• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပျူစောထီးတို့ ဖမ်းဆီးနှိပ်စက်သဖြင့် ပုလဲဒေသခံ ၄ဦး သေဆုံး

by စောလွင်
29 May 2024
in သတင်း
A A
ပျူစောထီးတို့ ဖမ်းဆီးနှိပ်စက်သဖြင့် ပုလဲဒေသခံ ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ့စစ်သင်တန်းပေးနေစဉ်/CJ

2.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးရွာ ပျူစောထီးများ ဖမ်းသွားသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်း တောတိုက်မှ ရွာသား ၂၃ဦးအနက် ၄ဦး အသတ်ခံရပြီး ၁၉ ဦး ဒဏ်ရာမှာများဖြင့် မေ ၂၇ရက်က ပြန်လွတ်လာသည်။

ပုလဲမြို့နယ်သည် တော်လှန်ရေး အင်အားစုများ အားကောင်းသော်လည်း ပြီးခဲ့သည့် ကဆုန်လပြည့်နေ့ကမူ အင်မထီးရွာမှ ပျူစောထီးတို့က တမိုင်ကျော်ဝေးသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်းတောတိုက်မှ ယာလုပ်၊ ထင်းခုတ်နေသူ ရွာသား ၂၃ ဦးကို ဖမ်းသွားကာ ၄ဦးကို သတ်၍ ကျန်သူများကို ညှဉ်းပန်းနှိပ်စက်ပြီး ငွေ ၂၅ သိန်း၊ ဘီယာ ၃ ဖာ၊ အရက် ၄ ဖာ ဖြင့် ပြန်လည် ရွေးစေကြောင်း လွတ်လာသူများက ဆိုသည်။

လွတ်မြောက်လာသူ အမျိုးသားတဦးက “ရွာမှာ PDF တွေရှိလား၊ PDF တွေကိုထောက်ပံ့နေလား၊ PDF တွေကိုသိလား၊ အမျိုးမျိုးမေးပြီး ရိုက်နှက်တာ။ မသိဘူးပြောလည်းရိုက်၊ သိတယ်ပြောလည်း ရိုက်နှက်၊ ထိုးကြိတ်တယ်” ဟု ဧရာဝတီကို ပြောသည်။

အမျိုးသား ၁၁ဦးနှင့် အမျိုးသမီး ၈ဦး ပြန်လွတ်လာပြီး ၎င်းတို့ကို ပျူစောထီးများက ဓားဖြင့်မွန်းခြင်း၊ ထိုးခြင်း၊ တုတ်ဝါးချွန် များဖြင့် ရိုက်ခြင်း၊ ထိုးခြင်း၊ ဖိနပ်များပါးရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကြောက်ခြင်းများကို နာရီချီကြာအောင်ပြု လုပ်ပြီး တနေကုန် နေလှန်ခြင်းများဖြင့် နှိပ်စက် ညှဉ်းပန်းခဲ့ကြသည်ဟု ၎င်းတို့က ပြောသည်။

ထိုသို့နည်းအမျိုးမျိုးဖြင့် အချိန်နာရီချီကြာအောင်နှိပ်စက်ခံရမှုများကြောင့် မေလ ၂၄ ရက်တွင် အဖမ်းခံရသူများအနက် ကိုကျော်ခိုင် ( ၅၀နှစ်)၊ ကိုတင့်ဇော်ဦး (၂၅နှစ်)၊ကိုထွန်းနိုင် (၃၀ နှစ်) နှင့် ကိုထွန်းနိုင်လင်း (၂၃ နှစ်)တို့မှာ သေဆုံးခဲ့သည်။

နှိပ်စက်ဒဏ်ရာများဖြင့် လွတ်မြောက်လာသူများ/CJ

“သေသွားတဲ့သူတွေ အလောင်းပြန်မရဘူး။ ၃ ယောက်ကတော့ ခြေထောက်က ကြိုးချည်ဆွဲသွားတာ။ တယောက်ကတော့ ဓားနဲ့ခုတ်ပိုင်းပြီး တောင်းနဲ့သွားပစ်တယ်လို့ သိရတယ်”ဟု တောင်ရွာသစ်ကျေးရွာ ပ.အ.ဖ (ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့) တာဝန်ခံ ကိုမောင်ဆန်းက ပြောသည်။

ကျေးရွာသားများအဖမ်းခံရသည့်နေရာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက် အောက်ခံတပ်များ စိုမိုးထားသော နေရာဖြစ်သော်လည်း လုံခြုံရေးပိုင်းအားနည်းမှုရှိကြောင်း ဒေသခံများက ပြောသည်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က “လောလောဆယ် ရာသီဥတုအခြေအနေအရ အဲဒီဘက် မသွားရသေးဘူး။ သက်ဆိုင်ရာ ရပ်ကျေး ပအဖတွေနဲ့တော့ တွေ့နေပြီပေါ့နော်။ အဲဒီဘက်မှာ အခြေစိုက်တဲ့ တပ်ရင်း၊ တပ်ဖွဲ့ တပ်ရင်းမှူးတွေနဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးသွားမယ်”ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
421
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
27
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
60

ပုလဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု ၅၉ ခုရှိပြီး လူဦးရေတသိန်းခွဲနီးပါးရှိသည်ဟု ၂၀၁၄ သန်းခေါင် စာရင်းအရ သိရသည်။

လက်ရှိအာဏာသိမ်းကာလတွင် ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ တပ်ရင်း ၁၂ ရင်းရှိပြီး အခြားဒေသများ၌ စစ်ရေးသွားရောက်ဖော်ဆောင်နေသည့် တပ်ရင်းတချို့လည်း ရှိသည်။

နှိပ်စက်ဒဏ်ရာများဖြင့် လွတ်မြောက်လာသူများ/CJ

ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ထောက်တာဝန်ခံ ကိုနေမင်းက “နယ်မြေတွေ စိုးမိုးနိုင်တယ် ပြောလို့ရပေမယ့် လုံခြုံရေး အားနည်းတာပေါ့။ အဓိက ပ.က.ဖ (ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့) နဲ့ ပ.လ.ဖ (ပုလဲမြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့) က လုံခြုံရေး ပူးတွဲ တာဝန်ယူရတယ်။ သို့သော်လည်း ပျူရွာတွေနဲ့နီးတဲ့ရွာတွေမှာ ဓားပြတိုက်တာ တွေ၊ရိက္ခာ ပစ္စည်းလုတာတွေကို ပျူတွေက လုပ်နေတယ်။ အဲဒီနေရာတွေမှာ ကင်းတာဝန်ယူတဲ့ မြို့နယ် ပ.က.ဖ စီမံချက် တွေ က အားနည်းတာရှိတယ်” ဟု ပြောသည်။

လုံခြုံရေးအစီအမံများ အားနည်းသလို ဒေသခံပြည်သူများကလည်း ပျူရွာနှင့် နီးသည့်နေရာများ၌ ထွန်ယက်စိုက်ပျိုးခြင်း၊ နွာကျောင်းခြင်း၊ ဆိတ်ကျောင်းခြင်းများ မပြုလုပ်ရန် တားမြစ်နေသည့်ကြားမှ လိုက်နာခြင်းမရှိသောကြောင့် ပျူစောထီးများ ကို မိုင်းထောင်၍ ကြိုတင်ဟန့်တားမှုပြုလုပ်ရန်လည်း အခက်အခဲရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပုလဲမြို့နယ်တွင် အင်မထီး၊ ဇီဖြူကုန်းတို့မှာ ပျူစောထီးရွာများဖြစ်ပြီး ကန့်ဒေါင့်ရွာနှင့် ပုလဲမြို့ပေါ်တွင် စစ်ကောင်စီ အင်အားရာဂဏန်းမျှသာရှိနေပြီး တော်လှန်ရေးတပ်များက အင်အားထောင်ချီ ရှိနေသော်လည်း မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းများကြား စည်းလုံးညီညွတ်မှု မရှိ၍ လုံခြုံရေး စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ပုလဲဒေသခံအမျိုးသားတဦးက “အခုဖြစ်သွားတာက ဒီဘက်ကာကွယ်ရေးတပ်(MOD)တွေ နဲ့ ကိုဇော်ထက်တို့ ထိန်းချုပ်တဲ့နေရာပေါ့ ။ ဗိုလ်နဂါးနယ်မြေဘက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တပ်ဖွဲ့တွေ စည်းရုံးကြရင်တော့ ပြည်သူတွေ ပိုပြီးလုံခြုံကြတာပေါ့” ဟု ပြောသည်။

ပုလဲမြို့နယ်တွင် MOD လက်အောက်ခံတပ်ရင်း၊တပ်ဖွဲ့များ အင်အားထောင်ချီရှိနေသည့်အပြင် ဗိုလ်နဂါးဦးဆောင်သည့် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် BNRA သည်လည်း အင်အားထောင်ချီရှိနေသည်။

You may also like these stories:

ပုလဲမြို့နယ် ပ.အ.ဖ ရုံး စီးနင်းခံရမှု ၁၆ ဦး သေဆုံး

စစ်ကြောင်းထိုးမှုကြောင့် ပုလဲနယ်ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရ

ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: MODပ.အ.ဖပျူစောထီးဖမ်းဆီးနှိပ်စက်လုံခြုံရေးသေဆုံးအင်မထီးရွာ
စောလွင်

စောလွင်

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

by မိုးစက်ငြိမ်းချမ်း
5 December 2023
13.5k

များပြားသည့် လေကြောင်းပစ်ကူ ပေးနေသော်လည်း စခန်းများ၊ မြို့များ တခုပြီးတခု ကျနေပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအား ဟန့်တားနိုင်ခြင်း မရှိပေ။

Next Post
မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

နမ့်ခမ်းခွင်တွင် လှုပ်ရှားသည့် SSPP တပ်ဖွဲ့များ TNLA ဖယ်ရှား

နမ့်ခမ်းခွင်တွင် လှုပ်ရှားသည့် SSPP တပ်ဖွဲ့များ TNLA ဖယ်ရှား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved