အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဟာ ကိုယ့်လူမျိုးကိုယ်ပြန်သတ်တဲ့ ရာဇဝတ်ကောင်တွေလို့ ဧရာဝတီရဲ့ သီးသန့်အင်တာဗျူးမှာ ဦးနေဆန်းလွင်က ပြောပါတယ်။ ဂျာမနီအခြေစိုက် Free Rohingya Coalition အဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်လို့ လူသိများပါတယ်။ နွေဦးတော်လှန်ရေးနဲ့ ရခိုင်စစ်ပွဲအပေါ် ရိုဟင်ဂျာတွေရဲ့ အမြင်သဘောထားကို ဧရာဝတီကို အခုလို ပြောဆိုသွားခဲ့ပါတယ်။
မေး ။ ။ နွေဦးတော်လှန်ရေးအပေါ်မှာ ဘယ်လိုမြင်လဲ။ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးသွားစေတဲ့ စစ်တပ်က မီးရှို့တာတွေ ၊ ဖမ်းဆီးနှိပ်စက်တာတွေကို အခုနွေဦးတော်လှန်ရေးမှာလည်း မြင်နေရပြီ။ စစ်ကိုင်းတို့ မကွေးတို့ဆိုရင်လည်း ဒီပုံစံမျိုးပဲ ဖြစ်လာတာ တူနေတာပေါ့။ နွေဦးတော်လှန်ရေးမှာ အဓိကကျတဲ့ နိုင်ငံရေးဦးဆောင်မှုလုပ်နေတဲ့ NUG တို့၊ အောက်ခြေမှာ တိုက်နေတဲ့ PDF တွေပေါ့၊ သူတို့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ နွေဦးတော်လှန်ရေးကတော့ ၈၈ တုန်းကလည်း ကျနော်တို့ ကြုံတွေ့ဖူးတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးကတော့ ၈၈ တုန်းက အာဏာသိမ်းတာနဲ့ မတူဘူး။ တမူထူးခြားတာကိုတွေ့ရတယ်။ တော်တော်လေးကို အားရစရာဖြစ်တယ်။ နံပါတ်တစ်ကတော့ လူငယ်တွေ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ နိုင်ငံကိုပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဓာတ်၊ ဒီစိတ်ဓာတ်တွေက တော်တော်လေးကို ချီးကျူးစရာကောင်းတယ်။
ကျနော်တို့ ၈၈ တုန်းက မြင်တွေ့ခဲ့ရပေမယ့် အင်တာနက်ခေတ်ကြီးမဟုတ်တော့ ကျယ်ကျယ်ပြန့်ပြန့်မသိခဲ့ရဘူး။ နောက်ပြီး ဒီလိုပုံစံမျိုး ဇွဲလုံ့လ မလျှော့ဘဲနဲ့ လုံးဝတိုက်ခိုက်တာမျိုးတော့ မရှိခဲ့ဘူး။ ခဏလေးနဲ့ ရပ်တန့်သွားတယ်။ အခုဆိုရင် ၂ နှစ် ဆိုတဲ့အချိန်ရောက်တဲ့ အချိန်မှာ ဒီလောက်ထိ တက်တက်ကြွကြွနဲ့ လုပ်နေတာကို တွေ့တဲ့အတွက် ဂုဏ်ယူတယ်။
ကျနော်တို့ ၈၈ တုန်းက မြင်တွေ့ခဲ့ရပေမယ့် အင်တာနက်ခေတ်ကြီးမဟုတ်တော့ ကျယ်ကျယ်ပြန့်ပြန့်မသိခဲ့ရဘူး။ နောက်ပြီး ဒီလိုပုံစံမျိုး ဇွဲလုံ့လ မလျှော့ဘဲနဲ့ လုံးဝတိုက်ခိုက်တာမျိုးတော့ မရှိခဲ့ဘူး။ ခဏလေးနဲ့ ရပ်တန့်သွားတယ်။ အခုဆိုရင် ၂ နှစ် ဆိုတဲ့အချိန်ရောက်တဲ့ အချိန်မှာ ဒီလောက်ထိ တက်တက်ကြွကြွနဲ့ လုပ်နေတာကို တွေ့တဲ့အတွက် ဂုဏ်ယူတယ်။
ဒီလိုပုံစံမျိုးနဲ့ ဆက်လုပ်သွားမယ်ဆိုရင် တနေ့မှာ ဒီနိုင်ငံ လွတ်မြောက်သွားနိုင်တယ်လို့ မြင်တယ်။ အထူးသဖြင့် လူငယ်တွေကို အခုလို ကြုံကြိုက်တဲ့အချိန်မှာ လူငယ်တွေရဲ့ ကြိုးစားမှု၊ လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို လေးစားကြောင်း၊ ဂုဏ်ယူကြောင်း ပြောချင်တယ်။
NUG ရဲ့ ဦးဆောင်မှုကို ပြောရမယ်ဆိုရင် NUG ဖြစ်လာပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တခု၊ ပေါ်လစီတခု ထွက်လာတယ်။ အဲဒါဘာလဲဆိုရင် ရိုဟင်ဂျာတွေကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုတာ အားနည်းချက်တွေရှိပေမယ့် ဝေဖန်မယ့်အစား ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်သွားမလဲဆိုတာကို ဦးစားပေးတယ်။ NUG ကထုတ်လာတဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုတယ်။
ကောင်းကောင်းမွန်မွန်ဖြစ်လာဖို့ ရိုဟင်ဂျာတွေမှာ အမှန်တကယ် လိုအပ်ချက် ဘာတွေရှိလဲ။ ၁၉၈၂ ဥပဒေကို ဖျက်သိမ်းဖို့ ကိစ္စတွေ ရိုဟင်ဂျာကို အသိအမှတ်ပြုတယ်ဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ အသိအမှတ်ပြုတာလဲ။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိခဲ့တုန်းက ဦးနုအစိုးရလက်ထက်တုန်းက ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တယ်။ မြန်မာ့အသံမှာတောင် ရိုဟင်ဂျာတိုင်းရင်းသားအစီအစဉ်တွေ လုပ်ခဲ့တယ်ဆိုတော့ ကျနော့်တို့ရဲ့ သမိုင်းမှာ အားလုံးကို ခြုံငုံပြီးတော့ ဘယ်လို အသိအမှတ်ပြုလဲ၊ နိုင်ငံသားဆိုတဲ့နေရာမှာလည်း ဥပဒေအရသာ နိုင်ငံသားဖြစ်တာလား၊ မွေးရာပါ အခွင့်အရေးလား၊ ဒါတွေကို ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုတယ်။
NUG အနေနဲ့လည်း ရိုဟင်ဂျာတွေကို ပူးပေါင်းဖို့ လိုသေးတယ်။ ပူးပေါင်းမယ့်အဆင့်က အားနည်းနေသေးတယ်လို့ မြင်တယ်။ လက်တွဲပြီး ဆောင်ရွက်တော့မှ ရှင်းရှင်းလင်းလင်းဖြစ်လာမယ်။ တဖက်မှာ လူမျိုးတုံးသတ်ဖြတ်ထားတဲ့ကိစ္စ ဒီကိစ္စက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ အမေရိကန်အစိုးရကလည်း တရားဝင် အသိအမှတ် ပြုထားသလို နိုင်ငံတကာတရားရုံးမှာလည်း သွားနေတယ်။ ဒါကို NUG အစိုးရအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ လက်ခံမလဲ။ ဘာကြောင့်လဲဆိုတော့ ဒါကို လူမျိုးတုံးသတ်ဖြတ်မှုဆိုပြီးတော့ အသိအမှတ်ပြုထားတာ မရှိဘူး။ ဒါကို ဘယ်အချိန်မှာ အသိအမှတ်ပြုမလဲ၊ ဒါကို ကျနော်တို့က ယေဘူယျအားဖြင့် လိုအပ်ချက်တွေပြောတာပေါ့။ တွင်တွင်ကျယ်ကျယ်နဲ့ အသေးစိတ်ပူးပေါင်းဖို့က လိုတယ်။ ဒါကို ရံဖန်ရံခါ လိုတဲ့အခါမှပဲ ပူးပေါင်းတာမဟုတ်ဘဲနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုမျိုး အဖြေရှာသင့်လဲ ဆိုတာကိုတော့ လုပ်သင့်တယ်။
မေး ။ ။ တကယ်တမ်းမြေပြင်မှာ မေ့မထားသင့်တဲ့ကိစ္စကတော့ ရခိုင်လူမျိုးတွေနဲ့ အတူတကွ ဘယ်လိုနေထိုင်မယ်က ထိပ်ဆုံးပေါ့။ အခု ရခိုင်စစ်ပွဲနဲ့ AA အပေါ်မှာထားတဲ့ သဘောထားအမြင်တွေရော ဘယ်လိုရှိကြလဲ။
ဖြေ ။ ။ ကျနော်တို့ ရခိုင်မှာဆိုရင်တော့ ရခိုင်ကတော့ Majority (အများစု) ပေါ့။ ရခိုင်ပြီးသွားရင် ရိုဟင်ဂျာက ဒုတိယလူဦးရေ အများဆုံး။ ကျနော်တို့ထဲမှာ ၁၉၄၂ ကနေစထားတဲ့ ပေါ်လစီတွေရှိတယ်။ အဲ့ထဲကနေ ဒီကြားထဲမှာ မကျေလည်တာတွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုတာတွေ တိုင်းရင်းသားအခွင့်အရေးအပြည့်ပေးတာတွေ ဦးနေဝင်း အာဏာသိမ်း ပြီးနောက်ပိုင်း ဒီပေါ်လစီတွေက တဖြည်းဖြည်းနဲ့ Divide ဖြစ်လာတယ်။ ၁၉၈၂ ဥပဒေကို ပြဌာန်းဖို့ နောက်ကနေ ပံ့ပိုးပေးခဲ့တာတွေ ပေါ်လစီချမှတ်ဖို့အတွက် ရခိုင်ပညာရှင်တွေထဲက နိုင်ငံရေးသမားတွေထဲက ပါခဲ့တယ်။ မကျေလည်မှုတွေ ရှိပေမယ့်လည်း တိုက်ခိုက်မှုတွေ မရှိခဲ့ဘူး။
၂၀၁၂ ခုနှစ်မှာ ကျောက်ဖြူက ပိုက်လိုင်းစီမံကိန်းကို အာရုံလွှဲဖို့အတွက်နဲ့ ဒီလိုပုံစံမျိုး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖန်တီးခဲ့တာရှိတယ်။ ဒါပေမယ့် ဖန်တီးတော့ သေကြေတာတွေ ရှိခဲ့တယ်။ အဆက်အဆံမရှိတော့တဲ့ ပုံစံမျိုးရှိလာတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ ချိတ်ဆက်မိလာတယ်။ နွေဦးတော်လှန်ရေးမတိုင်ခင်က အာဏာသိမ်းမတိုင်ခင်တုန်းက စစ်တပ်ကနေပြီးတော့ ရက္ခိုင်တပ်တော် AA ကို မတရားသဖြင့် တိုက်ခိုက်တဲ့အချိန်မှာ ရခိုင်လူထုလည်း တော်တော်ခံခဲ့ရတယ်။
အဲဒီအချိန်မှာ ရခိုင်လူထုနဲ့ ရိုဟင်ဂျာလူထု နားလည်မှုတခုရပြီး အရှိန်မြင့်လာပြီးတော့ အရင်ကဆိုရင် စစ်တွေတက္ကသိုလ်မှာ ရိုဟင်ဂျာကျောင်းသားတွေ တက်ခွင့်မရဘူး။ NLD အစိုးရက ဘာအကြောင်းပြလဲဆိုရင် စစ်တပ်က လက်မခံလို့ မတက်ရဘူးဆိုပြီး ပြခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ ကျောင်းသား ၂၀၀ ၊ ၃၀၀ လောက်ပြန်ပြီး ကျောင်းတက်ခွင့်ရတယ်။ စစ်တွေမှာရှိတဲ့ ရိုဟင်ဂျာဘက်က ကျောင်းသားသမဂ္ဂ တွေ ရခိုင်ဘက်ကတွေ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အရင်ကဆိုရင် နေထိုင်ရာ စခန်းတွေကနေ ဈေးဝယ်ခွင့် မရဘူး။ အခုဆိုရင် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမှုတွေလည်း ရှိနေပြီဆိုတော့ အခြေအနေက တော်တော်လေး တိုးတက်လာပြီ။ ဒါပေမယ့် ပေါ်လစီပိုင်းမှာဆိုရင် မပြတ်သားသေးတဲ့ ပေါ်လစီတွေ ရှိတယ်။
စစ်တွေမှာရှိတဲ့ ရိုဟင်ဂျာဘက်က ကျောင်းသားသမဂ္ဂ တွေ ရခိုင်ဘက်ကတွေ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အရင်ကဆိုရင် နေထိုင်ရာ စခန်းတွေကနေ ဈေးဝယ်ခွင့် မရဘူး။ အခုဆိုရင် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမှုတွေလည်း ရှိနေပြီဆိုတော့ အခြေအနေက တော်တော်လေး တိုးတက်လာပြီ။ ဒါပေမယ့် ပေါ်လစီပိုင်းမှာဆိုရင် မပြတ်သားသေးတဲ့ ပေါ်လစီတွေ ရှိတယ်။
တကယ်လို့ ရက္ခိုင့်တပ်တော်ကနေ ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်ပြီးတော့ လွတ်လပ်ရေးကြေညာတဲ့အခါမှာ ရိုဟင်ဂျာတွေ ဘယ်လိုပုံစံမျိုးလာမလဲပေါ့။ ယေဘူယျအားဖြင့် ပြောနေတာတော့ လူ့အခွင့်အရေးအပြည့် ရှိရမယ်။ နိုင်ငံသားအခွင့်အရေးအပြည့် ရှိရမယ်။ ဒါပေမယ့် မြေပြင်မှာရှိတဲ့ အခြေအနေတချို့က အပေါ်ပိုင်းကပြောတာနဲ့ နည်းနည်းလေးကွဲလွဲနေတာ ရှိတယ်။
ကျနော်တို့အနေနဲ့ကတော့ အမြဲတမ်းကြိုးစားနေတာကတော့ ဒီစနစ်ကနေ နိုင်ငံရဲ့စနစ်ကနေ ခွဲခြားခဲ့တယ်။ ကျနော်တို့ကို အချင်းချင်း မသင့်မြတ်အောင် ဘာကြောင့်လဲဆိုတော့ ပြဿနာက ရခိုင်ပြည်နယ်က အရင်က ဘုရင်အနေနဲ့ ရှိခဲ့တယ်။ ၁၇၈၄ ခုနှစ်မှာ မြန်မာဘုရင်က သိမ်းပိုက်ခဲ့လို့ ။ ခွဲထွက်မယ်ဆိုတာတွေက ဟိုးအရင်ကတည်းက ရှိသားပြီးသား။ စစ်တပ်က ပေါ်လစီက ဘာလဲဆိုတော့ ရိုဟင်ဂျာနဲ့ ရခိုင် တည့်မယ်ဆိုရင် လွတ်လပ်ရေးက အချိန်မရွေးဖြစ်လာနိုင်တယ်။ ဒီ ၂ ခုကို ပြဿနာ တည်ပေးထားမှ ကျန်ရှိနေမယ်ပေါ့။
ကျနော်တို့ရဲ့ ပေါ်လစီက ကျနော်တို့ထဲမှာ ဘယ်လိုပဲ မသင့်မြတ်တာရှိရှိ ကျနော်တို့က ဖိနှိပ်ခံရတဲ့လူတွေ ဖြစ်တဲ့အတွက် ဖိနှိပ်ခံရတဲ့သူတွေနဲ့ပဲ ရပ်တည်မယ်။ ဘယ်တော့မှ ဖိနှိပ်သူတွေဘက်ကို ဘယ်တော့မှ ရပ်တည်ဖို့မရှိဘူး။ ဒါက ကျနော်တို့ရဲ့ လူသားဝါဒပဲပြောရမလား။ ဒီတိုင်းပဲ ထိန်းသိမ်းထားမယ်။ ကျနော်တို့မှာ မသင့်မြတ်တာတွေကို ဘယ်လိုမျိုး ဖြေရှင်းမလဲ။ ဘာကြောင့်လဲဆိုတော့ ဒီလူမျိုးစု ၂ စုက ဒီထဲမှာ ကမ္ဘာပျက်တဲ့အထိ နေသွားရမှာဆိုတော့ ဒါကို ဘယ်လိုမျိုးနဲ့ သွားလို့ရမလဲဆိုတာပဲ စဉ်းစားတယ်။
ကျနော်တို့ထဲမှာ ၂ ဖက်အသိုင်းအဝိုင်းက ဆွေးနွေးနေတာရှိတယ်။ လူငယ်တွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အခြေအနေက တော်တော်လေး အားရစရာကောင်းတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုပိုင်းမှာ လိုသေးတာပေါ့။ ၂ ဖက်ခေါင်းဆောင်တွေ ဘယ်လိုအဖြေရှာမလဲဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမယ်။ ကြိုးစားရပါမယ်။
မေး ။ ။ တခါထဲ ရှင်းရှင်းလင်းလင်း သိချင်တဲ့ မေးခွန်းတခု ရှိတယ်။ အဲဒါက ARSA ကိစ္စပေါ့။ ၂၀၁၇ လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်စေခဲ့တဲ့ လက်နက်ကိုင် ပုန်ကန်မှုနဲ့စပြီးတော့ ပြောရမယ်ဆိုရင် ရိုဟင်ဂျာလှုပ်ရှားမှုမှာ ခေါင်းဆောင်ပိုင်းကနေ ပါခဲ့တာပေါ့။ အဲဒီကနေစပြီးတော့ နိုင်ငံတကာ အကြမ်းဖက်သမားတွေနဲ့ ဆက်ဆံရေးရှိတယ်ဆိုတဲ့ သင်္ကာမကင်းမှုတွေရှိလာသလိုမျိုး နောက်ပိုင်း အခုဆိုရင် ဒုက္ခသည်စခန်းတွေထိ အကြမ်းဖက်မှုတွေ Criminal လှုပ်ရှားမှုတွေ လုပ်ပါတယ်ဆိုပြီးတော့ တင်ပြမှုတွေလည်း ကြားလာရတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတွေနဲ့ပါ ပစ်ခတ်မှုတွေရှိလာပြီးတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ရဲတွေကပါ Crackdown တွေပါ လုပ်လာတဲ့ အနေအထားပေါ့။ အဲဒီအပေါ်မှာရော ARSA ရဲ့ လှုပ်ရှားမှုအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ARSA နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် သူတို့ရဲ့ ပထမဆုံး စစ်ဆင်ရေးက ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့မှာ၊ အဲဒီတုန်းက နယ်ခြားစောင့်ရဲတပ်ရှိတဲ့ ရုံးခန်းကို ဝင်တိုက်တယ်။ မောင်တောမြောက်ပိုင်းရယ်၊ ရသေ့တောင်က ရဲစခန်းတွေရယ်ကို ဝင်တိုက်တယ်လို့ သိခဲ့ရတယ်။ အဲဒါတွေက အမှန်တကယ်ဖြစ်ခဲ့တယ်ပေါ့။ အဲဒီတုန်းကလည်း NLD အစိုးရက ဒါနဲ့ပတ်သက်ပြီး မီဒီယာတွေကိုလည်း ချပြခဲ့တယ်ဆိုတော့ အမှန်တကယ်ဖြစ်ခဲ့တယ်။ ကျနော်တို့ အားလုံးကလည်း မြေပြင်မှာထိတွေ့နေတော့ မြေပြင်မှာ တကယ်ဖြစ်ခဲ့သလားဆိုတော့ တကယ်ဖြစ်ခဲ့တယ်။
၂၀၁၇ မှာ ကင်းစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခဲ့တယ်ဆိုတာကတော့ နံပတ်တစ်အချက်က သူတို့မှာ အဲဒီလောက် အင်အားရှိလား၊ လက်နက်ရှိလား။ ကင်းစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခဲ့တယ်ဆိုတာ Pretext တခုလို့ပဲ ခံယူတယ်။ တကယ်တမ်းမြေပြင်မှာ ဒုက္ခသည်တွေကို နေအိမ်ကနေ မောင်းထုတ်တယ်၊ မီးရှို့တယ်၊ သတ်ဖြတ်တယ်၊ ပြီး ဘင်္ဂလားဒေ့ရှ်ရောက်သွားတဲ့အချိန်မှာ တရွာချင်းစီက လူတွေကို တွေ့ဆုံပြီးတော့ စုံစမ်းတယ်။ စုံစမ်းတဲ့အချိန်မှာ အမှန်တကယ် ဖြစ်ခဲ့တာမရှိဘူး။ နောက်တခုက ဘာလဲဆိုရင် ကိုဖီအာနန် ကော်မရှင်ကနေ ရီပို့ထုတ်တဲ့နေ့မှာ ဖြစ်တယ်။ ဒါဟာတိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး၊ တကယ်တမ်းမှာ ဒါကိုဘယ်လိုလုပ်ခဲ့လဲ။
ကင်းစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခဲ့တယ်ဆိုတာ Pretext တခုလို့ပဲ ခံယူတယ်။ တကယ်တမ်းမြေပြင်မှာ ဒုက္ခသည်တွေကို နေအိမ်ကနေ မောင်းထုတ်တယ်၊ မီးရှို့တယ်၊ သတ်ဖြတ်တယ်၊ ပြီး ဘင်္ဂလားဒေ့ရှ်ရောက်သွားတဲ့အချိန်မှာ တရွာချင်းစီက လူတွေကို တွေ့ဆုံပြီးတော့ စုံစမ်းတယ်။ စုံစမ်းတဲ့အချိန်မှာ အမှန်တကယ် ဖြစ်ခဲ့တာမရှိဘူး။ နောက်တခုက ဘာလဲဆိုရင် ကိုဖီအာနန် ကော်မရှင်ကနေ ရီပို့ထုတ်တဲ့နေ့မှာ ဖြစ်တယ်။
နောက်ပြီးတော့ စွပ်စွဲမှုတွေရှိတာက ARSA က စစ်တပ်နဲ့ ဘယ်လိုပတ်သက်နေလဲ။ ဒါကို တော်တော်လေး သံသယရှိတယ်။ ဒါကို သက်သေအထောက်အထား ထုတ်ပြပါဆိုရင် မရှိဘူး။ ကင်းစခန်း ၃၀ ကို တကယ်တိုက်ခဲ့သလား ဆိုတော့လည်း မရှိဘူး။ ARSA ကနေပြီးတော့ ကျနော်တို့လူတွေ ၂၀၁၇ မှာ ၇သိန်းခွဲ၊ ၂၀၁၆ မှာ ၉သောင်း ၃ထောင် အရင်တုန်းက ၁၉၉၁ ၊ ၁၉၉၂ မှာ ထွက်ပြေးသွားရတဲ့သူတွေ ကျန်တာရှိတယ်။ အားလုံးက လူ ၁ သန်းကျော် ရှိနေပြီ။ ဒီလူတွေကို ထိန်းချုပ်ဖို့အတွက် စခန်းမှာ သူတို့ကို ဆန့်ကျင်တဲ့သူတွေ နောက်ပြီးတော့ နေရပ်ပြန်ရေးအတွက် Advocacy လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ရည်ရွယ်တယ်။ သူတို့ကို ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်တာ ရှိလာတယ်။
နောက်ဆုံး ဆိုးရွားတာက စခန်းထဲမှာ လူထုခေါင်းဆောင်ဖြစ်လာတဲ့ ကျနော်တို့ရဲ့ ညီနောင်တယောက် မိုဟစ် အူလာဆိုရင် သူ့ကို လုပ်ကြံသတ်ဖြတ်လိုက်တယ်။ သူက နိုင်ငံတကာရဲ့ ထောက်ပံ့မှုလည်း ရနေပြီ။ အမေရိကန်က ဒုသမ္မတနဲ့ တူတူထိုင်ပြီးတော့ ကျေကျေလည်လည် ဆွေးနွေးခဲ့တာလည်း ရှိတယ်ဆိုတော့ နိုင်ငံတကာမှာ လူထုခေါင်းဆောင်တယောက် စခန်းထဲမှာ ပွဲတွေဆိုရင် ကြီးကြပ်ပြီးလုပ်တဲ့သူတယောက်ကို လုပ်ကြံပြီးသတ်ဖြတ်လိုက်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ARSA ရဲ့ စခန်းထဲက လှုပ်ရှားမှုတွေကို စခန်းကို လူတွေစရောက်ကတည်းက စောင့်ကြည့်တယ်။
၂၀၁၆ ကနေပြီးတော့ ၂၀၂၁ ခုနှစ်အထိ ၅နှစ်တိုင်တိုင် စောင့်ကြည့်တာမှာ ဒီလူတွေက ရိုဟင်ဂျာတွေအတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ နောက်ပြီးတော့ နယ်စပ်မှာ မူးယစ်ဆေးဝါးအတွက် ပါဝင်ပတ်သက်နေတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်။ ကျနော်တို့က အဲဒီကိစ္စတွေကို သွားတာထက် စခန်းမှာ ကိုယ့်လူမျိုးကိုယ်သတ်တာ၊ သူတို့ကို မကြိုက်ဘူးဆိုတဲ့ လူတွေကို သတ်ဖြတ်တယ်ဆိုတာ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် ဒါတွေကို လုပ်စရာ အကြောင်းမရှိဘူး။
ကျနော်တို့မှာက တော်လှန်ရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ တခြားနိုင်ငံထဲမှာလည်း အများကြီးရှိတယ်။ သူတို့လုပ်တာက အများကြီး ဖြစ်လာပြီ။ သူတို့ပေါ်လစီတွေကို ဆန်းစစ်ကြည့်တယ်။ ဘယ်လိုမှ လက်ခံလို့ မရှိတော့ဘူး။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာက Diaspora မှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ စခန်းထဲကတော့ လုံခြုံရေးကြောင့် အဖွဲ့အစည်းနာမည်တွေ မသုံးခဲ့ဘူး။ ဒါပေမယ့် ရိုဟင်ဂျာကွန်မြူနတီက ARSA ကို လက်မခံနိုင်ဘူး။ ကျနော်တို့လူမျိုးကို ကိုယ်စားမပြုဘူးဆိုပြီး ကျနော်တို့အနေနဲ့ တရားဝင်ထုတ်ပြန်ပြီး ကမ္ဘာကိုအသိပေးခဲ့တယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာက Diaspora မှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့ စခန်းထဲကတော့ လုံခြုံရေးကြောင့် အဖွဲ့အစည်းနာမည်တွေ မသုံးခဲ့ဘူး။ ဒါပေမယ့် ရိုဟင်ဂျာကွန်မြူနတီက ARSA ကို လက်မခံနိုင်ဘူး။ ကျနော်တို့လူမျိုးကို ကိုယ်စားမပြုဘူးဆိုပြီး ကျနော်တို့အနေနဲ့ တရားဝင်ထုတ်ပြန်ပြီး ကမ္ဘာကိုအသိပေးခဲ့တယ်။
မေး ။ ။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေ အိမ်ပြောင်းနိုင်ရေးပေါ့။ အရပ်သားအစိုးရနဲ့ ဒီမိုကရေစီခေတ်ကို ထူထောင်နိုင်ရင် အနည်းဆုံးတော့ အိမ်ပြန်နိုင်ရေး မျှော်လင့်နိုင်မှာပေါ့။ အခု စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမျှော်လင့်ချက်က ဘယ်လိုဖြစ်မလဲ။
ဖြေ ။ ။ ရိုးရိုးသားသားပြောရရင် အရင်တုန်းကလည်း မျှော်လင့်ချက်မရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် NLD အစိုးရရှိနေတဲ့အချိန်မှာ အာဏာရှိနေပေမယ့် စစ်တပ်က လွှမ်းမိုးထားတာ ရိုဟင်ဂျာကိစ္စမှာ စစ်တပ်ကပေးတဲ့ report အတိုင်းပဲ ထုတ်ပြန်ခဲ့တာဆိုတော့ အဲဒီအချိန်မှာလည်း မျှော်လင့်ချက်မရှိဘူး။ အခုအချိန်မှာလည်း မျှော်လင့်ချက်မရှိဘူး။
မျှော်လင့်ချက် ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတော့ အခုအချိန်မှာ တော်တော်လေးကို ပြောင်းလဲလာပြီး ရိုဟင်ဂျာပေါ် အခုဖြစ်တဲ့အမြင်နဲ့ NUG အစိုးရကသာ တစိုက်မတ်မတ်နဲ့ ပေါ်လစီတွေကို သေချာထိန်းကျောင်းမယ်ဆိုရင် အစိုးရတရပ်အနေနဲ့ ပြန်ဝင်လာမယ်ဆိုရင် မျှော်လင့်ချက် ရှိလာမယ်။ အရင်ကပြောနေပေမယ့် လူထုက လက်မခံဘူး။ တရားမဝင်တွေ၊ ခိုးဝင်လာတဲ့သူတွေဆိုပြီးတော့ ရိုက်သွင်းထားတဲ့သဘောရှိတယ်။ အခုအချိန်မှာ ပြောင်းလဲလာပြီ။ လူထုက လက်မခံဘူးဆိုရင် ဘာမှ ဖြစ်လာနိုင်ဖို့ မရှိဘူး။
စစ်တပ်က သူ့ပေါ်လစီပေါ့နော်။ လွန်ခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မင်းအောင်လှိုင်ကိုယ်တိုင်လည်း ဒီကိစ္စကိုလုပ်မယ်ဆိုတာ ပြောခဲ့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကို စာပို့ခဲ့တာရှိတယ်။ လွန်ခဲ့တဲ့လပိုင်းတွေမှာလည်း ပြောခဲ့တာရှိတယ်။ ပြောပြီးတော့မှ AA နဲ့တိုက်ခိုက်တာတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိလာတယ်ဆိုတော့ ပတ်ဝန်းကျင်က မလုံခြုံဘူး။ လူတွေ ပြန်လို့မရဘူးဆိုတဲ့ အမြင်ကို နိုင်ငံတကာမြင်အောင် လုပ်ထားတာပေါ့။
အမှန်တကယ် စဉ်းစားရမယ်ဆိုရင် စစ်တပ်ကပဲ လူမျိုးတုံးသတ်ဖြတ်ခဲ့တာ၊ စစ်တပ်ကပဲ ဒီလူတွေကို ပြန်ခေါ်မယ်ဆိုတာက ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိဘူး။ သူတို့အမှားကို သိလို့ ပြောင်းလဲသွားပြီဆိုရင် ပထမဦးဆုံး စစ်တွေက IDP Camp တွေထဲမှာ လူပေါင်း ၁သိန်း ၃သောင်းကျော်ရှိတယ်။ ဒီလူတွေကို မူရင်းနေရပ်ကို ပြန်ပို့ဖို့ လုပ်ရမယ်။ ပေါက်တောမှာလည်း ရှိတယ်။ ကျောက်ဖြူမှာလည်း ရှိတယ်။ ကျောက်တောင်မှာလည်း ရှိတယ်။ နေရာတိုင်းမှာ ရှိတာတွေကို အရင်လုပ်ရမယ်။
အမှန်တကယ် စဉ်းစားရမယ်ဆိုရင် စစ်တပ်ကပဲ လူမျိုးတုံးသတ်ဖြတ်ခဲ့တာ၊ စစ်တပ်ကပဲ ဒီလူတွေကို ပြန်ခေါ်မယ်ဆိုတာက ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိဘူး။ သူတို့အမှားကို သိလို့ ပြောင်းလဲသွားပြီဆိုရင် ပထမဦးဆုံး စစ်တွေက IDP Camp တွေထဲမှာ လူပေါင်း ၁သိန်း ၃သောင်းကျော်ရှိတယ်။ ဒီလူတွေကို မူရင်းနေရပ်ကို ပြန်ပို့ဖို့ လုပ်ရမယ်။
ပြီးမှ ဟိုလူတွေကိုပြန်ခေါ်လာဖို့ မူလရွာတွေကို ဘယ်လိုပုံစံမျိုးလုပ်ထားလဲ ရှင်းရှင်းလင်းလင်းပြရမယ်။ နောက်ပြီးတော့ ဒီလူတွေပြန်လာရင် နိုင်ငံသားအခွင့်အရေး ၊ မူရင်းနေရပ်ကိုပြန်ရေး၊ ဒါတွေ အကုန်လုံးကို ရှင်းရှင်းလင်းလင်း ပြရမယ်။ အခုက ပြောနေတာပဲ ရှိတယ်။ မရှိဘူး။ ကျနော်တို့အနေနဲ့ မျှော်လင့်ချက်မရှိဘူး။ နိုင်ငံက တနိုင်ငံလုံးပျက်စီးနေတယ်ဆိုရင် ကျနော်တို့လည်း ရှင်းလို့ရမှာ မဟုတ်ဘူး။
ဒီနိုင်ငံထဲကလူတွေ ကျနော်တို့လူတွေက ဒီနိုင်ငံရဲ့ အစိတ်အပိုင်း၊ ကျနော်တို့က တော်လှန်ရေးအောင်မြင်ရေးအတွက် အရပ်သားအစိုးရပြန်ရောက်လာရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့ ကူညီမလဲ၊ ကူညီနိုင်သလောက် ကူညီမယ်။ ကျနော်တို့မှာ ချိတ်ဆက်ထားတာတွေ ရှိတယ်။ အရင်တုန်းကတော့ NLD အစိုးရ က စစ်တပ်ရဲ့ပေါ်လစီအတိုင်းပဲ သွားတယ်ဆိုတော့ ကျနော်တို့က ဘာမှလုပ်ခဲ့တာ မရှိဘူး။ အခု ကျနော်တို့မှာ ချိတ်ဆက်ထားတဲ့အစိုးရတွေ ပြောနေတာတွေ အဖွဲ့အစည်းတွေအားလုံးနဲ့ တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုမျိုး ထောက်ပံ့မှုလုပ်နိုင်မလဲ။ နိုင်ငံအတွင်းမှာ အရပ်သားအစိုးရ ဘယ်လိုပြန်လာမလဲ၊ ပြန်လာတဲ့အခါမှာ ရိုဟင်ဂျာတင် မကဘူး။ ကျန်တဲ့လူနည်းစုအားလုံးရဲ့ အခွင့်အရေးတွေအားလုံး တန်းတူညီတူအခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့သွားမလဲ။
အပြင်ပိုင်းမှာ လူတွေကို အများကြီးမပြနိုင်ပေမယ့် အတွင်းပိုင်းမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတာကို Advocacy လုပ်နေတယ်။ ကျနော်တို့အနေနဲ့ မြေပြင်မှာရှိတဲ့ လူငယ်တွေကိုလည်း ဘယ်လိုပုံစံမျိုးနဲ့ ကူညီနိုင်မလဲဆိုတာလည်း အမြဲတမ်း စဉ်းစားတယ်။ ကျနော်တို့က ဦးဆောင်နေတာမဟုတ်ဘူး။ ဘေးကနေ ပံ့ပိုးပေးတဲ့အဆင့်ပဲရှိတယ်။ ဦးဆောင်နေတဲ့သူတွေအပေါ်မှာ ပိုမူတည်တာပေါ့။ ဒီနိုင်ငံကြီး ငြိမ်းချမ်းသွားတော့မှ ကျနော်တို့ရဲ့ အဖြေက Positive လား၊ Negative လားဆိုတာ သိရမယ့် အနေအထားရှိတယ်။
You may also like these stories:
ရိုဟင်ဂျာဒုက္ခသည်များ မိသားစုစီမံကိန်းကို ကြိုဆို
ARSA ခေါင်းဆောင်နှင့် အခြားသူများကို ဘင်္ဂလားဒေ့ရှ် အမှုဖွင့်
တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ
AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်
ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း
ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေးဆရာကို ဖမ်း