ရက္ခိုင်စစ်တပ် (AA) အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ တာင်ကုတ်မြို့နယ် ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ၃ ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်ကအထွေထွေ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် စည်းရုံးရေးဆင်းနေစဉ် AA က အဓမ္မရိုက်နှက် ဖမ်းဆီး သွားခြင်း ဖြစ်သည်။ဦးမင်းအောင်နှင့် ဒေါ်နီနီမေမြင့်သည် လက်ရှိတွင်လည်း တောင်ကုတ်မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။
၎င်းတို့ ၃ ဦးအား ဖမ်းရခြင်းမှာ “စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေး လိုအပ်ချက်အရ” ခေါ်ယူထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁ရက်နေ့ မြေပုံမြို့နယ် မီးကျောင်းတက်ရေးရွာတွင် AA က တပ်မတော်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး – မင်းအောင်ခိုင်
တည်းဖြတ် – အောင်ခိုင်မျိုး











