လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်း မန်နေဂျာ ဦးကျော်ဌေးဦးဟာ စစ်တပ် အာဏာသိမ်းပြီး နောက် ၂၀၂၁ စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ နိုဝင်ဘာလဆန်းမှာ လွတ်ငြိမ်းချမ်းသာ ခွင့် နဲ့ ပြန်လည်လွတ် မြောက်လာခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ တနှစ်ကျော်ကြာကာလအတွင်း စစ်ကြောရေး နေပြည်တော်အချုပ်ထောင်၊ ရမည်းသင်းအကျဉ်းထောင်နဲ့ အင်းစိန်အကျဉ်းထောင်တွေမှာ အကျဉ်းကျခံခဲ့ရတာပါ။
ဖမ်းဆီးခံရစဉ်မှာ စစ်ကြောရေးအတွင်း နှိပ်စက်မှုကို ၁၈ ရက်ကြာခံခဲ့ရပြီး သူ့ကိုအမေရိကန် နိုင်ငံသား လို့ သိလိုက်ချိန်မှာတော့ နှိပ်စက်မှု အနည်းငယ်လျှော့သွားတယ်လို့ သူက ပြောပြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












