ကချင်ပြည်နယ်အတွင်း စစ်ရေးမဟာဗျူဟာအရ အရေးပါတဲ့ မြို့တမြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဝိုင်းထားတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ ရှိနေတဲ့ ဗန်းမော်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့တွေ အပါအဝင် ကချင်ပြည်နယ်အထက်ပိုင်းနဲ့ KIA ရဲ့ ဌာနချုပ်မြို့တွေကို ကူးသန်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေရဲ့ ဆုံစည်းရာ မြို့လည်း ဖြစ်ပါတယ်။
KIA ဟာ ဗန်းမော်မြို့အနီးက မိုးမောက် နဲ့ မံစီမြို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ကျန် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၄၃၇၊ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင် ဗန်းမော်ကို အရှေ့ဘက်နဲ့ တောင်ဘက်ကနေ အတားအဆီးမရှိ ဝင်ရောက်နိုင်တော့မှာ ဖြစ်တယ်လို့ စစ်ရေးသုတေသီက ပြောပါတယ်။
ဧရာဝတီမြစ်ရိုးပေါ်က ဗန်းမော်မြို့ရဲ့ လေးဘက်လေးတန်ကို KIA က ရေကြောင်း၊ကုန်းကြောင်းကနေ ဖြတ်တောက်ထိန်းချုပ်ထားပြီး စစ်ကောင်စီအနေနဲ့ လေကြောင်းကနေပဲ ထောက်ပို့လုပ်ငန်းတွေ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR