ကျမ်းပြုဆရာတော်တပါးဖြစ်တဲ့ ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ ၂၀၁ နှစ်မြောက် မွေးနေ့ကို ဆရာတော် ရှင်သာမနေဘဝအစက သတင်းသုံးခဲ့တဲ့ ရွှေတောင်မြို့နယ် ကျီးသဲရွာက ရွာသာကျောင်းမှာ နိုဝင်ဘာ ၁ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆရာတော်ဟာ သက်တော် ၇၇ နှစ်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဆရာတော်ရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရတဲ့အနေနဲ့ ဆရာတော် ပျံလွန်တော်မူပြီးနောက်ပိုင်းမှာလဲ မွေးနေ့ပွဲတွေကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။