• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး ဆွေးနွေးပွဲ ထိုင်း ပြုလုပ်မည်

by ဧရာဝတီ
20 December 2022
in သတင်း
A A
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက နေပြည်တော်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် မြင်ကွင်း / ဧရာဝတီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက နေပြည်တော်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် မြင်ကွင်း / ဧရာဝတီ

2.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း-အာဆီယံ (ASEAN) နှင့် မဆိုင်သော အလွတ်သဘော မြန်မာ့အရေး ဆွေးနွေးပွဲတခုကို ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သွားရန်ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စိတ်ဝင်စားသော နိုင်ငံများ တက်ရောက်ရန် ဖိတ်ကြားထားသည်။

ပြောရေးဆိုခွင့်ရှိသူ မဟုတ်သောကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက ယင်းအစည်းအဝေးသည် အာဆီယံ အစည်းအဝေး မဟုတ်ကြောင်း ပြောဆိုပြီး “ဒါက မြန်မာ့အကျပ်အတည်းကြောင့် ထိခိုက်ပြီး စိတ်ဝင်စားတဲ့ နိုင်ငံတွေရဲ့ အလွတ်သဘော အမြင်ချင်းဖလှယ်ပြီး နောက်ဆုံး အခြေအနေတွေကို ဆွေးနွေးမယ့် အစည်းအဝေးပဲ” ဟု ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ထိုင်း၏ အိမ်နီးချင်းနိုင်ငံများသည် ယင်းအစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က အတည်ပြုသည်။

ဆက်လက်၍ ၎င်းက “အဲဒီ နိုင်ငံတွေက မြန်မာ့အကျပ်အတည်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်တဲ့ နိုင်ငံတွေပဲ” ဟု ပြောသော်လည်း အာဆီယံအဖွဲ့ဝင် မည်မျှ တက်ရောက်မည်ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။ အချို့ နိုင်ငံများကလည်း နှစ်သစ်ကူး အစီအစဉ်များကြောင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌတာဝန် ပြီးဆုံးပြီး ASEAN အထူး သံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကလည်း မြန်မာနိုင်ငံသို့ တတိယအကြိမ် ခရီးစဉ် ဖျက်သိမ်းခဲ့ရာ ASEAN ဥက္ကဋ္ဌသစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေချိန် ထိုသို့ လစ်ဟာသွားသည်ကို စိတ်ဝင်စား သူများအား ဖိတ်ကြားခြင်း ဖြစ်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ယခုလို အာဆီယံနှင့် မဆိုင်သော အစည်းအဝေးကို ကျင်းပသည်မှာ အသစ်အဆန်း မဟုတ်ကြောင်းနှင့် ထိုင်းနိုင်ငံသည် မြန်မာ ပဋိပက္ခကြောင့် အထိခိုက်ဆုံးနိုင်ငံ ဖြစ်နေသည့်အတွက် ယင်းအစည်းအဝေးကို ကျင်းပရန် စိတ်အားထက်သန်နေ ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် ASEAN အစည်းအဝေး၌လည်း ထိုင်းနိုင်ငံက အဖွဲ့ဝင်များကြား အလွတ်သဘော အစည်းအဝေး ကျင်းပရန် အဆိုပြုခဲ့သည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီး ၂၀၂၁ ဧပြီလနောက်ပိုင်းတွင် ASEAN ခေါင်းဆောင်များက အဖွဲ့နှင့်ပတ်သက်သော အစည်း အဝေးများတွင် မြန်မာကို မဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။

ဖနွမ်းပင်တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ASEAN ခေါင်းဆောင်များသည် ဘုံသဘောတူညီချက် ၅ ချက်ကို ပိုမို တင်းကျပ်ရန် ပြန်လည်သုံးသပ်ခဲ့ပြီး စစ်ကောင်စီက ထိုသဘောတူညီချက်များအား ချက်ချင်း လိုက်နာရန် ဖိအားပေးခဲ့ သည်။

ယခု ကျင်းပမည့် ASEAN နှင့် မဆိုင်သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်ပေးပြီး ၂၀၂၁ ဧပြီလက ဆုံးဖြတ်ချက်နှင့် ကင်းလွတ်စေမည်ဟုလည်း သိရသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) အား နည်းပညာနှင့် လက်နက် မဟုတ်သော အကူအညီများ ပေးမည့် အမေရိကန်အစိုးရ ၏ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို အမေရိကန်လွှတ်တော်က အတည်ပြုပြီးနောက် ထိုင်းနိုင်ငံက ယခု အစီအစဉ်ကို ပြုလုပ်ခြင်းလည်း ဖြစ်သည်။

အထက်ပါ သတင်းရင်းမြစ်က “ASEAN ရဲ့ အဓိက အဖွဲ့ဝင်နိုင်ငံတခု အနေနဲ့ ထိုင်းနိုင်ငံဟာ ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယား ပြဿနာမှာ လုပ်ခဲ့သလို ပိုမိုကျယ်ပြန့်တဲ့အမြင်နဲ့ ကြည့်ဖို့လိုတယ်” ဟုလည်း ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီက မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ထိုင်းနိုင်ငံသည် လက်ရှိ အကျပ်အတည်း ဖြေရှင်းရေး အတွက် တရားဝင်နှင့် အလွတ်သဘော ဆွေးနွေးမှုများကို မြန်မာနှင့် ထိစပ်နေသောနိုင်ငံများ အပါအဝင် ASEAN နှင့် ဆွေးနွေးဘက်နိုင်ငံများနှင့် ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်ရန်နှင့် မြန်မာပြည်သူများ၏ဆန္ဒ ပြည့်၀စေရန် ပူးပေါင်းအားဖြည့် ရေးအတွက် အဆိုပါ နိုင်ငံများကိုလည်း ယခု ဆွေးနွေးပွဲသို့ ဖိတ်ကြားရန် စီစဉ်ထားသည်။

ကိုးကား ။ ။ Thai PBS World

Your Thoughts …
Tags: ထိုင်းမြန်မာအစည်းအဝေးအလွတ်သဘောအာဆီယံအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် / Ro Nay San Lwin’s FB

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်နှင့် ဧရာဝတီအင်တာဗျူး

၂၀၁၉ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်ပြုပြင်နေစဉ် / ဧရာဝတီ

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအထိ ရထားခရီးစဉ်များ ပုံမှန် ပြန်လည် မပြေးဆွဲနိုင်သေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved