• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အိန္ဒိယမှာ AstraZeneca နဲ့ ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေး ၂ မျိုးကို အတည်ပြု

by Aurora
3 January 2021
in Coronavirus Update
A A
အိန္ဒိယမှာ ကိုဗစ် ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုပေးလိုက်ပါပြီ။

အိန္ဒိယမှာ ကိုဗစ် ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုပေးလိုက်ပါပြီ။

8.1k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံမှာ Oxford-AstraZeneca နဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech ထုတ် Covaxin ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုပေးလိုက်ပါပြီ။ အဆိုပါ ဆေး ၂ မျိုးကို ဇန်နဝါရီ ၃ ရက်မှာ အတည်ပြုချက် ထုတ်ပြန်ပေးခဲ့တာပါ။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း Twitter စာမျက်နှာပေါ်တဆင့် “အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး ၂ မျိုးလုံး အတည်ပြုပေးနိုင်တာကြောင့် အိန္ဒိယနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာ အခြေအနေလို့ ဆိုပါတယ်။ ပိုကျန်းမာပြီး COVID-19 ကင်းစင်ရေးနိုင်ငံအဖြစ် ရောက်အောင် အရှိန်မြင့် လုပ်ဆောင်သွားမယ်”လို့ ရေးသားထားပါတယ်။

ကာကွယ်ဆေး အတည်ပြုချက်ကြောင့် ၁ ဒသမ ၃ ဘီလီယံ ရှိ ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံး နိုင်ငံအတွက် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းတွေကို စတင်နိုင်တော့မှာ ဖြစ်ပါတယ်။ အစီအစဉ်အရ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူ သန်း ၃၀၀ လောက်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ဦးစားပေး ထိုးနှံပေးနိုင်မယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India ကနေ အိန္ဒိယ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် AstraZeneca ကာကွယ်ဆေးပမာဏ ဘီလီယံကျော် ထုတ်လုပ်ပေးနိုင်ဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။ ယူကေဟာ AstraZeneca ကာကွယ်ဆေးကို ဇန်နဝါရီ ၁ ရက်က ပထမဆုံး ခွင့်ပြုပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

Serum Institute ရဲ့ အကြီးအကဲ Adar Poonawalla ကလည်း အိန္ဒိယမှာ AstraZeneca ကာကွယ်ဆေးကို အတည်ပြုပေးလိုက်ပြီးနောက် လာမယ့် ရက်သတ္တပတ်အတွင်း အဆင်သင့် ထုတ်လုပ်နိုင်ပြီလို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ထပ် အတည်ပြုပေးထားတဲ့ ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေးကတော့ စမ်းသပ်ရေးပိုင်း အဆင့် ၂ ဆင့် ပြီးမြောက်ထားတာပါ။ နောက်ဆုံး တတိယအဆင့်ကိုတော့ နိုဝင်ဘာလလယ်လောက်က စတင် စမ်းသပ်ထားခဲ့ပါတယ်။ အစောပိုင်း စမ်းသပ်ချက် ရလဒ်တွေအရ Covaxin ကာကွယ်ဆေးကလည်း ဘေးထွက်ဆိုးကျိုး မရှိဘဲ COVID-19 ပဋိပစ္စည်း ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ စတင်ထိုးနှံနေတဲ့ Pfizer-BioNTech ကာကွယ်ဆေးလည်း အတည်ပြုချက် ရဖို့အတွက် စောင့်ဆိုင်းနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ၁၀ သန်းကျော် ကူးစက်ခံထားရကာ သေဆုံးသူ ၁၅၀,၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂ ရက်က ကမ္ဘာပေါ်မှာ အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်အတွက် ကျန်းမာရေးဝန်ထမ်း ၂၅ ယောက်ကို စတင်စမ်းသပ် ထိုးနှံပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး Harsh Vardhan ကတော့ နိုင်ငံတဝှမ်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ ကောလာဟလတွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်အောင် ကမ်ပိန်းတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Ref: Aljazeera

Your Thoughts …
Tags: AstraZenecaCovaxinCOVID-19ကာကွယ်ဆေးအိန္ဒိယနိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

အိန္ဒိယနိုင်ငံ ရောက်ရင် လည်စရာများ နေရာများ

အိန္ဒိယနိုင်ငံရောက်ရင် သွားလည်သင့်တဲ့ နေရာများ

by ရေဗန်
21 August 2018
8.4k

Hampi ဟာ သမိုင်းဝင်နေရာတခုဖြစ်ပါတယ်။ ဒီမြို့ဟာ ကမ္ဘာ့အကြီးဆုံး ယဉ်ကျေးမှုပြတိုက်ကြီးသဖွယ် ဖြစ်တယ်လို့ တင်စားထားကြပါတယ်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

Next Post
ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေရှိ သာသနာ့ဓမ္မဂုဏ်ရည် ကျောင်းတိုက် / ဆလိုင်းသန့်စင်

လူကုန်ကူးသည့် ဘုန်းကြီးကို ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေနေ


ဗိုင်းရပ်စ် မျိုးဗီဇကွဲသစ်ဟာ မူလထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန်တာကြောင့် နိုင်ငံအများအပြားမှာ ယူကေ လေကြောင်းခရီးစဉ်တွေကို ပိတ်သိမ်းထားရပါတယ်။

ထိုင်းနဲ့ ဗီယက်နမ်မှာ ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved