့် အလိမ်အညာ ရွေးကောက်ပွဲကို ထောက်ခံခြင်း အပါအဝင် စစ်ကောင်စီကို တရားဝင်စေမည့် လုပ်ဆောင်မှုများကို တရုတ်က ထောက်ခံအားပေးကြောင်း ပြသခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် တိုက်တွန်းကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းသည် ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဆောင်ရွက်ချက် ဖြစ်သည်။ လုံခြုံရေးကောင်စီ တိုက်တွန်းချက် ပေါ်ထွက်လာရန် ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့ပြီး ယခုတခေါက်တွင် တရုတ်က ခါတိုင်းကဲ့သို့ ကန့်ကွက်မဲ မပေးခဲ့သော်လည်း အခြား စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သော ရုရှား၊ အိန္ဒိယတို့နှင့်အတူ မဲမပေးဘဲ ကြားနေခဲ့သည်။ အဆိုပါ တိုက်တွန်းချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က ဘဝင်မကျကြောင်း Global Times သတင်းစာကို ပြောဆိုခဲ့သည်။

တရုတ်တို့အနေဖြင့် လုံခြုံရေးကောင်စီ၌ ခေတ်အဆက်ဆက် မြန်မာပြည်အရေး ဖိအားပေးမည့် တောင်းဆိုချက်များကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာမှ ယခုတခေါက် မကန့်ကွက်ဘဲ ကြားနေခဲ့သည်မှာ တိုးတက်မှုဟု ဆိုနိုင်သော်လည်း ၎င်းအနေဖြင့် ပြောင်းလဲလာသော ပြည်တွင်းပြည်ပ အခြေအနေများနှင့် ၎င်းတို့ မြန်မာပြည်သူများကို ဆန့်ကျင်၍ စစ်တပ်အပေါ် ထောက်ခံမှုများ လုပ်နေသည်ကို ဝေဖန်မှုများ မြင့်တက်နေခြင်းတို့ကြောင့် ယခုတကြိမ်တွင် ဆိတ်ဆိတ်နေခဲ့ခြင်းဟု သုံးသပ်ရသည်။ သို့ရာတွင် မတတ်သာ၍ ဤကဲ့သို့ နေရကြောင်း လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး တရုတ်၏ မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားချက်အရ သိသာပါသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူများနှင့် အဓိပ္ပာယ် ပြည့်ဝစွာ ဆွေးနွေးတိုင်ပင်မှုများ မရှိဘဲ တရုတ်၏ ရပ်ဝန်းနှင့်လမ်းမစီမံကိန်းနှင့် ဆက်နွှယ်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်ရှိ စီးပွားရေးစီမံကိန်းများ အရှိန်မြှင့်လာခြင်း၊ တိုင်းရင်းသားဒေသများတွင် တရုတ်စီးပွားရေး လုပ်ငန်းများ ပါဝင်သည့် တရားမဝင် သယံဇာတ တူးဖော်ခြင်းများ အရှိန်မြှင့်လာခြင်းနှင့် လက်ပံတောင်းစီမံကိန်းဒေသရှိ လက်ရှိ အဖြစ်အပျက်များက တရုတ်အာဏာပိုင်များ၏ ကတိစကားဖြစ်သော “ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ သန့်ရှင်း လှပသည့် ကမ္ဘာတခု” သည် အလှအပစကား သက်သက်သာဖြစ်နေသည်လားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

(ကော်ပိုရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ (Corporate Accountability Myanmar – CAM) သည် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ရန် ၂၀၂၀ မှ စတင်ဖွဲ့စည်းခဲ့သည့် သုတေသီ အဖွဲ့တဖွဲ့ ဖြစ်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း

တရုတ်ကြေးနီ စီမံကိန်းဝန်ထမ်း အချို့အား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်လာ

ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ

မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ

ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို

စစ်တပ်နှင့် ဆက်ပေါင်းပါက တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရနိုင်ဟု သမ္မတ ရှီကျင့်ဖျင်ထံ စာပို့

]]>