• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ


by ဆလိုင်းသန့်စင်
4 January 2021
in Crime
A A
ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေရှိ သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက် / ဆလိုင်းသန့်စင်

ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေရှိ သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက် / ဆလိုင်းသန့်စင်

10.1k
VIEWS
Share on FacebookShare on Twitter

ကလေးငယ်အများစုပါဝင်သော ရခိုင်ပြည်နယ်မှ နိုင်ငံသား အထောက်အထားမဲ့သူများအား ခေါ်လာသည့် ပုသိမ်မြို့မှ ကျောင်းထိုင်ဘုန်းကြီးနှင့် ကားဒရိုင်ဘာ ဖြစ်သူတို့မှာ ထွက်ပြေးလွတ်မြောက်နေသည့်အတွက် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနီးရှိ န၀ဒေးတံတားတွင် ရခိုင်ပြည်နယ်မှ နိုင်ငံသား အထောက်အထားမဲ့သူ ၁၃ ဦးကို ခေါ်ဆောင်လာသော ကားတစီးအား ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရာ ကားပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးအန္ဒိယဝိသနှင့် ကားဒရိုင်ဘာ ဂိုးလေး(ခ) ခင်မောင်ဝင်းတို့မှာ ထွက်ပြေးသွားခဲ့သည့်အတွက် တိုင်းဒေသကြီး ၂ ခုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ဘင်္ဂလီတွေ သယ်ဆောင်လာတဲ့ အဲဒီကားက ပုသိမ်မြို့က ကျောင်းထိုင်ဘုန်းကြီးရဲ့ ကားဆိုတာ မှန်ကန်ကြောင်း စစ်ဆေးပြီးသွားပါပြီ။ ဘင်္ဂလီတွေ ခေါ်ဆောင်လာတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကားဒရိုင်ဘာကို ကျနော်တို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဖမ်းမိနိုင်ရေး ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။

သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက် အမည်တပ်ထားသည့်ကားမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က န၀ဒေး တံတားတွင် တာဝန်ရှိသူများ စစ်ဆေးမှုမခံယူဘဲ မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကားပေါ်၌ အသက် ၁၁ နှစ်မှ ၁၉ နှစ် အရွယ်အထိရှိသော ရခိုင်ပြည်နယ်မှ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးကို တာဝန်ရှိသူများ ဖမ်းဆီးခဲ့သည်။

ပြည်မြို့ နဝဒေးတံတားတွင် ဖမ်းဆီးရမိသည့် ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင်များ/ မြေလတ်အသံသတင်းဌာန

အဆိုပါ အုပ်စုတွင် ယောက်ျားလေး ၁ ဦးနှင့် မိန်းကလေး ၁၂ ဦး ပါဝင်ပြီး ပဲခူးတိုင်း၊ ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးချက်အရ အဆိုပါ အထောက်အထားမဲ့သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ၎င်းတို့ မူလနေထိုင်ခဲ့သည့်ရွာများမှာ ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

အထောက်အထားမဲ့သူများ သယ်ဆောင်လာသည့်ဘုန်းကြီးကားမှာ ပုသိမ်မြို့မှဖြစ်နေကြောင်း သိရသဖြင့် ပဲခူးတိုင်းရဲတပ်ဖွဲ့၏ အကြောင်းကြားချက်အရ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေရှိ သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက်သို့ ဒီဇင်ဘာလ ၂၅ ရက်က ဝင်ရောက်ရှာဖွေခဲ့ရာ သံဃာတော် ၄ ပါး၊ သီလရှင် ၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးကိုသာတွေ့ရှိပြီး ကျောင်းတိုင်ဆရာတော် ဦးအန္ဒိယဝိသမှာ ကျောင်းတိုက်သို့ ပြန်လာခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက “လောလောဆယ်ကတော့ တိုင်းသံဃာ့နာယကအဖွဲ့ ဆုံးဖြတ်ချက်ကတော့ အဲဒီကျောင်းတိုက်ကို ချိတ်ပိတ်ဖို့ ညွှန်ကြားလာတာ ရှိပါတယ်။ စာတော့ ကျနော်တို့ဆီ တရားဝင် ရောက်နေပါပြီ။ ကျနော်တို့လည်း အဲဒီကျောင်းတိုက်ကို ချိတ်ပိတ်ဖို့ ပြင်ဆင်နေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ခေါ်ဆောင်လာသည့် သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက် ဆရာတော် ဦးအန္ဒိယဝိသမှာ သက်တော် ၃၈ နှစ်အရွယ်ရှိပြီး ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဇာတိဖြစ်ကာ ဓမ္မစရိယ-ဒီပလိုမာနှင့် အမျိုးသား ပထမကျော်စသည့် သာသနာရေးဆိုင်ရာဘွဲ့များ ရရှိထားသည့်ဆရာတော် တပါးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ကားဒရိုင်ဘာ ဂိုးလေး(ခ)ခင်မောင်ဝင်းမှာ ပန်းထိမ်လုပ်သား တဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံသား အထောက်အထားမဲ့ ၁၃ ဦးကို ပြည်မြို့ရှိ မွတ်စလင် လုပ်ငန်းရှင်တဦး၏ ခြံဝန်းအတွင်း၌ ကွာရန်တင်းထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အထောက်အထားမဲ့ဝင်ရောက်လာသူ ၄၂ ဦးကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူခြင်းမပြုတော့ဘဲ စက်တင်ဘာလတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
31
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
65

ထွက်ပြေးနေသည့် ဘူးလက်ဦးလှဆွေ အဖမ်းခံပြီ

သီပေါ၌ ကလေးငယ်ကို အဓမ္မကျင့် သတ်သူအား SSPP က လူထုရှေ့တွင် သေဒဏ်စီရင်

ကိုဗစ်ထောက်ပံ့ငွေ အပြည့်မရ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးအား နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

Your Thoughts …
Tags: နိုင်ငံသား အထောက်အထားမဲ့သူပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်ရဲတပ်ဖွဲ့လူကုန်ကူးဦးအန္ဒိယဝိသဧရာဝတီတိုင်းဒေသကြီး
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
15k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
ဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်ဟာ မူလထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန်တာကြောင့် နိုင်ငံအများအပြားမှာ ယူကေ လေကြောင်းခရီးစဉ်တွေကို ပိတ်သိမ်းထားရပါတယ်။

ထိုင်းနဲ့ ဗီယက်နမ်မှာ ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ

၂၀၂၁ နှစ်သစ်မှာ သတင်းကောင်းတွေ ဆက်ဖြစ်လာမလား (ရုပ်/သံ)

၂၀၂၁ နှစ်သစ်မှာ သတင်းကောင်းတွေ ဆက်ဖြစ်လာမလား (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved