နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ရုန်းရင်းဆန်ခတ် ဖြစ်စေရန် ကြံရွယ်သောသဘောဖြင့် ရန်စမှု ပုဒ်မ ၁၅၃ စတဲ့ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးရဲ့အစ်မဖြစ်သူ မနေဇာထွန်းကို ဒဂုံဆိပ်ကမ်းတရားရုံးက အဲဒီပုဒ်မတွေနဲ့ပဲ စွဲချက်တင် အမိန့်ချလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင် အမိန့်ချခဲ့စဉ်မှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး မနေဇာထွန်းအပါအဝင် လူ ၁၅ ဦးခန့်က တရားသူကြီးကို “နွားတရားသူကြီး” လို့ အော်ဟစ်ရင်း တချို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း