• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

by ဧရာဝတီ
5 December 2022
in သတင်း
A A
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မီးရှို့ခံထားရသော ကျေးရွာများ / Tigyaing Revolution-TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မီးရှို့ခံထားရသော ကျေးရွာများ / Tigyaing Revolution-TR

4.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဝင် ရောက်၍ ရွာ ၇ ရွာကို မီးရှို့သဖြင့် နေအိမ် ၄၅၂ လုံးနှင့် စပါးတင်း ထောင်ချီ ဆုံးရှုံးခဲ့ရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ် ချုပ် ရေး အဖွဲ့ထံမှ သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ရွာများမှာ ဆူးပုတ်ချောင်ရွာမှ ၃၅ အိမ်၊ အင်ကြင်းကုန်းရွာမှ ၄၂ အိမ်၊ အင်းတိန်ရွာမှ ၄၉ အိမ်၊ အလယ်တောကျေးရွာမှ ၈၅ အိမ်၊ လေသာကျေးရွာမှ ၁၈၇ အိမ်၊ ကျက်သရေချောင်ကျေးရွာမှ ၂၂ အိမ်၊ သခွတ်ချောင် ကျေးရွာမှ ၃၂ အိမ်တို့ဖြစ်ပြီး မကွေးမြို့ အခြေစိုက်တပ်မ ၈၈ လက်အောက်ခံ၊ ပုဂံ-ညောင်ဦး အခြေစိုက် ခမရ ၄၁၅ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်း ဦးစီးသည့် စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ဒေသခံများထံမှ သိရသည်။

ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီမှာ ဆူးပုတ်ချောင် ရွာကနေစပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တာ။ စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်တာကလည်း ၄ ကြိမ် လုပ်ထားသေးတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များက ထီးချိုင့်မြို့နယ်အတွင်းမှ ကျေးရွာ ၅၀ ခန့်ထိ မီးရှို့မည်ဟု သတင်းထွက်ပေါ်နေပြီး ယနေ့အထိ ရွာစဉ်ပတ်ကာ မီးရှို့ခြင်းများကိုလည်း ပြုလုပ်နေလျက်ရှိသောကြောင့် ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကာ လက်ရှိအချိန်ထိ ကျေးရွာ ၇ ရွာမှ ၄ ထောင်ခန့်ထိ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မီးရှို့ခံထားရသော ကျေးရွာများ/Tigyaing Revolution-TR

နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအပြင် စပါးကျီများအတွင်း သိုလှောင်ထားသော စပါးတင်းပေါင် ထောင်ချီပျက်စီးဆုံး ရှုံးခဲ့ရသလို လယ်ယာသုံး စက်ယန္တရားများ၊ ယာဉ်များ၊ ကျွဲ၊ နွားစသည့် အိမ်မွေးတိရစာ္ဆန်များလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများကြောင့် တိုက်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်မှုများကိုပါ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း က အလယ်တော တောင်ရိုးရှိ ဘုရားကုန်းရွာ၊ နိုဝင်ဘာ ၂၈ ရက်တွင် လေသာနှင့် အင်းတိန်ရွာများ၊ ဒီဇင်ဘာ ၁ ရက် ညပိုင်းကလည်း လေသာ၊ အလယ်တောကျေးရွာများသို့ ဗုံးကြဲ တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက “ထီးချိုင့်နယ်ထဲ ဖြစ်တဲ့တိုက်ပွဲတွေမှာ သူတို့ဘက် အထိနာ အသေ အပျောက်တွေ များလာတော့ မြေပြင်မှာ ယှဉ်မတိုက်ရဲကြတော့ လေယာဉ်ပစ်ကူတွေနဲ့ ဖောက်ထွက်ဖို့ လုပ်ခဲ့ကြတာမျိုးပေါ့။ ဒါတောင် သူတို့တွေက ၆၀ မမလို လက်နက်ကြီးတွေကို တော်တော်များများ သုံးပြီးမှ ရွာတွေကို ဝင်စီးရဲကြတာ”ဟု ပြောသည်။

အိမ်ခြေ ၄၀၀ကျော်ရှိသည့်လေသာရွာကို မီးရှို့ရာတွင် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံး ထိခိုက်မှုရှိခဲ့ပြီး လေကြောင်းမှ ပစ်ကူတောင်းကာ ဖောက်ထွက်ခဲ့ရ ကြောင်း၊ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် မောင်ဇော်၏ အလောင်းကိုလည်း လေသာရွာ စာသင်ကျောင်းဝင်းအတွင်းမှာပင် မြှုပ်နှံခဲ့ကြောင်း သိရသည်။

“လေသာရွာ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်။ သူတို့ဘက်က အသေ အပျောက်ကိုတော့ တိတိကျကျ မသိရသေးဘူး။ ညတွင်းချင်း လေကြောင်းပစ်ကူတောင်းပြီး ထွက်ပြေးသွားကြတာ၊ စစ်ကြောင်း စဝင်လာတဲ့နေ့ကတည်းက ရွာသူ ရွာသားတွေကလည်း နေ့တိုင်း ဘေးလွတ်ရာကို အခုထိ ရှောင်နေကြရ တယ်၊ သူတို့ ပြန်ထွက်သွားတာနဲ့ လေသာရွာကို ဝင်တော့ အတော်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပေါ့။ ရွာပျက်ကြီး ဖြစ်နေပြီ၊ အိမ်ကြီးအိမ်ကောင်းတွေလည်း အကုန် မီးရှို့ခံလိုက်ရတယ်” ဟု ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မီးရှို့ခံရသည့် လေသာရွာ ဘုန်းကြီးကျောင်းမှာ ဘုံ ၇ဆင့် အပြည့်ရှိသည့် ကသာနယ်ရှိ ရှေးဟောင်းကျောင်းတကျောင်း ဖြစ်ပြီး တံခါးချပ်ပေါင်း ၂၆၃၀ ရှိကာ ရှေးလက်သမားပညာဖြင့် ဆောက်လုပ်ထားသည့် သစ်သားလုံးစွပ်ကျောင်းဖြစ် ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်း စုဆောင်းထားသည့် ရှေးဟောင်းလက်ရာ ပစ္စည်းများ ပေပုရပိုက်များ အားလုံးကို စစ်တပ် က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတဦးက ပြောသည်။

ယနေ့တွင်လည်း ရွှေချောင်း၊ ပဲခင်း၊ ဗိုလ်တဲကုန်းကျေးရွာများအား မီးရှို့နေလျက်ရှိသလို ဗိုလ်တဲကုန်းကျေးရွာတွင် ညအိပ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဖောက်ထွက်ကာ ရွှေချောင်း၊ ပဲခင်းဘက်ရှိ ပူးပေါင်းနိုင်ရန် စစ်ကြောင်းထိုးလျက် ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ထီးချိုင့်မြို့နယ်တွင်လေကြောင်းတိုက်ခိုက်ခံရမှုနှင် မီးရှို့ခံရမှုအနေဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့က မရသိမ် ကျေးရွာ၊ သြဂုတ် ၂၉ ရက်က ပျဉ်စုရွာလည်း ဗုံးကြဲ တိုက်ခိုက်ခံ ခဲ့ရသလို ကျေးရွာ၂၀ ကျော်ထိ မီးရှို့ဖျက်ဆီးခံထားရပြီး ဖြစ်ကြောင်း သိရသည်။

You may also like these stories:

မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ

ကန့်ဘလူနယ်မှ NLD ထောက်ခံသူတို့၏ အိမ်များ ပျုစောထီးများ ချိပ်ပိတ်

စစ်ကိုင်းနှင့် မကွေးက ကျေးရွာများ အာဏာသိမ်းတပ် ဝင်စီးနေ၍ ထွက်ပြေးနေရ

တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ

ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်

Your Thoughts …
Tags: ကသာစစ်ကောင်စီထီးချိုင့်ရွာမီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်က အနိုင်ရစဉ်တွေ့ရသော အမ်ဘတ်ပေ

ပြင်သစ်-အင်္ဂလန် ပွဲကြီးပွဲကောင်းနဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့ဝင်များ

AA အပစ်ရပ်မှု စစ်ကောင်စီဆန့်ကျင်ရေး အခြားအဖွဲ့များပေါ် ဖိအားပိုလာမလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved