တနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ နယ်မြေခံ ပူးပေါင်းမဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ များတယ်လို့ ပူးပေါင်းမဟာမိတ်တပ်တွေဘက်က ပြောပါတယ်။
ပူးပေါင်း မဟာမိတ်တပ်တွေဘက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဘိတ်- ထားဝယ်ခရိုင် တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ဖွဲ့တွေအပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေပါဝင်ပါတယ်။