• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မိုးဗြဲမှာ စစ်ကောင်စီတပ် ဘာကြောင့်ထိုးစစ်ဆင်နေသလဲ

by ဧရာဝတီ
23 February 2022
in ဆောင်းပါး
A A
မိုးဗြဲ ပီဒီအက်ဖ်တပ်ဖွဲ့ / MBPDF

မိုးဗြဲ ပီဒီအက်ဖ်တပ်ဖွဲ့ / MBPDF

21.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ရှမ်း-ကယားနယ်စပ်အနီးရှိ မိုးဗြဲ မြို့ဝန်းကျင်သို့ ခြေလျင်တပ်၊ သံချပ်ကာကား၊ လေကြောင်းနှင့် အမြောက်ပစ်ခတ်မှုတို့ အပြည့်အဝသုံးကာ အင်အားအလုံးအရင်းဖြင့် ၇ ရက်ဆက်တိုက် ထိုးစစ်ဆင်နေသည်။

တိုက်ခိုက်မှုများမှာ အတော်ပင်ပြင်းထန်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ ၂ ဘက်စလုံး ထိခိုက် ကျဆုံးမှု များပြားသည်။ စစ်ကောင်စီတပ်များသည် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ မိုးဗြဲမြို့ဝန်းကျင်ကို တပ်ဖွဲ့ဝင် အင်အား ၂၀၀ စီပါသည့် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်တွင်လည်း မိုးဗြဲမြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက် ဖြစ်နေကြောင်း အာဏာသိမ်းမှုဆန့်ကျင်ရေး ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

“တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပါပဲ။ ထိခိုက်ကျဆုံးမှုတွေက ခန့်မှန်းလို့တော့ မရသေးဘူး။ ဒါက လက်ရှိအခြေအနေပါ” ဟု KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်က ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်က လေကြောင်းထောက်ကူပါ ပေးသည်/ KNDF

အလားတူ မိုးဗြဲမြို့နယ်တောင်ဘက် နန်းမယ်ခုံမြို့ဝန်းကျင်ရှိ လွိုင်နန်းဖတောင်ခြေတွင်လည်း အာဏာသိမ်းစစ်ကောင်စီ တပ်အင်အား ၂၀၀ ကျော်သည် စစ်ကြောင်းထိုးဝင်လာသဖြင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

အာဏာသိမ်းမှုဆန့်ကျင်ရေး ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF ပြောရေးဆိုခွင့်ရှိသူတဦးကလည်း “မနေ့ကတည်းက တိုက်ပွဲ ဖြစ်နေတာပါ။ အဲဒီဘက်က စစ်ရှောင်တွေ များတယ်လေ။ များတော့ အဲဒီဘက် စစ်ရှောင်တွေရှိတဲ့ ဘက်ကို လှည့်ပြီး စစ်ကြောင်းထိုးတဲ့ပုံစံလုပ်တာပေါ့။ အခုက မိုးဗြဲကနေပတ်ပြီးတော့ နောက်ထပ် တကြောင်းထိုးတာပေါ့။ သူတို့ကလည်း ကျနော်တို့ရဲ့ အားနည်းချက်ကို လိုက်ရှာပြီး ထိုးတာပေါ့။ ပြည်သူတွေရှိတဲ့နေရာဆိုရင် အားနည်းချက်လို့ ယူဆပြီး ထိုးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်များဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၂ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားသေးကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၆ ရက်ခန့်ကမူ မိုးဗြဲမြို့နှင့် ပိုမိုနီးစပ်သော နေရာများတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း ကရင်နီမဟာမိတ် ပူးပေါင်းတပ်များထံမှ သိရသည်။ အဓိကအားဖြင့် ရှမ်း- ကယားနယ်စပ် မိုးဗြဲမြို့မြောက်ဘက် ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာဝန်းကျင်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

မိုးဗြဲမြို့မှ စစ်ကြောင်း ၂ ကြောင်း၊ လွိုင်ကော်မြို့ဘက်မှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကောင်စီဘက်က စစ်ထိုးခဲ့ခြင်းဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေစဉ်အတွင်း မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့ရှိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းများမှ ၁၂၀ မမ ဟောင်ဝစ်ဇာ၊ ၈၀ မမ အမြောက်ဟု ယူဆရသည့် လက်နက်ကြီးများဖြင့် တနေ့လျှင် အကြိမ် ၁၀၀ ခန့်ပစ်ခတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၁ ရက်အထိ ဆိုပါက အကြိမ် ၅၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် စစ်ကောင်စီဘက်က ၅ ရက်အတွင်း တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်ပစ်ခတ်မှုပေါင်း ၂၁ ကြိမ်ပြုလုပ်ခဲ့ကြောင်း KNDF က ဆိုသည်။ ၅ ရက်တာကာလအတွင်း ကရင်နီမဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီ၏ သံချပ်ကာကား ၂ စီးနှင့်လက်နက်ခဲယမ်း ထောက်ပို့ကား ၃ စီးတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီဘက်က လေကြောင်းမှတဆင့်၊ လေထီးတပ်သားများနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်အားဖြည့်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ကြဲလိုက်သည့် ၇၅ မမ ဗုံးသီးများအား ကရင်နီမဟာမိတ်ပူးပေါင်းတပ်များက သိမ်းဆည်းမိသည်လည်း ရှိသည်။

ဒဏ်ရာရသူကို ကယ်ထုတ်လာသော ကရင်နီပီဒီအက်ဖ်တပ်ဖွဲ့ဝင်များ/ KNDF

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က မိုးဗြဲမြို့နယ် ဝါရီးဆူးဖလိုင်ရွာနှင့် ဝီသဲကူးရွာတို့မှ နေအိမ်ချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ဝါရီဆူးဖလိုင်ရွာမှ ရွာသားအချို့အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်လည်းရှိကြောင်း KNDF ကဆိုသည်။

တိုက်ပွဲတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်မှလည်း ဆရာဝန်တဦးဖြစ်သည့် ဒေါက်တာအောင်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးထပ်မနည်း ကျဆုံးခဲ့ကြောင်း ကရင်နီမဟာမိတ်ပူးပေါင်းတပ်များထံမှ သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးထပ်မနည်းသေဆုံးပြီး ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာပေါင်း ၃၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်က ပြောသည်။

“ဒေသခံပြည်သူတွေကတော့ ပြောမနေပါနဲ့ဗျာ။ အကုန်ထွက်ပြေးကုန်ပါပြီ။ မိုးဗြဲတဝိုက်က ရွာပေါင်း ၃၀ ကတော့ လူတွေ လုံးဝ မရှိတော့ပါဘူး။ လွတ်ရာကျွတ်ရာ စစ်ရှောင်စခန်းတွေမှာ အဆင်ပြေသလိုပဲ နေကြရတယ်။ ဘေးကင်းတယ်ရယ်လို့ တော့ မရှိဘူး” ဟု ၎င်းက ညီးတွားသည်။

လတ်တလောတွင် စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့မှတဆင့် ဒီးမော့ဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးမည့် အရိပ်အယောင်များတွေ့နေရသဖြင့် ဒေသခံများအနေနှင့် အဆိုပါမြို့များ၌ ခရီးသွားလာခြင်းများ မလုပ်ဆောင်ကြရန် KNDF က ကြေညာချက်ထုတ်ပြန် သတိပေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် ဘောလခဲမြို့များသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ နယ်မြေခံတပ်နယ်အရာရှိများနှင့် တွေ့ဆုံပြီးနောက် ရှမ်း-ကယားနယ်စပ်တွင် စစ်ကြောင်းထိုးမှု ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

အရပ်သားများလည်း ပြင်းထန်စွာ ဒဏ်ရာရကြသည်/ MBPDF

KDF ပြန်ကြားတာဝန်ခံတဦးကလည်း စစ်ကောင်စီသည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ကရင်နီမဟာမိတ်တပ်များ၏ ခံစစ်ကြောင်းကို မဖောက်နိုင်သည့်နောက် မိုးဗြဲမြို့နယ်ဘက်မှတဆင့် စစ်ကြောင်းထိုးကြည့်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“အခုတဖန် မိုးဗြဲကို ထိုးတဲ့ စစ်ကြောင်းက ကျနော်တို့ထင်တာတော့ ရှမ်း-ကယားနယ်စပ် အခရာကျတဲ့နေရာလည်း ဖြစ်တယ်။ ကယားပြည်နယ်ဝင်ပေါက်ပေါ့။ အဲဒီနေရာကို လမ်းပိတ်ပြီး စစ်ကြောင်းထိုးတဲ့ပုံပေါ့။ ကယားပြည်နယ် ဝင်ပေါက်ဆိုရင် ဟိုဘက်မှာဆိုရင် တောင်ငူဘက်သွားတဲ့လမ်း ရှိမယ်။ မိုးဗြဲတလမ်းရှိမယ်။ လွိုင်လင်လေး ၊ ဆီဆိုင်လမ်း ရှိမှာပေါ့။ ကရင်နီမဟာမိတ်တွေ အတော်များများ အခြေပြုတော့ သူတို့ အသာစီးရချင်လို့ ထိုးကြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။

KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်ကလည်း စစ်ကောင်စီ၏ ဒုဥက္ကဋ္ဌ လာပြီးနောက် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသည်ဖြစ်ရာ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ခရီးစဉ်နှင့် ယခုထိုးစစ်သည် ဆက်စပ်မှုရှိနိုင်ကြောင်းဆိုသည်။

“အမှန်ကတော့ အမြဲတမ်းဆက်စပ်မှု ရှိပါတယ်။ သူလာတာကတော့ ကိစ္စ တခု၊ ၂ ခုပါတယ်။ အုပ်ချုပ်ရေးယန္တရား လည်နိုင်ဖို့ နယ်မြေတွေ ထိန်းမှရမယ်ဆိုတဲ့ သဘောမျိုးနဲ့လာတာလေ။ နောက်တခုက စစ်ရေးကိစ္စပေါ့။ ဆက်စပ်မှုတွေရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ခူးဒယ်နီရယ်၏ သုံးသပ်ချက်အရဆိုပါက စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးမှုရရှိပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ရည်ရွယ်ကာ စစ်ကြောင်းထိုးလာသည့် သဘောလည်းဖြစ်သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
120
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

ကရင်နီမဟာမိတ်ပူးပေါင်းတပ်များကမူ စစ်ကောင်စီဘက်က ရှေ့တိုး၍ ဆက်လက် စစ်ကြောင်းထိုးလာပါက ခုခံတိုက်ခိုက်သွားရန် ဆုံးဖြတ်ထားကြောင်း အခိုင်အမာဆိုသည်။

KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်က “ကျနော်တို့ကတော့ အပြင်းထန်ဆုံး စစ်ကောင်စီကို ပြန်လည်ခုခံနေတယ်။ ကျနော်တို့ကတော့ အဆုံးအစွန်အထိ စစ်ကြောင်းကို ခုခံသွားဖို့ရှိတယ်။ အဲဒီအတွက် ပြင်းပြင်းထန်ထန်တိုက်နေတယ်။ နေ့ရက်တိုင်းလိုပဲ။ မနားရပါဘူး” ဟု ပြောဆိုသည်။

You may also like these stories:

အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး

AA ဘာကြောင့် ပြည်ထောင်စုနေ့အခမ်းအနား တက်သနည်း

ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား

ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ

Your Thoughts …
Tags: KNDFPDFစစ်ကောင်စီတပ်ထိုးစစ်ဆင်မိုးဗြဲရှမ်း-ကယားနယ်စပ်အာဏာသိမ်းစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
၁၉၈၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သော Cobra Gold စစ်ဆင်ရေးသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံစုံ စစ်ရေးလေ့ကျင်မှုဖြစ်သည် / Bangkok Post

မြန်မာမပါသော Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းတွင် စတင်

အဆိုတော် ချမ်းချမ်း နေအိမ် ချိပ်ပိတ်ခံရစဉ်

လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved