ရှာလ်လုမ်းခံတပ်ဟာ နယ်ချဲ့တော်လှန်ရေးသမိုင်းမှာ မင်းလှခံတပ်ပြီးရင် ဒုတိယအထင်ရှားဆုံးဖြစ်ပါတယ်၊ ၁၈၈၅ ခုနှစ် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး၊ ချင်းတောင်တန်းကို သိမ်းယူဖို့ ချီတက်လာတဲ့ နယ်ချဲ့ဗြိတိသျှစစ်တပ်ကို စီယင်း၊ ကမ်းဟောက်၊ စုတဲ၊ တာရွန်းစတဲ့ ချင်းလူမျိုးစုတွေဟာ ဒီနေရာမှာ ခံတပ်ကြီးဆောက်ကာ တွန်းလှန်ခဲ့တာပါ။
တီးတိန်မြို့နယ် ဝေါ့လာ့ရွာရဲ့ ၁မိုင်ခွဲခန့် အကွာမှာ ရှိတဲ့ သမိုင်းဝင် ရှာလ်လုမ်းခံတပ်ဟာ သက်တမ်း ၁၂၈နှစ်ရှိပြီဖြစ်ပြီး သွား ရောက်လေ့လာသင့်တဲ့ နေရာတခုဖြစ်ပါတယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မိုင် ၃၀ ကွာဝေးပြီး ဖလမ်း-သိုင်းငင်း ကားလမ်းကနေ တဆင့် သြားရမှာဖြစ်ပြီး၊ လမ်းအနည်းငယ် ကြမ်းတာကြောင့် အမြင့်ကားများ ဒါမှမဟုတ် ဆိုင်ကယ် ငှားရမ်း၍ ဖြစ်စေ သွားရောက်နိုင် ပါတယ်။
ရှာလ်လုမ်း ခံတပ်ဟောင်းကြီးကို ယဉ်ကျေးမှု ဗိမ္မာန်ဦးစီးဌာန(ရုံးချုပ်)က ၁၉၆၅ ခုနှစ်မှာ ရန်ပုံငွေကျပ် ၃၄ဝဝ နဲ့ ကနဦး ပြုပြင်မှု စတင်ခဲ့တာဖြစ်ပြီး၊ ဝေါ့လာ့ရွာသား တွေက ကိုယ့်အားကိုယ်ကိုး စနစ်နဲ့ ထိန်းသိမ်းထားတဲ့ ခံတပ်ကြီးလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဝင်ကြေး တစုံတရာ ကောက်ခံခြင်း မရှိဘဲ ဘယ်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ











