ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အနောက်မြောက်ဘက်မှာ ရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ဌာနချုပ်ကို လေကြောင်းနဲ့ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာ ဘာကြောင့်ပါလဲ။
လေကြောင်းစီးနင်းတိုက်ခိုက်မှုဟာ လက်နက်အင်အားနည်းပါးပြီး စနစ်တကျ စုဖွဲ့နိုင်မှု မရှိသေးတဲ့ စစ်ကိုင်းနဲ့ မကွေးလိုနေရာက PDF တွေကို တိုက်ခိုက်ရာမှာ အလုပ်ဖြစ်ခဲ့ပေမယ့် လက်နက်အင်အား တောင့်တင်းတဲ့ TNLA လို တပ်ဖွဲ့နဲ့ ရင်ဆိုင်ရချိန်မှာတော့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးနယ်မြေကို မကျွမ်းကျင်သလို ထောက်လှမ်းရေးသတင်း ရယူနိုင်မှုနဲ့ ဗျူဟာရေးဆွဲမှု အားနည်းလွန်းမှုကြောင့်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












