အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီတို့ အနေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ထံမှာ သွားရောက်စစ်ဆေးမှု ခံယူသွားမှာ မဟုတ်ဘူးလို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ UEC တာဝန်ရှိသူတွေက နိုင်ငံရေး ပါတီတွေရဲ့ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနဲ့ စာရင်းရှင်း လင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို ကော်မရှင်ရုံးမှာ လာရောက်စစ်ဆေးမှု ခံယူရမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











