စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ မြေဧက ၁သိန်း ၈သောင်း ကျော်ပေါ်မှာ ရွှေနဲ့ကြေးနီရှာဖွေခွင့်ကို တရုတ်နိုင်ငံက ရာနှုန်းပြည့်နီးပါး ရင်းနှီးမြှပ်နှံထားတဲ့ သြစတြေးလျ အခြေစိုက် PanAust ကုမ္ပဏီကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီလို ရှာဖွေတူးဖော်မှုရဲ့ အကျိုးဆက်နဲ့ အစိုးရက ဘယ်လိုမူဝါဒတွေ ကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာကို မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ ပြုလုပ်နေတဲ့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး – ကျော်သူရ
တည်းဖြတ် – အောင်ခိုင်မျိုး












