လက်ရှိမှာ အာဏာသိမ်းမှု ဆန့်ကျင်ရေး (CDM) လှုပ်ရှားမှုမှာ တပ်မတော်သား အများအပြား ပူးပေါင်းပါဝင်လာတာကြောင့် တပ်မတော်သားတွေရဲ့ လစာငွေတွေကို ထုတ်ယူခွင့် မပြုတော့ဘဲ စစ်ကောင်စီ အရာရှိတွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်မတော်သားတွေ ပြည်သူကို အကြမ်းဖက် ဖြိုခွင်းရာမှာ အမိန့်လိုက်နာစေဖို့အတွက် တပ်တွင်းနေ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ထိန်းချုပ်ထားတယ်လို့လည်း CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
ဗိုလ်ကြီးလင်းထက်အောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ကို တက်ရောက်ခဲ့ပြီး၊ ရွှေတြိဂံတိုင်း စစ်ဌာနချုပ်၊ ခမရ (၅၂၈) ခြေမြန်တပ်ရင်း၊ မိုင်းပျဉ်းမြို့နယ်မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၁၄ ရက်မှာ အာဏာသိမ်းမှု ဆန့် ကျင်ရေး(CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup












