သတင်း

ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုဝန်ကြီးဌာန ၁၁ ခု၏ ပြည်ထောင်စုဝန်ကြီးများကို အသစ်ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ရက်စွဲဖြင့် ၎င်းတို့ပိုင် မြဝတီရုပ်သံမှ တဆင့် ်ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကို ကျင့်သုံးလျက် ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန)၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းနောင်နောင် (နယ်စပ်ရေးရာ ဝန်ကြီး ဌာန)၊ ဦးဝင်းရှိန် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)၊ ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက် သွယ်ရေး ဝန်ကြီးဌာန)၊ ဦးကိုကိုလှိုင် (အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)၊ ဦးချစ်နိုင် (ပြန်ကြားရေး ဝန်ကြီးဌာန)၊ ဦးကိုကို (သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးမြင့်ကြိုင် (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)၊ ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)အား ယှဉ်တွဲပါ ဝန်ကြီးဌာန အသီးသီးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ထုတ်ပြန်သည်။

လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်များနှင့် တရားသူကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ပေးအပ်လိုက်သည်။

ပြည်ထောင်စုဝန်ကြီးဌာန ၂၄ ခုမှ ဒုတိယဝန်ကြီးများအားလုံး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရာထူးဝင်အဖွဲ့ဝင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ ရပ်စဲလိုက်ပြီး ပြည်ထောင်စုရာထူးဝင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးသန်းဆွေ အား အသစ်ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။–

Did you find apk for android? You can find new Free Android Games and apps.
Loading