• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သီပေါ၌ ကလေးငယ်ကို အဓမ္မကျင့် သတ်သူအား SSPP က လူထုရှေ့တွင် သေဒဏ်စီရင်

by နန်းလွင်နှင်းပွင့်
23 December 2020
in သတင်း
A A
SSPP/SSA တပ်ဖွဲ့ဝင်များ  / SSPP info

SSPP/SSA တပ်ဖွဲ့ဝင်များ / SSPP info

25.9k
VIEWS
Share on FacebookShare on Twitter

အသက် ၆ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့် အမျိုးသားကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဖမ်းဆီးစစ်ဆေးကာ သေဒဏ်စီရင်လိုက်ပြီဟု သတင်း ရရှိသည်။

SSPP၏ ဗဟိုတရားရုံး ဥပဒေအရာရှိ ဦးစိုင်းအူဟိန်းက “သူ့ဘက်ကလည်း ဖြောင့်ချက်ပေးတာ ရှိပါတယ်။ သူ့ဖြောင့်ချက် အရရော သက်သေအထောက်ထားတွေရောပေါ့။ အမိန့်ချ စီရင်တော့လည်း ကျနော်တို့က လူထုရှေ့မှာပဲ စီရင်တာပါ။ ကျနော်တို့ တရားရုံးမှာ တရားလို၊ တရားခံ၊ ရပ်မိရပ်ဖတွေ လေ့လာသူတွေရော ရှိပါတယ်။ သူတို့ရှေ့မှာပဲ သက်သေ ကြောင်းအရရာ ဒါက အမှုကြီးဖြစ်နေလို့ ကျနော်တို့ SSPP အနေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ရော နောင်မှာ ဒီလို အမှု ထပ် မဖြစ်အောင်လို့ ဆောင်ရွက်တာပါ” ဟု ပြောသည်။

RelatedPosts

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
562
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
1.6k
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
114

သီပေါမြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဝမ်နွတ်ကျေးရွာအတွင်း ဒီဇင်ဘာ ၉ ရက်က အသက် ၆ နှစ်အရွယ် ကလေးငယ်ကို တရွာတည်းနေ အသက် ၃၀ အရွယ် အမျိုးသားက ဖမ်းဆီးခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သည့် အမျိုးသားကို ဒီဇင်ဘာ ၁၀ ရက်တွင် SSPP တပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး SSPP ၏ တရားခွင်တွင် စစ် ဆေးပြီးနောက် ဒီဇင်ဘာ၂၂ ရက်တွင် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နစ်နာသူ ကလေးငယ်၏ မိဘများ၊ ဝမ်နွတ်ကျေးရွာမှ ရွာလူကြီးများအပြင် ကျူးလွန်သူအမျိုးသား၏ မိဘများကပါ လာရောက် တိုင်တန်းမှုများလည်း ရရှိထားသဖြင့် အဆိုပါ အမျိုးသားကို ဖမ်းဆီးကာ စီရင်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဦးစိုင်းအူဟိန်းက ပြောသည်။

ဆက်လက်ပြီး ဦးစိုင်းအူဟိန်းက “အရင်တုန်းက ဒီလို သက်ငယ်မုဒိမ်း မရှိဘူး။ ဒါက ပထမဆုံး အကြိမ်ပါ။ ဒီလိုအမှု သက် ငယ်မုဒိမ်း သေဒဏ်ပေးတာကလည်း ဒါပထမဆုံးပါပဲ။ ကလေးကို သတ်တယ်၊ မုဒိမ်းမှုရော ခိုးယူတာရော ၃ ခုလုံးက ပြစ် ဒဏ်ကြီးတွေ ဖြစ်တယ်။ အစိုးရဆီမှာ သုံးတဲ့ ရာဇသတ်ကြီးမှာလည်း ဒီ ၃ ခုလုံးက တသက်တကျွန်း အမှုတွေပါ။ ကျနော် တို့ဆီမှာ ဒီဖြစ်စဉ်က လူထုဆီလည်း အရမ်း ရိုက်ခတ်သွားတယ်။ လူထုတည်ငြိမ်မှုကို ခြိမ်းခြောက်လာတာဆိုရင် ကျနော် တို့က သေဒဏ်ချမှတ်ပါတယ်” ဟုလည်း ဆိုသည်။

သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက အမှုဖြစ်ပွားခဲ့သည့် ဝမ်နောင်ကျေးရွာအုပ်စု သည် SSPP ထိန်းချုပ်သည့် နယ်မြေဖြစ်ပြီး အစိုးရ အုပ်ချုပ်ရေးယန္တရား လက်လှမ်းမမီသည့်နေရာ ဖြစ်သည်ဟု ပြောသည်။

သေဒဏ် စီရင်လိုက်သည်နှင့် ပတ်သက်၍ ဒေါ်နန်းစမ်းစမ်းအေးက “ဒီဆုံးဖြတ်ချက်ချတဲ့ အပေါ်မှာတော့ ကျမတို့က ဘယ် လိုမှ ဝင်စွက်ဖက်ဖို့ လက်လှမ်းမမီတဲ့ နေရာဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရတောင် အလှမ်းမမီတဲ့ နေရာ မဟုတ်ဘူး။ ဒီအမိန့်ချတဲ့ အပေါ်မှာတော့ အသက်မပြည့် ကလေးငယ်ဖြစ်လို့ ထိထိရောက်ရောက် အရေးယူဖို့တော့ လိုတယ်။ ဒါမှ နောက်လူတွေက စံပြအနေနဲ့ ဖြစ်သွားမှာပါ။ သူတို့ ဆက်မလုပ်တော့မယ့် နမူနာဖြစ်သွားမှာပါ” ဟု ပြောသည်။

SSPP သည် ရှမ်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်၂ စောင် လက်မှတ်ရေး ထိုးထားသည်။

ပြည်တွင်း၌ လူမျိုးအပေါ် အခြေခံ၍ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ကိုယ်ပိုင်တပ်များ ဖွဲ့စည်းထူထောင်ကာ လက်နက်ကိုင်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၂၁ ဖွဲ့ ရှိသည်။

ထိုလက်နက်ကိုင် တပ်ဖွဲ့ အသီးသီးသည် ၎င်းတို့ အဖွဲ့အစည်းတွင်း တပ်ဖွဲ့အပြင် အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေး ယန္တရားများကိုလည်း ဖွဲ့စည်းထားပြီး အစိုးရအုပ်ချုပ်ရေး ယန္တရား သက်ရောက်ခြင်း၊ လက်လှမ်းမီခြင်း မရှိကာ ၎င်းတို့ လှုပ်ရှား၊ ထိန်းချုပ်သည့် နယ်မြေတွင် ထိုယန္တရားများကို ကျင့်သုံးသည်။

လက်နက်ကိုင် တပ်ဖွဲ့များ၏ တရားစီရင်မှုတွင် အမြင့်ဆုံး ပြစ်ဒဏ်သည် သေဒဏ်စီရင်ခြင်း ဖြစ်ကာ တိုင်းရင်းသား လက် နက်ကိုင် တပ်ဖွဲ့တိုင်းတွင် သေဒဏ် စီရင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ၎င်းတို့၏ တရားစီရင်မှုများ၊ သေဒဏ်ချမှတ်ခြင်းများကို လူသိရှင်ကြား ထုတ်ဖော် ကြေ ညာလေ့ မရှိသော်လည်း SSPP သည် ယခုအမှုတွင် သက်ငယ်မုဒိမ်း ကျူးလွန်သည့် အမျိုးသားကို သေဒဏ် ပေးလိုက် သည်ဟု လူသိရှင်ကြား ထုတ်ပြန်ကြေညာချက် တစောင်ထုတ်ထားသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် ယခင်က ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် မုဒိမ်းမှုကျူးလွန်သူကို အနှစ်၂၀ ထောင် ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချနိုင်သည့်အပြင် ငွေဒဏ်လည်း ချနိုင်ကြောင်း၊ ပြုကျင့်ခံရသည့် အမျိုးသမီးသည် မိမိ၏ မယားဖြစ်ကာ အသက် ၁၂ နှစ်အောက် မဟုတ်လျှင် ကျူးလွန်သူကို ထောင်ဒဏ် ၂ နှစ်အထိ သို့ မဟုတ် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ၂၀၁၉ ခုနှစ်မတ် ၂၆ ရက်တွင် သမ္မတက ဥပဒေကို လက်မှတ်ရေးထိုး ပြင်ဆင်လိုက်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ပါက အနည်းဆုံးထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တသက်ထိ ပြစ်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

သက်ငယ်မုဒိမ်းမှု ကျုးလွန်သူများကို သေဒဏ်ပေးရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူထုကပါ မကြာခဏ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ရှိသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကပါ လွှတ်တော်တွင်း ၌ တောင်းဆိုမှုများ ရှိခဲ့သော်လည်း လွှတ်တော်တွင်း မှတ်တမ်းအဖြစ်သာ ထားရှိရန်နှင့် အဆိုရှုံးနိမ့်ခဲ့ကြသည်

နိုင်ငံတော် အစိုးရပိုင် နယ်နိမိတ်အတွင်း တရားစီရင်ရေးကဏ္ဍတွင် အမြင့်ဆုံးပြစ်ဒဏ်သည် တသက်တကျွန်းဖြစ်ကာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်ခြင်း ရှိသော်လည်း ထိုသူကို အမှန်တကယ် သေဒဏ် စီရင်ခြင်း မပြုလုပ်ပါ။

၁၉၉၈ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးတွင် ကြီးလေးသော ပြစ်ဒဏ်ကို ကျူးလွန်သူဖြစ်ပါက သေဒဏ် ချမှတ်သော်လည်း ထိုသူကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင် စီရင်သကဲ့သို့ ချက်ချင်း ပြစ်ဒဏ်ပေးခြင်း မဟုတ် ဘဲ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြင့် သမ္မတ၏ ခွင့်ပြုမိန့်ပါ ရယူရကာ အကျဉ်းသား၏ ရပိုင်ခွင့်များ၊ ကျင့်ဝတ်များနှင့်အညီ စီရင်ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်သည့် ခေတ်မှစ၍ ယနေ့ထိ သေဒဏ်ကို လက်တွေ့ကျင့်သုံးခြင်း မရှိတော့ပါ။

နိုင်ငံတကာ အဖွဲ့အစည်းများကလည်း သေဒဏ်ချမှတ်ခြင်း၊ အကျဉ်းသားကို ကွပ်မျက်ခြင်းမှာ မှားယွင်းကာ ပြစ်ဒဏ်ချမိ ခြင်းနှင့် အလွဲသုံးစား ပြုလုပ်ခြင်းများ ရှိပါက ပြန်လည် ပြင်ဆင်မရသည့် ပြစ်ဒဏ်ဖြစ်သည့်အပြင် တဖက်သတ် လိုရာစွဲကာ နိုင်ငံရေး လက်နက်တခုအဖြစ်လည်း အသုံးချခံရမှုများ ရှိနိုင်သဖြင့် မြန်မာနိုင်ငံကို သေဒဏ်ချမှတ်သည့် ဥပဒေ ပြဋ္ဌာန်း ချက်များကို ဖျက်သိမ်းပေးရန် တိုက်တွန်းလျက်ရှိသည်။

၂၀၁၇ ခုနှစ်က အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (APF)က ပံ့ပိုးမှုဖြင့် နေပြည်တော်တွင် ကျင်းပသည့် သေဒဏ်ကို တရားဝင် ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲတခုတွင် နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ ပညာရှင်များက မြန်မာနိုင်ငံအနေဖြင့် သေဒဏ်ကျင့်သုံးခြင်း မပြုတော့သည်မှာဆယ်စုနှစ်တခု ရှိပြီဖြစ်သဖြင့် သေဒဏ်ကို တရားဝင်ဆိုင်းငံ့ရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်၊ ကမ္ဘာ့သေဒဏ်ပေးမှု ဆန့်ကျင်ခြင်းနေ့တွင်လည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များ၏ အကြီးအကဲများက မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ် ခြင်း ပြစ်ဒဏ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။

You may also like these stories:

SSPP အဖွဲ့က မိုးကုတ်ဒေသခံ ၁၆ ဦးကို မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ဖမ်းဆီး

Your Thoughts …
Tags: SSPPသက်ငယ်မုဒိမ်းသီပေါသေဒဏ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.6k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.5k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

Next Post
အလှမယ် ဂုဏ်ရည်အေးကျော်  / Gonyi Aye Kyaw's Facebook

“၂၀၂၀ က ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော် ဆို

အွန်လိုင်းဈေးကွက်တွင်ရောင်းချနေသည်ကိုတွေ့ရသည့် ရှေးဟောင်းပစ္စည်းများ

ရှေးဟောင်းပစ္စည်းခိုးတူးခြင်းနှင့် တရားမဝင်ရောင်းခြင်းများ နှိမ်နင်းပေးရန် MAA တိုက်တွန်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate