ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားနဲ့ ဘုရင့်နောင်တံတားအောက်က အခြေခံပြည်သူတွေအတွက် Haier Myanmar က တစ်အိမ်ထောင်ကို 25,000နှုန်း နဲ့ သိန်း 120 ကျော်တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။
Haier Myanmar က ”ဖေးမအတူ လက်တွဲကူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဗစ်ကာလမှာ စားရေးသောက်ရေး ခက်ခဲနေတဲ့ အိမ်ထောင်စု ၅၀၀ ကို ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကျပ်သိန်း 120ကျော် တန်ဖိုးနဲ့ညီမျှတဲ့ စားသောက်ကုန်တွေလက်ခံရရှိခဲ့ကြပါတယ်။
“ဖေးမအတူ လက်တွဲကူ” အစီအစဉ်မှာ Haier Myanmar နဲ့အတူ Clean Yangon၊ အဆိုတော် ဖြိုးမြတ်အောင် နာနို ခုပ်ပီး နဲ့ Doran Band တို့က ပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အခြေခံ ပြည်သူတွေ တဖက်တလမ်းက အဆင်ပြေစေဖို့ ရည်ရွယ်လှူဒါန်းခဲ့တာလို့ သိရပါတယ်။
Haier Myanmar ရဲ့တာဝန်ရှိသူတစ်ဦးက Haier Myanmar အနေနဲ့ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လှူဒါန်းမှုတွေ ဆက်လက်ပြုလုပ်သွားဦးမယ်လို့လည်း ဆိုခဲ့ပါတယ်။
ရိုက်ကူး – အောင်ခိုင်မျိုး၊ ကျော်သူရ
တည်းဖြတ် – ကျော်သူရ












