• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြင်သစ်-အင်္ဂလန် ပွဲကြီးပွဲကောင်းနဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

by လေးလေး
6 December 2022
in ဆောင်းပါး
A A
၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်က အနိုင်ရစဉ်တွေ့ရသော အမ်ဘတ်ပေ

၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်က အနိုင်ရစဉ်တွေ့ရသော အမ်ဘတ်ပေ

7.1k
VIEWS
Share on FacebookShare on Twitter

ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေကြပြီး အာဂျင်တီးနား-နယ်သာလန်၊ ပြင်သစ်-အင်္ဂလန်၊ ဘရာဇီး-ခရိုအေးရှားလို အသင်းကြီးများ ထိပ်တိုက်တွေ့မယ့် ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားကြပါတော့မယ်။

ကွာတားမှာ ထိပ်တိုက်တွေ့နေကြတဲ့ အာဂျင်တီးနားနဲ့ နယ်သာလန် ၊ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတွေ အားလုံးဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီးအသင်းတွေ ဖြစ်ပါတယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

နယ်သာလန်အသင်းကလွဲပြီး ကျန်အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ အင်္ဂလန်နဲ့ ပြင်သစ်တို့ဟာ ကမ္ဘာ့ဖလားဗိုလ်စွဲဖူးတဲ့ အသင်းတွေဖြစ်ပြီး ပြင်သစ်က လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အသင်း ဖြစ်ပါတယ်။

အာဂျင်တီးနား-နယ်သာလန်

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပြိုင်ပွဲမစမီက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့ပေမယ့် အဖွင့်ပွဲမှာ ဆော်ဒီကို ရှုံးခဲ့တယ်။ မက္ကဆီကိုနဲ့ပွဲမှာ မက်ဆီနဲ့ အာဂျင်တီးနားအသင်း ပြန်လာနိုင်ခဲ့ပြီး အသင်းလိုက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တယ်။ ယုံကြည်မှုကောင်းလာတဲ့ အာဂျင်တီးနားဟာ ပိုလန်ကိုအနိုင်ယူပြီး ရှုံးထွက်အဆင့် တက်လှမ်းနိုင်ခဲ့တယ်။

ရှုံးထွက်အဆင့်မှာတော့ မက်ဆီရဲ့ဦးဆောင်ဂိုးနဲ့ပဲ သြစတြေးလျကို ၂-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခဲ့တယ်။ မက်ဆီကို တည်ကစားတဲ့ အာဂျင်တီးနားအသင်းဟာ တပွဲထက်တပွဲ ယုံကြည်မှု အားကောင်းလာပြီး မက်ဆီရဲ့ခြေစွမ်းနဲ့ပဲ ကွာတားအထိ တက်လာခဲ့တာ တွေ့ရတယ်။

အုပ်စု (A) က နယ်သာလန်အသင်းဟာ အုပ်စုတွင်းမှာ ဆီနီဂေါကို ၂-ဝ ၊ အီကွေဒေါနဲ့ ၁-၁ ၊ ကာတာကို ၂-၀ နဲ့ အနိုင် ကစားပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက် ရှုံးထွက်အဆင့်မှာ အမေရိကန်ကို ၃-၁ နဲ့ ခြေစွမ်းပြ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လာတာပါ။

အာဂျင်တီးနားနှင့် နယ်သာလန်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၇၄၊ ၁၉၇၈၊ ၁၉၉၈ နဲ့ ၂၀၁၄ တို့မှာ တွေ့ဆုံခဲ့ဖူးပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားက ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်း

ဒီနှစ်သင်းရဲ့ အခုနှစ်ကမ္ဘာ့ဖလားခြေစွမ်းနဲ့ ကစားသမား စုဖွဲ့မှုကိုကြည့်ရင် သိပ်ကွာလှတာ မတွေ့ရဘဲ အာဂျင်တီးနားကတော့ မက်ဆီရှိနေတဲ့အတွက် ခေါင်းတလုံးပိုမြင့်ပြီး နည်းနည်းသာနေတယ်။

အားကစား ဆောင်းပါးရှင် ကိုဟိန်းသန့်ကတော့ ဒီနှစ်သင်းတွေ့ဆုံမှုမှာ နှစ်သင်းနည်းပြတွေက စကားပြောလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“နည်းပြပိုင်းမှာ နယ်သာလန်နည်းပြ ဗန်ဟားနဲ့ အာဂျင်တီးနားနည်းပြ စကာလိုနီရဲ့အတွေ့အကြုံ ကြည့်ရင် စကာလိုနီက တော်တော်လေး အားနည်းနေတာ တွေ့ရတယ်။ ဗန်ဟားက ကမ္ဘာ့ဖလားအတွေ့အကြုံရှိတယ်။ သူ နယ်သာလန် ကိုင်လိုက်ရင် အကျိုးပေးတယ် ပြောရမှာပေါ့။ အမေရိကန်နဲ့ပွဲဆိုရင် ဗန်ဟား ပြင်ဆင်ထားပုံက သေချာပြင်ဆင်ပြီး ကစားတာ တွေ့ရတယ်။ ဥပမာ နယ်သာလန်သွင်းသွားတဲ့ ပထမနှစ်ဂိုးက ပုံစံတူပဲ။ ဂိုးသွင်းတဲ့သူသာ ပြောင်းသွားတယ်။ ဖန်တီးပေးတဲ့သူက တယောက်တည်း ပုံစံကလည်း တပုံစံတည်း။ ဒါက ပြိုင်ဘက်အသင်းအားနည်းချက်ကို ကြည့်ပြီး ဗန်ဟား သေချာပြင်ဆင်လာတာလို့ တွေ့ရတယ်”

အာဂျင်တီးနားနည်းပြကတော့ မက်ဆီအားနဲ့ ကစားကွက်တည် ကစားပြီး လူထုတ်ပုံနဲ့ လူစားလဲတာတွေမှာ စိုးရိမ်လွန်နေတာ တွေ့ရတယ်။ နည်းပြနှစ်ဦးရဲ့အရည်အသွေးက အခုတွေ့ဆုံမှုမှာ တော်တော်စကားပြောသွားလိမ့်မယ်လို့လည်း သုံးသပ်ပြောပါတယ်။

နောက် ဆောင်းပါးရှင်တဦးဖြစ်တဲ့ ချစ်ဝင်းမောင်ကတော့ အာဂျင်တီးနား အနိုင်ရသွားမယ့်ပွဲလို့ ပြောတယ်။

“ဒီနှစ် ကမ္ဘာ့ဖလားမှာ အစဉ်အလာရှိခဲ့တဲ့ နယ်သာလန်က ကွာတားဖိုင်နယ်အထိ တက်လှမ်းလာခဲ့ပါပြီ။ သူတို့ ရင်ဆိုင်ကြရမှာက မက်ဆီပါဝင်တဲ့ အာဂျင်တီးနား”

အာဂျင်တီးနားဟာ ၁၉၈၆ မာရာဒိုနာတို့ ချန်ပီယံဖလား ရယူပေးပြီးကတည်းက ဗိုလ်မစွဲတော့တာ ၃၆ နှစ် ရှိသွားပြီ။ ဒီနှစ်တော့ အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်လို့ ဟောကိန်းထုတ်နေကြတာ ရှိတယ်။

နယ်သာလန်အသင်း

တကယ်လည်း အာဂျင်တီးနားဟာ အဖွင့်ပွဲမှာ မတော်တဆ ဆော်ဒီအာရေဗျကို ရှုံးခဲ့တာက လွဲရင် မက္ကဆီကို၊ ပိုလန်တို့ကို အကောင်းဆုံးခြေစွမ်းနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ကစားသမားစုဖွဲ့မှုနဲ့ ရလဒ်တွေအရ ပြောရရင် အာဂျင်တီးနားက နယ်သာလန်ထက် ပိုသာတယ်။

နယ်သာလန်ကလည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ခဲ့ဖူးပြီး ဗိုလ်မစွဲသေးတဲ့အတွက် ဗိုလ်လုပွဲအထိ ရည်မှန်းထားမှာဖြစ်သလို လက်ရှိကစားသမား စုဖွဲ့မှုကလည်း အာဂျင်တီးနားကို ရင်ဆိုင်နိုင်စွမ်း ရှိနေတယ်။

အစဉ်အလာအရ ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်ဟာ တောင်အမေရိကအသင်းတွေကို မနိုင်ဖူးသေးဘူး။ ဒီပွဲဟာ အကြိတ်အနယ် ကစားပြီး အာဂျင်တီးနား အနိုင်ရသွားမယ့်ပွဲပါ။
အာဂျင်တီးနား-နယ်သာလန်ပွဲကို လာမယ့် စနေည မြန်မာအချိန် မနက် ၁ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။

အင်္ဂလန်-ပြင်သစ်

အုပ်စုတွင်းပွဲတွေထက် ရှုံးထွက်အဆင့်ပွဲမှာ ခြေစွမ်းပြ ဂိုးပြတ်သွင်းပြီး အောင်ပွဲယူခဲ့တဲ့ နာမည်ကြီးနှစ်သင်း တွေ့ဆုံမှု ဖြစ်ပြီး ပရိသတ်စောင့်ကြည့်ကြမယ့် ပွဲကြီးပွဲကောင်း တပွဲလည်း ဖြစ်လာမှာပါ။

ပြင်သစ်အသင်းက ပြိုင်ပွဲမစမီမှာ ဒဏ်ရာရ ကစားသမားများနေတဲ့အတွက် အခက်တွေ့နိုင်မလားဆိုပြီး စောင့်ကြည့်ခဲ့ကြရပေမယ့် အဖွင့်ပွဲမှာတင် သြစတြေးလျ အသင်းကို ၄-၁ နဲ့ အနိုင်ကစားနိုင်ခဲ့တယ်။ အုပ်စုတွင်း အဓိက ပြိုင်ဘက် ဒိန်းမတ်ကို ၂-၁ နဲ့ အနိုင်ကစားပြီး အုပ်စုအဆင့်ကို အစောဆုံးတက်လာခဲ့တယ်။

ပြင်သစ်အသင်း

ရှုံးထွက်အဆင့်မှာ ပိုလန်ကို ၃-၁ နဲ့ သက်တောင့်သက်သာကစားပြီး ကွာတားဖိုင်နယ်ကိုတက်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ အုပ်စုအဖွင့် အီရန်နဲ့ပွဲမှာတင် ၆ ဂိုးသွင်းပြီး တိုက်စစ်အစွမ်း ထုတ်ပြခဲ့တယ်။ ဒါပေမယ့် အီရန်ကို ၂ ဂိုးပြန်ပေးခဲ့ရတဲ့ အင်္ဂလန်ခံစစ်က ပြောစရာ ဖြစ်ခဲ့တယ်။ ရှုံးထွက်အဆင့်အထိ အင်္ဂလန်သွင်းဂိုး ၁၂ ဂိုးရှိနေတာကလည်း အင်္ဂလန်တိုက်စစ်ကစားသမားတွေကို အထင်ကြီးစရာ ဖြစ်ရပြန်ပါတယ်။

ရှုံးထွက်အဆင့် ဆီနီဂေါနဲ့ပွဲမှာ တိုက်စစ်အတွဲအဘက်တွေဖြစ်ကြတဲ့ ဟယ်ရီကိန်း၊ ဆာကာနဲ့ ဖိုဒန်အတွဲက ပို အလုပ် ဖြစ်ခဲ့တာလည်း တွေ့ရတယ်။ ကွင်းလယ်က လူငယ်ကစားသမား ဘယ်လင်ဂမ် ခြေစွမ်းပြမှုနဲ့ အင်္ဂလန်ဂိုးတွေရနေသလို ကွင်းလယ်မှာ ထိန်းကျောင်းပေးနိုင်တဲ့ ဝါရင့် ဟန်ဒါဆန်လို ကစားသမားမျိုးရှိနေတာက ပြိုင်ဘက်ပြင်သစ်ထက် အားသာချက်လည်း ဖြစ်တယ်။

အုပ်စုတွင်းပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ခြေမှန် မတွေ့ရသေးဘူး ဆိုသူတွေကို ရှုံးထွက်အဆင့်ရောက်တော့ အင်္ဂလန်ရဲ့လုံလောက်တဲ့ ကွင်းလယ်နဲ့တိုက်စစ်ရှိကြောင်း သက်သေပြနိုင်ခဲ့တယ်။

ပြင်သစ်နဲ့အင်္ဂလန်နှစ်သင်း နောက်ဆုံး တွေ့ဆုံမှု ငါးကြိမ်ထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ဆုံးအကြိမ်မှာ ပြင်သစ်က သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးရဲ့ လူအင်အား၊ ကစားပုံ၊ သိပ်မကွာတာ တွေ့ရတယ်။

အင်္ဂလန်အသင်း

တခုရှိတာက အင်္ဂလန်အသင်းရဲ့ဂိုးသွင်းအားဖြစ်ပြီး ကစားခဲ့သမျှ ၄ ပွဲမှာ အင်္ဂလန်က ၃ ပွဲ ဂိုးသွင်းထားတယ်။ တပွဲကို အနည်းဆုံး ၃ ဂိုးသွင်းထားတဲ့ အင်္ဂလန်တိုက်စစ်က ပြင်သစ်ထက် နည်းနည်းသာနေတယ်။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က ပြင်သစ်-အင်္ဂလန်ထိပ်တိုက်တွေ့ဆုံမှုမှာ သရေကျဖို့များတယ်လို့ သုံးသပ်ပါ တယ်။

“ပြင်သစ်ဂိုးရဖို့က အမ်ဘတ်ပေနဲ့ ဂျရူး နှစ်ယောက်အပေါ် အားထားရတဲ့ ပုံပေါ်နေတယ်။ နောက်တခု ပြင်သစ်ကွင်းလယ်က အင်္ဂလန်နဲ့ယှဉ်ရင် နည်းနည်းနုနေသလိုပဲ။ ပိုလန်နဲ့ပွဲမှာဆို ပြင်သစ်ရှေ့တန်းက ဂရစ်မန်းက ကွင်းလယ်ဆင်းပြီး ကွင်းလယ်သမားလို ကစားပေးခဲ့ရတယ်။ ခြေစွမ်းနဲ့ လက်ရှိကစားသမား ကစားပုံနဲ့ သရေကျဖို့များမယ် ထင်တယ်”

ဂိုးသွင်းနိုင်စွမ်းမှာ အင်္ဂလန်က သာပြီး ပရိသတ်အတွက်တော့ ပွဲကြီးပွဲကောင်းတပွဲဖြစ်လာမယ်လို့လည်း ပြောပါတယ်။

ပြင်သစ်-အင်္ဂလန် ကွာတားပွဲကို တနင်္ဂနွေ မနက် မြန်မာ စံတော်ချိန် အချိန် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

You may also like these stories:

ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

Your Thoughts …
Tags: ကမ္ဘာ့ဖလားကာတာကွာတားဖိုင်နယ်ဘောလုံးပွဲ
လေးလေး

လေးလေး

Similar Picks:

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

by ဧရာဝတီ
29 August 2023
1.8k

ဟာမိုဆိုသည် ၁၅ ရက်အတွင်း တရားဝင် တိုင်ကြားချက် တင်ရန် အခွင့်အရေးပေးလိမ့်မည်ဟု တရားရုံးကပြောကြားခဲ့သည်။

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

by ဧရာဝတီ
21 May 2025
674

ပြည်ပအစိုးရများ၊ ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရများထံမှ ချီးမြှင့်မြှောက်စားမှု သို့မဟုတ် လက်ဆောင်ကို သမ္မတက လက်ခံခြင်းအား ကန့်သတ်ထားသည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် နှစ်ခုရှိသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့လည်က ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

ကျောင်းသူများအား ဗွီဒီယိုခိုးရိုက်သူ အရေးယူပေးရန် ပြည်တက္ကသိုလ် ကျောင်းသားမဂ္ဂတောင်းဆို

by ကောင်းမြတ်မင်း
22 February 2020
50.7k

အဲဒီလို လုပ်ရပ်အပေါ် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ရော လူ့အဖွဲ့ အစည်းအနေနဲ့ပါ လုံးဝလက်ခံနိုင်စရာ အကြောင်းတချက်မှ မရှိပါဘူး။ ဒီလိုမျိုး ကာယအိန္ဒြေပျက်ပြားစေမှု ကျောင်းသူ တွေရဲ့ ဂုဏ် သိက္ခာ ကာကွယ်တဲ့အနေနဲ့ ကျူးလွန်တဲ့လူကို သတိပေး ပြောဆိုပြီး ပြန်လွှတ်တာလောက်နဲ့ မဖြစ်သင့်ဘူး။

၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့ အကြိုဗိုလ်လုပွဲတွေ ကန်ပါမယ် / Getty Images

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

by လေးလေး
13 December 2022
2.7k

ဘယ်သူမှ စကားထဲထည့်မပြောခဲ့တဲ့ မော်ရိုကိုက ကျော်ဖြတ်ပြခဲ့တော့ အံ့သြလွန်းလို့ သေတော့မယ် ဖြစ်ခဲ့ကြရ။

၂၀၂၂ ကမ္ဘာ့ဖလားကို ချန်ပီယံဟောင်း ပြင်သစ်ပဲ ဆက်ထိန်းထားနိုင်မလား၊ အာဂျင်တီးနားကပဲ လုယူသွားနိုင်မလား /  Cluchpoints

ပြင်သစ်လက်ထဲက ကမ္ဘာ့ဖလား အာဂျင်တီးနား လုသွားမလား

by လေးလေး
15 December 2022
5.4k

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်တာဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဗိုလ်လုပွဲတက်ခြင်းလည်း ဖြစ်ပါတယ်။

Next Post
စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့ဝင်များ

AA အပစ်ရပ်မှု စစ်ကောင်စီဆန့်ကျင်ရေး အခြားအဖွဲ့များပေါ် ဖိအားပိုလာမလား

မေယုမြစ်အတွင်းတွေ့ရသည့် စစ်ကောင်စီဇက်ရေယာဉ် / CJ

ရခိုင်တွင် အပစ်ရပ်ပြီး စစ်ကောင်စီ လက်နက်ရိက္ခာ အလုံးအရင်း ဖြည့်နေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved