ဧရာဝတီ ၊ အောက်တိုဘာ ၁၅ ၊ ၂၀၁၈
တခုတည်းသော တပ်မတော်မူကို လက်ခံသော်လည်း တပ်မတော်ကို ဖွဲ့စည်းရာမှာ လူတဦး တယောက်တည်းရဲ့လက်ထဲမှာ ချုပ်ကိုင်ထားတဲ့ ပုံစံမျိုးကို မလိုချင်ဘဲ အာဏာသိမ်းယူတာမျိုး မရှိတဲ့ ဒီမိုကရေစီ တပ်မတော်မျိုး ထူထောင်ရမယ်လို့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေ တက် ရောက်ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးရာမှာ ကြန့်ကြာနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနဲ့ တပ်မတော်ဆိုင်ရာ ကိစ္စရပ်တွေ ပြေလည်သွားဖို့ ၂ ဖက်စလုံးက မျှော်လင့်နေကြပါတယ်။
ရိုက်ကူး – ကျော်မျိုး၊ ထက်နိုင်ဇော်











