• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသူများအား ဗွီဒီယိုခိုးရိုက်သူ အရေးယူပေးရန် ပြည်တက္ကသိုလ် ကျောင်းသားမဂ္ဂတောင်းဆို

by ကောင်းမြတ်မင်း
22 February 2020
in သတင်း
A A
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့လည်က ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့လည်က ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

50.7k
VIEWS
Share on FacebookShare on Twitter

ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပွဲကြည့်စင်အောက်မှ နေ၍ ကျောင်းသူများ၏ ခန္ဓာကိုယ် အောက်ပိုင်းအား ဗွီဒီယိုခိုးရိုက်သည့် ဘောလုံးပွဲ စည်းကြပ်ဒိုင်အား အရေးယူပေးရန် ပြည်တက္ကသိုလ် ကျောင်းသား များသမဂ္ဂမှ ယမန်နေ့ကတောင်းဆိုသည်။

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ပြည်ခရိုင်အားကစားကွင်းတွင် ကျင်းပသည့် ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် သင်္ချာနှင့် ဓာတုဗေဒ ဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်စဉ် ကျောင်းသူအများစု အား ပေးနေသည့် အလယ်ပွဲကြည့်စင်အောက်မှ လူတဦးက ကျောင်းသူများအား ဗီဒီယို ခိုးရိုက်သည်ကို မြင်၍ ဝိုင်းဝန်းဖမ်း ဆီးရာ ထိုသူမှာ ဘောလုံးပွဲ စည်းကြပ်ဒိုင်တဦး ဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်း၏ဖုန်းအား စစ်ဆေးရာ ပွဲကြည့်စင် အောက်ခင်းကြမ်းကြားမှ ကျောင်းသူလေးများ၏ ခန္ဓာကိုယ် အောက်ပိုင်း မဖွယ်မရာဗွီဒီယိုဖိုင်ကို တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများမှ အဆိုပါဗွီဒီယိုဖိုင်အား ကျောင်းသူ၊ ကျောင်းသား များရှေ့တွင် ဖျက်ဆီးကာ အရေးမယူပဲ ပြန်လွှတ်ပေးခဲ့သည့်အတွက် ကျူးလွန်သူအား အရေးယူပေးရန် တောင်ဆို ရခြင်းဖြစ်ကြောင်း ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုပိုင်ဖြိုးဇင်က ဧရာဝတီကိုပြောသည်။

“ရွှေတောင်ဒိုင်အဖွဲ့ဝင်ထဲက တဦးဖြစ်တဲ့ စည်းကြပ်ဒိုင်ကနေပြီးတော့မှ ကျောင်းသူတွေရဲ့ အောက်ပိုင်း မဖွယ်မရာ ဒီလို ဗွီဒီယိုတွေရိုက်ကူးတာကို ဗွီဒီယိုသက်သေနဲ့တကွ လက်ရဖမ်းဆီးရရှိခဲ့တယ်။ ကျောင်းတာဝန်ရှိ သူတွေက သက်သေ ဗွီဒီယိုကိုဖျက်ခိုင်းပြီး တရားခံကိုလည်း သတိပေးပြောဆိုတာလောက်ပဲလုပ်ပြီး လွှတ်ပေးခဲ့တယ်” ဟု ကိုပိုင်ဖြိုးဇင်က ပြောသည်။

ဆက်လက်ပြီး ကိုပိုင်ဖြိုးဇင်က “အဲဒီလို လုပ်ရပ်အပေါ် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ရော လူ့အဖွဲ့ အစည်းအနေနဲ့ပါ လုံးဝလက်ခံနိုင်စရာ အကြောင်းတချက်မှ မရှိပါဘူး။ ဒီလိုမျိုး ကာယအိန္ဒြေပျက်ပြားစေမှု ကျောင်းသူ တွေရဲ့ ဂုဏ်သိက္ခာ ကာကွယ်တဲ့အနေနဲ့ ကျူးလွန်တဲ့လူကို သတိပေး ပြောဆိုပြီး ပြန်လွှတ်တာလောက်နဲ့ မဖြစ်သင့် ဘူး။ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက်နဲ့ တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်တဲ့လူကို အရေးယူပေးစေချင်တယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားရာ ပြည်ခရိုင်အားကစားကွင်း၏ အလယ်ပွဲကြည့်စင်(ဖေဖေါ်ဝါရီ ၇ရက်က သင်္ချာအသင်းနှင့် ဒဿနိကဗေဒ အသင်းတို့ ယှဉ်ပြိုင်ကစားစဉ်) (ကောင်းမြတ်မင်း/ဧရာဝတီ)

ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကလည်း နစ်နာသူ ကျောင်းသူများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ထိပါးမည် စိုး၍ နစ်နာသူများ မပါဘဲ တက္ကသိုလ် အုပ်ချုုပ်ရေးပိုင်းမှ တရားလိုပြုလုပ်၍ တရားစွဲပေးမည် ဖြစ်ကြောင်း၊ နစ်နာသူကျောင်းသူများကိုယ်တိုင် တရားစွဲရမည်ဆိုပါက ကျောင်းသူများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို မထိပါးစေရန် ရဲစစ်ချက်ယူသည့်နေရာအပါအဝင် တရားခွင်များအထိ ကိုယ်တိုင်တက်ရောက် ကြားနာပေးသွား မည် ဖြစ်ကြောင်း ဧရာဝတီကိုပြောသည်။

“နစ်နာတဲ့ကလေးနဲ့ ရဲစခန်းမှာသွားအမှုဖွင့်ရမယ်။ ကျနော်ကိုယ်တိုင်လိုက်မယ်။ အမှုဖွင့်လို့ ရမရ ရဲကဆုံးဖြတ်ပေး မှာကို မေးရင်လည်း ကျနော်ရှေ့မှာပဲ ကလေးကို အမေးခံမယ်၊ ကျနော်ကွယ်ရာမှာ အမေးမခံဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုကိစ္စတွေ မေးမှာကိုး ကျနော်ကိုယ်တိုင် လိုက်ပြီးတော့ လုပ်ပေးမယ်။ တရားရုံးမှာ ကိုယ်တိုင်လိုက်ခွင့် ရမရတော့ မသိဘူး၊ အဲဒါတွေ အကုန်လုံးဆောင်ရွက်ပေးပါ့မယ်။ ရဲက တယောက်နဲ့ မလုံလောက်ဘူး နှစ်ယောက် ခေါ်ခဲဆို နှစ်ယောက် ခေါ်ရမှာပေါ့” ဟု ဒေါက်တာအောင်အောင်းမင်းက ပြောသည်။

ဒေါက်တာအောင်အောင်မင်းက“အမှုဖွင့်ဖို့ (ကျောင်းသူ) ကာယကံရှင်မလိုက်ရဲရင် ကျောင်းသားထုကိုယ်စားလှယ် ကျောင်းသားသမဂ္ဂ လိုက်ရင်လည်း ရတယ်၊ တကယ်လို့ ကျနော်က ကာယကံရှင်မပါပဲနဲ့ ဥပဒေကြောင်းအရ တရားစွဲ လို့ရတယ်ဆိုရင် စွဲပေးမယ်။ ကျနော်က ကြားက တရားလိုလုပ်လို့ရသလို ကျောင်းသားသမဂ္ဂဆိုရင် ကျောင်းသားထု ကိုယ်စားလှယ် သူတို့လည်း လုပ်လို့ရတယ်လို့ထင်ပါပဲ ဘယ်သူတရားစွဲစွဲပေါ့” ဟု ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စတင်ဖြစ်ပွားနောက် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူပေးရန် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကြေငြာချက်ထုတ်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၄ နေ့ နောက်ဆုံးထား၍ တစုံတရာအရေးယူမှုပြုလုပ်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

“မဖွယ်မရာ ဗွီဒီယိုရိုက်တယ် ဆိုကတည်းက မိန်းကလေးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားပြီ၊ ဗွီဒီယိုကို ဖျက် လိုက်တယ်ဆိုပေမယ့် နည်းပညာတွေအရ ပြန်ယူလို့ရတယ်။ ကျူးလွန်သူကို အရေးမယူတဲ့အပြင် ဖုန်းကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားခြင်းမရှိဘူး။ ဒီကိစ္စကို ကျောင်းက သူတို့နဲ့ မဆိုင်ပါဘူး ဆိုပြီး ခေါင်းရှောင်နေ မယ်ဆိုလို့ရှိရင် ကျနော်တို့ကိုယ်တိုင်ကလည်း ကျောင်းသူတွေဖြစ်တယ်။ မိန်းခလေးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့အနေနဲ့ သမဂ္ဂကနေဦးဆောင်ပြီး လုပ်သင့်တာကို လုပ်သွားမယ်။” ဟု ပြည်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအထွေထွေအတွင်းရေးမှူး မမေရဲသွေး ပြောသည်။

You may also like these stories:

ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

လွှတ်တော်က တပ်မတော်ပိုင် ကြေးနီစီမံကိန်းကို ဘယ်လောက် စိတ်ဝင်စားလဲ

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Your Thoughts …
Tags: စည်းကြပ်ဒိုင်ပြည်တက္ကသိုလ်ဗီဒီယိုခိုးရိုက်ဘောလုံးပွဲ
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

ပြည်တက္ကသိုလ်တွင် ယနေ့ပြုလုပ်သည့် ကမ်ပိန်း / ကောင်းမြတ်မင်း / ဧရာဝတီ

ပြည်တက္ကသိုလ်တွင် အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း လှုပ်ရှားမှုပြုလုပ်

by ကောင်းမြတ်မင်း
6 November 2019
9k

ကျောင်းသားထု ဆန္ဒမပါသော အာဏာရှင်ဆန်သည့် အဝေးသင် ပညာရေးစနစ်သစ် အလိုမရှိ စသည် စာသားများပါသည့် ဗီနိုင်း ပိုစတာများကို ၎င်းတို့က ပြည်တက္ကသိုလ် မုဒ်ဦးဝရှိ နံရံများတွင် လိုက်လံ ကပ်ခဲ့ကြသည်။

၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်က အနိုင်ရစဉ်တွေ့ရသော အမ်ဘတ်ပေ

ပြင်သစ်-အင်္ဂလန် ပွဲကြီးပွဲကောင်းနဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

by လေးလေး
6 December 2022
7.1k

အာဂျင်တီးနား - နယ်သာလန်၊ ပြင်သစ်- အင်္ဂလန်လို အသင်းကြီးများ ထိပ်တိုက် တွေ့မယ့် ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားကြပါတော့မယ်

ဩဂုတ်လ ၁၄ ရက်ပွဲတွင် မြန်မာက စင်ကာပူကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင်ခဲ့သည်

ဆီးဂိမ်း ဘောလုံးပွဲ ဘယ်သူဗိုလ်စွဲမလဲ

by ဧရာဝတီ
15 August 2017
21.7k

ဆီးဂိမ်းတွင် အားကစားနည်း ၃၈ မျိုး တွင် ပွဲစဉ်ပေါင်း ၄၀၀ ကျော်ရှိသော်လည်း အရေးအကြီးဆုံး ဖြစ်သည်မှာ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖြစ်သည်။

ပြည်တက္ကသိုလ် / ကောင်းမြတ်မင်း / ဧရာဝတီ

ပြည်တက္ကသိုလ်ဝန်ထမ်း ကျောင်းအပ်ခ လိမ်လည်မှု၊ ကျောင်းသား ၁၃ဦး ကျောင်းတနှစ် နစ်နာရ

by ကောင်းမြတ်မင်း
27 August 2019
9.7k

အဆိုပါ ပြည်တက္ကသိုလ်ဝန်ထမ်းမှာ ယခင်ကလည်း ကျောင်းသားများထံမှ ကျောင်း အပ်ငွေများကို လိမ်လည် ခဲ့သည့် အတွက် အရေးယူခံခဲ့ရဖူးကြောင်းနှင့် ယခုလို ပြဿနာမျိုးမှာ မြန်မာနိုင်ငံလုံးရှိ တက္ကသိုလ် တော်များတွင် ဖြစ်ပွားလေ့ရှိ သည့်အတွက် ကျောင်းသား ကိုယ်တိုင် ဖြစ်စေ၊...

Premier League ဘောလုံးပွဲ

Premier League ပွဲစဉ်များ လာမယ့်အပတ်အတွင်း ပြန်စတင်မည်

by ဟယ်လ်သင်
27 April 2020
6.4k

ပရိသတ် ဝင်ရောက်မှုကိုတော့ ကန့်သတ်ထားဦးမှာဖြစ်ပြီး ရုပ်သံ အစီအစဉ်တွေကနေတဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသဖို့ စီစဉ်ထားကြောင်း အင်္ဂလန်နိုင်ငံတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

La Liga ဘောလုံး App

တရားမဝင် ဘောလုံးပွဲ ပြတဲ့ဆိုင်တွေ ရှာတဲ့ လာလီဂါ App ကို ဒဏ်ရိုက်

by Nigma
13 June 2019
16.2k

လာလီဂါ အဖွဲ့အစည်းကတော့ App ဟာ ဖုန်းထဲသွင်းမယ် ဆိုတာနဲ့ မိုက်ခရိုဖုန်းနဲ့ တည်နေရာတို့ကို ရယူဖို့ ခွင့်တောင်းထားပြီးဖြစ်ကြောင်း ချေပထားပါတယ်။

Next Post
မြန်မာ – လုမ္ပနီ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲတော့မည်

မြန်မာ - လုမ္ပနီ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲတော့မည်

အရသာရှိတဲ့ အိမ်လုပ် Ramen ခေါက်ဆွဲ

အိမ်မှာပဲ အရသာရှိတဲ့ Ramen တခွက် ချက်နည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved