မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို မဲထည့်ခဲ့ကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေက ဒီကနေ့ ညနေ ထိုင်းစံတော်ချိန် ၄ နာရီခန့်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆန္ဒပြသူတွေက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများပြန်လွှတ်ပေးရေး”၊ “စစ်အာဏာရှင်စံနစ်ကျဆုံးပါစေ” စသဖြင့် ကြွေးကျော်ခဲ့ကြတာကိုတွေ့ရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အောက်တိုဘာလက ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံ ၆၄၁ ဦးက မဲထည့်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရိုက်ကူး – အောင်အောင်ထွန်း
တည်းဖြတ် – ကျန်ကျောင်း
#IRWLabourRight











