ကိုဗစ် ကပ်ဆိုးရဲ့ အကြောင်းရင်းခံဟာ လူတွေနဲ့ သဘာဝတရားကြားမှာ သဟဇာတဖြစ်မှု လျော့ကျလာတာကြောင့် ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်း နိုင်ငံတကာသုတေသီတွေရဲ့ ထောက်ပြဝေဖန်ချက်တွေကို ကိုးကားရေးသားထားတဲ့ ကိုဗစ် နောက်ကြောင်းပြန်- ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာခြင်း၊ ကပ်ဘေးထဲက အလွန် တော်လှန်ရေး၊ ကပ်ဘေးလွန်ကမ္ဘာရဲ့ ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ ဆိုပြီး စာအုပ်တွေ ဆက်တိုက်ထွက်ရှိလာပါတယ်။
ဒါကြောင့် လူတွေကပဲ ဒီကပ်ဆိုးတွေကို ဘယ်လို ဖန်တီးခဲ့သလဲဆိုတာကို ဒီစာအုပ်တွေကို ရေးသားပြုစုခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး – ကျော်သူရ
တည်းဖြတ် – အောင်ခိုင်မျိုး











