• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

AA ဘာကြောင့် ပြည်ထောင်စုနေ့အခမ်းအနား တက်သနည်း

by ဧရာဝတီ
17 February 2022
in ဆောင်းပါး
A A
၂၀၁၉ ခုနှစ်က တွေ့ရသော ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များ  / ဧရာဝတီ

၂၀၁၉ ခုနှစ်က တွေ့ရသော ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များ / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်မှ ဗိုလ်ချုပ်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အနေဖြင့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်စေလိုပြီး အင်အားကြီးမားသည့် ရန်သူများနှင့် သဘောတူညီချက်ယူရန် အသင့်ရှိကြောင်း ဖော်ပြလိုကြသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့အနက် ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုး မထားသည့် အဖွဲ့ ၄ ဖွဲ့တို့သည် လွတ်လပ်ရေးခေတ်မတိုင်မီ အစိုးရနှင့် တိုင်းရင်းသား လူနည်းစုများအကြား ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုသည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ အင်အားနည်းသည် EAOs အနည်းငယ်ကသာ ခေါင်းဆောင်များကို ထိုအခမ်းအနားသို့ စေလွှတ်ကိုယ်စားပြုပြီး အများစုက အဆင့်မမြင့်သည့် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သည်

လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင်မူ ပြည်ထောင်စုနေ့ အခမ်းအနားသို့ အင်အားနည်းသည့် EAOs အနည်းငယ်ကသာ ခေါင်းဆောင်များကို ထိုအခမ်းအနားသို့ စေလွှတ်ကိုယ်စားပြုပြီး အများစုက အဆင့်မြင့်ကိုယ်စားလှယ် မဟုတ်သူများကိုသာ စေလွှတ်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များတက်ရောက်စေကြသည်။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌဟောင်း ပဒို စောရွှေမောင်တို့ တက်ရောက်သည်။ KNU က ၎င်းသည် အဖွဲ့အစည်းကို ကိုယ်စားမပြုဟု ငြင်းဆိုသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီတို့လည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

NCA လက်မှတ်မထိုးဘဲ တက်ရောက်သည့် အဖွဲ့အစည်းများတွင် ဆက်ဆံရေး အရာရှိများကို စေလွှတ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးကို ကိုယ်စားပြုတက်ရောက်စေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရက္ခိုင့်တပ်တော် (AA) အကြီးအကဲ ထွန်းမြတ်နိုင်၏ညီ ဦးအောင်မြတ်ကျော် ကိုယ်စားပြုတက်ရောက်စေသည့် AA နှင့် ရခိုင်အမျိုးသားဖွဲ့ချုပ် (ULA) မှ ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောတို့ ပါဝင်သည်။

ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်သည့် AA ကိုယ်စားပြု ဦးဦးလှစော (ယာစွန်)

စစ်ကောင်စီသည် AA ကိုယ်စားလှယ်များ တက်ရောက်စေရန် စိတ်အားထက်သန်ပြီး AA နှင့် ရခိုင်နိုင်ငံရေးသမားများကို အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ကြောင်း လေ့လာသူများက ပြောသည်။

တုံ့ပြန်သည့်အနေဖြင့် AA ခေါင်းဆောင်များကလည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ဖမ်းဆီးခံထားရသည့် ၎င်းတို့ အဖွဲ့ဝင်များကို လွှတ်ပေးရန် တောင်းဆိုသည်။

ပြည်ထောင်စုနေ့အခမ်းအနားတွင် AA ကို လိုအပ်နေသော စစ်ကောင်စီကလည်း ထိုအချက်ကို သဘောတူရသည်။

၂၀၂၀ ပြည့်နှစ်မတိုင်မီအထိ စစ်အုပ်စုသည် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ရခိုင်မြောက်ပိုင်းတွင် AA ကို အကြီးအကျယ်တိုက်ခိုက်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
127

နောက်ဆုံးတွင် သဘောတူညီချက်ရသည်။ AA က ကိုယ်စားလှယ်စေလွှတ်ရန် သဘောတူပြီး စစ်ကောင်စီက ထိုကိုယ်စားလှယ်သည် အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်ရမည်ဟု တောင်းဆိုသည်

နောက်ဆုံးတွင် သဘောတူညီချက်ရသည်။ AA က ကိုယ်စားလှယ်စေလွှတ်ရန် သဘောတူပြီး စစ်ကောင်စီက ထိုကိုယ်စားလှယ်သည် အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်ရမည်ဟု တောင်းဆိုသည်။

AA က နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုအပြီးတွင် နိုင်ငံရေး ကိုယ်စားလှယ် ဖြစ်လာသူ ဦးဦးလှစောနှင့် ဦးအောင်မြတ်ကျော်တို့ကို စေလွှတ်ပေးသည်။

စစ်ကောင်စီက ၎င်းတို့၏ ဧည့်သည်တော်များကို ရခိုင်ပြည်နယ်မှ နေပြည်တော်သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။

“ကျနော်တို့က ကျနော်တို့ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမြဲတမ်းအလေးထားတယ်။ ဒါကြောင့် ပြည်သူတွေ လိုအပ်ချက်နဲ့ ပတ်သက်တဲ့ လက်တွေ့ကျတဲ့နည်းလမ်းကို ကျင့်သုံးတယ်”

၎င်းတို့အဖွဲ့ ထိုအခမ်းအနားသို့ တက်ရောက်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခက ရှင်းလင်းသည်။ “ကျနော်တို့က ကျနော်တို့ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမြဲတမ်းအလေးထားတယ်။ ဒါကြောင့် ပြည်သူတွေ လိုအပ်ချက်နဲ့ ပတ်သက်တဲ့ လက်တွေ့ကျတဲ့နည်းလမ်းကို ကျင့်သုံးတယ်” ဟု ပြောသည်။

ပြည်ထောင်စုနေ့ရောက်သောအခါ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကျဉ်းသား ၈၁၄ ဦးကို နေ့ကြီးရက်ကြီးများတွင် လုပ်နေကျ ထုံးစံအတိုင်း လွှတ်ပေးသည်။ AA အဖွဲ့ဝင် အကျဉ်းသား ၆၄ ဦး လွတ်လာသည်။

AA သတင်းရင်းမြစ်များ၏ အဆိုအရ ထင်ရှားသော နိုင်ငံရေးသမားများနှင့် တပ်မှူးအများအပြားသည် အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ AA ကလည်း ရခိုင်ပြည်နယ်တွင် စစ်အရာရှိများနှင့် အခြားအဆင့်များ အပါအဝင် စစ်သုံ့ပန်း အများအပြား ဖမ်းမိထားသည်။

နိုင်ငံတွင် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူထုကန့်ကွက်ပွဲများကို နှိမ်နင်းပြီး အရပ်သား ၁၅၀၀ ကို သတ်ဖြတ်ထားသော စစ်ကောင်စီသည် နိုင်ငံတဝှမ်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များ (PDFs) များ၏ ခြိမ်းခြောက်မှုသစ်ကိုလည်း ရင်ဆိုင်နေရသည်။

တပြိုင်နက်တည်းတွင် အပစ်ရပ်ထားသော်လည်း အပစ်မရပ်မီ ကြည်း-ရေ-လေ စုပေါင်းတိုက်သော်လည်း အနိုင်မရဘဲ အထိနာသွားခဲ့ရသော မြန်မာစစ်တပ်အတွက် AA သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်နေသည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး တရားစီရင်ရေးစနစ်သစ်၊ အခွန်ဌာနသစ်၊ ပြည်သူ့လုံခြုံရေးဌာနသစ်များနှင့် အခြား အစိုးရဌာနများနှင့် သီးခြားအစိုးရကို ထူထောင်နေသည်။

AA ကို ၂၀၀၉ ခုနှစ်တွင် သေးငယ်သော ခုခံရေးအင်အားစု ပုံစံဖြင့် စတင်ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အင်အား အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်လာခဲ့သည်။

လွန်ခဲ့သောနှစ် အာဏာသိမ်းမှုအပြီးတွင် မြန်မာနိုင်ငံတနိုင်ငံလုံး၌ အကြမ်းဖက်မှုများဖြစ်သောအခါ ရခိုင်ပြည်နယ်တွင် ထိုသို့ဖြစ်ပွားခြင်းမရှိပေ။ ULA စင်ပြိုင်အစိုးရသည် ရခိုင်ပြည်နယ်ကို၊ အထူးသဖြင့် ပြည်နယ် မြောက်ပိုင်းကို အမည်မခံဘဲ ထိန်းချုပ်ထားသည်။

နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတို့အား ထောက်ခံခဲ့ခြင်း မရှိဘဲ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်သူများ အမျိုးသားရေး လက္ခဏာများ ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် အချုပ်အခြာအာဏာ ပြန်လည်ရယူရန် အဆင့်လိုက် နည်းလမ်းကို အသုံးပြုနေကြောင်း ပြောသည်။

စစ်ကောင်စီသည် လက်နက်ကိုင် ပုန်ကန်မှုသစ်များကို ရင်ဆိုင်နေရသောကြောင့် AA ကို တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များက ထိန်းချုပ်ထားဆဲဖြစ်သော်လည်း မြောက်ပိုင်းကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ထောင်ချီသည့် ရဲ၊ နယ်ခြားစောင့်တပ်များနှင့် ရေတပ်သား ၃ ထောင်အပြင် စစ်ကောင်စီခြေလျင်တပ် ၁၂,၀၀၀ သည် ရခိုင်ပြည်နယ်တွင် ရှိနေသေးသည်။

စစ်ကောင်စီသည် AA ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် စိတ်အားထက်သန်နေပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် AA နှင့် PDF များ ပူးပေါင်းမည်ကို မလိုလားပေ။

AA သည် ရခိုင်ပြည်နယ်မှ PDF များကို စစ်သင်တန်းပို့ချနေကြောင်း သတင်းများက ဆိုသည်။

AA သည် ကစားပွဲကို ရေရှည်ကစားပြီး စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း လက်တွေ့ကျသော အကြောင်းများကြောင့် တက်ရောက်ခြင်းသာဖြစ်သည်။

ပြည်ထောင်စုနေ့မတိုင်မီ ရက်အနည်းငယ်ကပင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ မောင်တောတွင် အကြီးအကျယ် ထိခိုက်သေဆုံးရသော်လည်း ထိုအပစ်အခတ်ရပ်စဲရေးသည် ဆက်လက် တည်မြဲနေသေးပုံ ရသည်။

You may also like these stories:

တကျော့ပြန် ရခိုင်တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်တပ်အကျအဆုံးများ

ဖမ်းဆီးထားသည့် ရခိုင်လူငယ် ၃၀ ကျော် စစ်ကောင်စီ ပြန်လွှတ်ပေး

ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး

စစ်အာဏာသိမ်းမှုအပြီး တနှစ်အကြာ

Your Thoughts …
Tags: AAALPDKBAEAOsKNULDUNCANDAANMSPRCSSSSPPUWSAနိုင်ငံရေးအကျဉ်းသားပြည်ထောင်စုနေ့ရက္ခိုင့်တပ်တော်ရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
“Myanmar Diaries” မှတ်တမ်းရုပ်ရှင် ပိုစတာ

ဘာလင်ရုပ်ရှင်ပွဲတော် မှတ်တမ်းရုပ်ရှင်ဆု “Myanmar Diaries”ရရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သက်တော်စောင့် ဒု ရဲအုပ်ချယ်ရီထက်

စစ်ကောင်စီစွပ်စွဲချက် ဒုရဲအုပ်ချယ်ရီထက် ငြင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved