• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီးမော့ဆိုက အသိမ်းခံ တပ်နေရာများ ပြန်ရရေး စစ်ကောင်စီကြိုးပမ်း

by ဧရာဝတီ
6 December 2022
in သတင်း
A A
ဒီးမော့ဆိုတွင် ဒီဇင်ဘာ ၃ ရက်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ  / KNDF 08

ဒီးမော့ဆိုတွင် ဒီဇင်ဘာ ၃ ရက်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ / KNDF 08

4.9k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်းက တပ်စခန်းများကို ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးအခြေအနေတင်းမာလျက် ရှိကြောင်း သိရသည်။

ဒီး‌မော့ဆိုမြို့နယ်ရှိ သေးဆူလဲစခန်းနှင့် ကုန်းသာကျေးရွာရှိ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက သိမ်းယူ ထားပြီးနောက် စခန်း ပြန်လည်ရရှိနိုင်ရန်အတွက် အင်အား အလုံးအရင်းဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်လာသဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ကြာဖူးဒေါးကျေးရွာအနီး စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့သည်။

ထို့ပြင် ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီ၏ အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ တာဝန်ရှိသူတဦးက “အတွဲလိုက် ဒုံးတွေနဲ့ ဒီးမော့ဆိုဘက်ကို ပစ်တာ။ အဲဒီလို အတွဲလိုက် ဒုံးတွေနဲ့ ပစ်တာ လနဲ့ချီနေပြီ ၃ မိုင်၊ ၄ မိုင်အထိ မြေငလျင် လှုပ်သလို တုန်ခါမှုဖြစ်တယ်။ လွိုင်ကော်အမြောက်တပ်ရယ် ဒီးမော့ဆို တပ်ကနေ ပစ်တာ။ အထိအခိုက်ကတော့ အခုထိ မသိရသေးဘူး။ ဦးတည်ပစ်တာကတော့ ရှေ့တရက်က တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ဦးတည် ပစ်တာ” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်း ကျေးရွာများသို့ ဆက်တိုက်ဆိုသလို ပစ်ခတ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

KNDF တပ်ဖွဲ့ဝင်တဦးက “သူ့အခြေအနေ ကိုယ့်အခြေအနေကို စောင့်ကြည့်နေတဲ့ အနေအထားပေါ့။ တပ်ဘက်က လှုပ်ရှားမှု ရှိလာမယ် ဆိုရင်တော့ တိုက်ပွဲဖြစ်မှာပါ့။ စစ်ရေးကတော့ တင်းမာနေတယ်။ အမြင့်ဆုံး အနေအထားမှာ ပြင်ဆင်နေကြတယ်။ ဘယ်လိုမျိုး တန်ပြန်တိုက်ရမလဲ ဆိုတာ ရှိနေတဲ့အတွက် နေရာမရွေး အချိန်မရွေး စစ်က ထပ်ဖြစ်နိုင်တယ်။ အဲဒါကြောင့် ပြည်သူလူထုတွေ ဂရုစိုက်ပြီး သွားလာဖို့ ပြောကြားလိုတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ငွေတောင် အခြေစိုက် ခလရ ၁၀၂ တပ်ရင်းနှင့် အမတ ၃၅၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် တနေကုန် ပစ်ကူပေးရုံမက တိုက်လေယာဉ်၂ စီးဖြင့် ၁၁ ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (DMO-Local PDF) က သတင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၃ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော် သေဆုံးပြီး ၄ ဦး အရှင် ဖမ်းမိခဲ့သည့် အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အရှင်ဖမ်းမိထားသည့် ၄ ဦးကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်း သိမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ကယား(ကရင်နီ) ပြည်နယ်ရဲဌာန KSP ထံသို့ အပ်မည်ဖြစ်ကြောင်း KNDF မှ သိရ သည်။

ဒီးမော့ဆိုတွင် ဒီဇင်ဘာ ၃ ရက်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ- KNDF 08)

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) နှင့် အခြား တော်လှန်ရေး အင်အားစုများ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ကရင်နီ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ်၂၀၂၁ ခုနှစ် ဒီဇင် ဘာလက ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သော တပ်ရင်းဖြစ် သည့် တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ က ဖြစ်ကြောင်း သိရသည်။

KNDF ပြန်ကြားရေး တာဝန်ခံက “ဒီအဖွဲ့ ဝင်လာတာကို ကျနော်တို့တော့ ကြိုဆိုတယ်။ လာနိုင်သလောက် လာပေါ့။ ဘယ်တပ်မပဲ သုံးသုံး လေကြောင်း ပဲ လာလာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာ” ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းက သေးဆူလဲစခန်းအပြင် ကုန်းသာကျေးရွာတွင် တပ်စွဲထားသော တပ်စခန်းများကို နိုဝင် ဘာလ ၂၉ ရက်တွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သဖြင့် စွန့်ခွာသွားရသည့် စစ်ကောင်စီတပ် သည် ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု(KRU) “အဲဒီဘက်က တိုက်ပွဲကြောင့် ကုန်းသာကိုလည်း လာနိုင်တဲ့ အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့က ကုန်းသာကို လာနိုင်တဲ့ နေရာတွေကို ကင်းယူထားတယ်” ဟု ပြော သည်။

ဒီးမော့ဆိုတွင် ဒီဇင်ဘာ ၃ ရက်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ- KNDF 08)

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အရှေ့ဘက်ရှိ သေးဆူလဲ၊ ဒေါကမီးတကြောတွင် စစ်ကောင်စီ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ်ရေး အခြေအနေ တင်းမာနေသလို တိုက်ပွဲများလည်း ဖြစ်ပွားနေသဖြင့် အထက်ပါနေရာများအနီး ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြသေးရန် KNDF က သတိပေး ထားသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

လပေါင်းများစွာကြာ စစ်ရှောင်နေရသည့် ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်သူများအနေဖြင့်လည်း အိမ်နှင့် ဝေးကွာနေ သဖြင့် နေရပ်ပြန်လိုသူများ ရှိသော်လည်း စစ်တပ်၏ မိုင်းအန္တရာယ်ကိုလည်း ကြောက်နေရကြောင်း၊ လက်တလော တွင် ရိက္ခာ ပြတ်တောက်မှု အခက်အခဲကို ကြုံနေရကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတဦးက ဆိုသည်။

၎င်းက “ပြန်ချင်တာတော့ အားလုံးက ပြန်ချင်တယ်။ ကိုယ့်အိမ် ကိုယ့်အိုးတွေလည်း သတိရကြတယ်။ ၁ ယောက် ၂ ယောက်လောက် အိမ်ကို ပြန်ကြည့်ကြတယ်လေ။ အဲဒီကျ မိုင်းတွေ နင်းမိတာကို တွေ့ရတော့ ကြောက်ကြတာပေါ့။ အခုနောက်ပိုင်း ရိက္ခာကလည်း တော်တော်လေး ခက်ခဲတယ်။ အလှူရှင်တွေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့် လာပို့လို့မရသလို အများကြီးလည်း သယ်မလာနိုင်ဘူး။ အခုကတော့ အခက်အခဲဆုံး အခြေအနေမှာ ရောက် နေတယ်” ဟု ပြောသည်။

ဒီးမော့ဆိုတွင် ဒီဇင်ဘာ ၃ ရက်၌ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ- KNDF 08)

ဒီးမောမြို့နယ်၊ အောင်ချမ်းသာရွာက စစ်ရှောင်တဦးကလည်း “ကျမတို့ နားမှာဆိုရင် စစ်ကောင်စီတပ်တွေ ရှိနေတဲ့ အတွက်ကြောင့်မို့လို့ အဝင်အထွက်တွေ လုပ်လို့ မရဘူး။ သတ်မှတ်ထားတဲ့ နယ်မြေ ဝန်းကျင်မှာပဲ သွားလာလို့ ရ တယ်။ မိုင်းအန္တရာယ်လည်း ကြောက်ရတယ်။ အမြဲတမ်း ထွက်ပြေးဖို့ အဆင်သင့် ပြင်နေတာပဲ အထုပ်အပိုးတွေနဲ့။ ဘယ်နေရာကိုများ ရှောင်ရမလဲ ဆိုပြီး အမြဲတမ်း တွေးနေရတယ်။ ညဆိုလည်း အိပ်ရေးပျက်တယ်။ ကလေးတွေက အစပေါ့” ဟု ပြောသည်။

နိုဝင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲ ကျေးရွာတို့မှ ရှမ်းကယားနယ်စပ် နန်းဖယ်ခုံမြို့နှင့် အနီး တဝိုက် ကျေးရွာများအထိ စစ်ကောင်စီတပ်များကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်မြို့နယ် ကုန်း ဆွတ်၊ ပါလောင်းနှင့် ဒေါတယို့ကျေးရွာ ပတ်ဝန်းကျင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အပြင် ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်နီပူးပေါင်း တပ်ဖွဲ့များမှ အလစ်အငိုက် တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် အရပ်သားပြည်သူ သေဆုံးမှု ၂၈၂ ဦးရှိပြီး လေကြောင်း တိုက်ခိုက် ခံရမှု ၁၇၃ ကြိမ် ရှိကာ နေအိမ် ၁၂၄၇ လုံးအထိ ပျက်စီးမှုရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်ကောင်စီ ဝယ်ထားသည့် တရုတ်တိုက်လေယာဉ် ၆ စီး မြန်မာသို့ရောက်

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

Your Thoughts …
Tags: KNDFစစ်ကောင်စီတိုက်ပွဲဒီးမော့ဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ခုနှစ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် ဒေါက်တာ ခလမ်ဆမ်ဆွန်  / ABC News video screenshot

ဖမ်းဆီးခံရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် မိသားစုဆက်သွယ်မရဖြစ်နေ

ဒီပဲယင်း မြို့နယ်အတွင်း မီးရှို့ခံထားရသော ကျေးရွာများ / ဒီပဲယင်းမြို့နယ် ညီနောင်များ

ဒီပဲယင်းတွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းကာ လူသားဒိုင်းလုပ်နေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved