• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

by ဧရာဝတီ
25 February 2022
in သတင်း
A A
ကရင်နီဒေသ ဝါရီဆူပလိုင်ရွာမှ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့်  ဒေသခံ စစ်ရှောင်များ / ကယားမြေမှ တိုင်းရင်းသူ

ကရင်နီဒေသ ဝါရီဆူပလိုင်ရွာမှ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒေသခံ စစ်ရှောင်များ / ကယားမြေမှ တိုင်းရင်းသူ

5.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲဒေသတွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့များ အကြား ၉ ရက်ကြာတိုက်ပွဲများကြောင့် ထွက်ပြေးနေသည့် စစ်ရှောင်ဒုက္ခသည်များမှာ စားနပ်ရိက္ခာနှင့် အမိုးအကာ များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၆ရက်နေ့မှ စတင်ကာ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ မိုးဗြဲ ၊ ဝါရီဆူးဖလိုင်၊ ဝီသဲကူး၊ နန်းမယ်ခုံ၊ ဆင် တောင်နှင့် လီဝိုးတဝိုက်တွင် ဖြစ်ပွားနေပြီး ဒေသခံများသာမက လွိုင်ကော်ဒေသတိုက်ပွဲများကြောင့် ရောက်လာသည့် စစ်ရှောင်များလည်း ထပ်မံတိမ်းရှောင်ရကာ စစ်ဘေးရှောင် ၁ သောင်းကျော်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့မှ သိရသည်။

ကရင်နီလူ့အခွင့်အရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “ဆန်စပါးတွေက ပေါပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရုတ်တရက် ဖြစ်တာကို သတိမထားမိလိုက်တဲ့ အတွက်ကြောင့်မလို့ အများကြီး မသယ်ထုတ်နိုင်ဘူး အဲဒါကြောင့်မလို့ စားနပ်ရိက္ခာကတော့ အခက်အခဲတွေ ကြုံနေရတာ တွေ့ရတယ်။ လူဦးရေကလည်း အရင်ကတည်းက များတယ်။ အဆောက်အဦးတွေ ဆောက်ဖို့ မိုးကာတွေ အခက်အခဲရှိတယ်။ ရေလည်း တော်တော်လေး အခက်အခဲရှိတယ်” ဟု ပြောသည်။

ရိက္ခာ ဝယ်ယူ၍ရသော လမ်းကြောင်းဖြစ်သည့် မိုးဗြဲ – ဖယ်ခုံ တွင် တိုက်ပွဲ အဓိက ဖြစ်ပွားနေသည့် အတွက် လမ်းပိတ် နေကာ စားနပ်ရိက္ခာ ဝယ်ခြမ်းမှု အကြပ်အတည်း ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

ကိုဗညားက “ကရင်နီပြည်နယ်မှာ အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွားတဲ့ အတွက်ကြောင့် ယန္တရားကို ပြန်အသက်သွင်း ချင်တယ်။ အဓိကကျတဲ့ လမ်းမကို ထိန်းချုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရတယ်။ အထူးသဖြင့် ဖြတ် ၄ ဖြတ်ကို အသက် သွင်းဖို့ အတွက် လျာထားတယ်။ စစ်ရေးအရ ထိန်းချုပ်နိုင်သလောက်ကို ထိန်းချုပ်ပြီးတော့ ဒီဘက်က တပ်ဦးလန်သွား အောင်ဆိုတဲ့ အစီအမံနဲ့ လုပ်နေတာ”ဟု ဆိုသည်။

၁၆ ရက်နေ့မှ စကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ သံချပ်ကာကားများ အပြင် တာဝေးပစ် အမြောက်များဖြင့်သော ၁၂၀ မမ၊ ၈၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် အရပ်သား ပြည်သူ ၁၀ ဦး နှင့်အထက် သေဆုံးမှုရှိပြီး အတည်ပြုနိုင်ရန်လည်း ကြိုးစားလျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF က ထုတ်ပြန်ထားသည်။

ဖေဖေါ်ဝါရီ ၂၃ရက် ညနေ ၆ နာရီခန့်က စစ်ဖြစ်ပွားမှု မရှိသည့် ဒီးမော့ဆိုမြို့နယ် ဒေါကမီး၊ ဆီးလီဒုန်း၊ စည်းလင်းရွာတို့ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံး မီးလောင်ခဲ့သည့် အပြင် နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ် များထံမှ သိရသည်။

ကရင်နီဒေသ ဝါရီဆူပလိုင်ရွာမှ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒေသခံ စစ်ရှောင်များ (ကယားမြေမှ တိုင်းရင်းသူ)

စစ်ကောင်စီက မိုးဗြဲမြို့မှတဆင့် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး အဆိုပါ လမ်းကြောင်းသည် စစ်ဘေးရှောင်များ အများဆုံး နေထိုင်ရာ ကျေးရွာများသို့ ဦးတည်နေခြင်း ဖြစ်ကြောင်း Karenni Democratic Front (KDF) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

“သူတို့ (စစ်ကောင်စီ) က စစ်ရှောင်တွေ ရှိတဲ့ဘက်ကို ဦးစားပေးပြီးတော့ စစ်ကြောင်း ထိုးလာတာပေါ့။ စစ်ရှောင်တွေ ရှိရင် ကျနော်တို့ဘက်က ကာကွယ်ရတာ နည်းနည်းခက်တော့ ဒီအားနည်းချက်ကို ယူပြီးတော့ စစ်ကြောင်း ထိုးလာ တယ်လို့ သုံးသပ်လို့ရတာပေါ့။ စစ်ရှောင်တွေရဲ့ နေရာတွေက သူတို့ စစ်ကြောင်းထိုးလာတော့ မလုံခြုံတော့ဘူး။ ထား ထားတဲ့ တချို့နေရာတွေ ဆိုရင် ညတွင်းချင်းပြောင်းရတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်ရှိ လူဦးရေ နှစ်သိန်းရှစ်သောင်းကျော် အနက်မှ တစ်သိန်းခွဲကျော်သည် စစ်ဘေးရှောင်များ ဖြစ်နေ ပြီဖြစ်ကြောင်း ဒေသ အဖွဲ့အစည်းများ၏ အချက်အလက်များအရ သိရသည်။

ကရင်နီဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၃၀ ကျော်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၀ ထက်မနည်း သေဆုံးကြောင်း ကာကွယ် ရေးတပ်ဖွဲ့များထံမှ သိရသည်။

You may also like these stories:

မိုးဗြဲမှာ စစ်ကောင်စီတပ် ဘာကြောင့်ထိုးစစ်ဆင်နေသလဲ

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သေဆုံးသူ ၁၈၄ ဦးရှိကြောင်း NUG ထုတ်ပြန်

Your Thoughts …
Tags: ကရင်နီစစ်ဘေးရှောင်မိုးဗြဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.8k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

by ဧရာဝတီ
22 November 2023
12.1k

ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် အရှင်ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄၀ ကျော်ရှိနေပြီး ၎င်းတို့အား စစ်ဆင်ရေးအတွင်း ပါဝင်ပတ်သက်မှုနှင့်လုပ်ဆောင်ခဲ့သည့် အတိုင်းအတာများအား စစ်ဆေးကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
Puma Energy ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဆိုင်းငံ့လိုက်သောကြောင့် လုပ်ငန်းများသည် ပြည်တွင်းဖက်စပ်လုပ်ငန်း၏ လက်တွင် ကျန်ရစ်သည် / ဧရာဝတီ

မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved