• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

by ဧရာဝတီ
29 May 2024
in သတင်း
A A
မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင် ဒေသခံများ / CJ

365
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ မိုးသည်းထန်ခြင်း၊ တောင်ကျရေ ရုတ်တရက် ကျဆင်းခြင်းနှင့် လေပြင်းကျရောက် မည့် အခြေအနေများကြောင့် ဒေသတွင်းရှိ စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီ လိုနေကြောင်း သိရသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ဖြစ်နေသည်မှာ ၃ နှစ်ကျော်ကြာပြီဖြစ်ပြီး အလှူရှင်နည်းပါးလာသလို လက်ရှိလည်း စစ်ဘေးရှောင် ဦးရေတိုးပွားလာသဖြင့် နေရာထိုင်ခင်း၊ အမိုးအကာနှင့် ဆေးဝါးအပါအဝင် အရေးပေါ်လိုအပ်ချက် များပြား နေကြောင်း သိရသည်။

ကနီမြို့နယ် လူထုတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က “ကျနော်တို့ ဘက်က ဖြည့်ပေးနိုင် တာ မရှိတော့ဘူး။ လှူတဲ့သူကလည်း နည်းလာတယ်။ လိုအပ်ချက်ကများပြီးတော့ လုပ်ပေးနိုင်တာက နည်းနေတာကို တွေ့ရတယ်။ ရာသီဥတုက ပူရာကနေ အခုမိုးတွေရွာတော့ အေးလာတယ်။ မုန်တိုင်းကလည်း ဝင်လာတယ် ဆိုတော့ စစ်ရှောင်တွေထဲမှာ ရာသီဥတုအကူးအပြောင်းကြောင့် ဆုံးပါးသွားတာရှိတယ်။ စစ်ရှောင်တွေအတွက် ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်နေတယ်” ဟု ပြောသည်။

ထို့ပြင် မိုးရာသီ၌ တောင်ကျချောင်းရေနှင့် ရေလျှံမှုများကြောင့် လမ်း၊တံတားများ ပျက်စီးကာ စားနပ်ရိက္ခာ၊ဆေးဝါး သယ်ယူရေးတွင် အခက်အခဲများ ဖြစ်ပေါ်လေ့ရှိပြီး မိုးဦးကျကာလ ခြင်ပေါက်ဖွားမှုများကြောင့်လည်း ဌက်ဖျားနှင့် သွေးလွန်တုတ်ကွေးအန္တရာယ်ကို ကြုံတွေ့ရလေ့ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ စစ်ရှောင်ကူညီသူတဦးက “ရေရှည်မှာ ဘယ်သူကမှလည်း တင်ကျွေးမထားနိုင်ဘူး။ တော်လှန်ရေး ကာလမှာ ကိုယ့်ကိုယ်ကိုယ် အသက်ရှင်အောင်၊ ကျန်းမာအောင်နေတာကလည်း တော်လှန်ရေးတမျိုး ဖြစ်တယ်။ ဒေသတိုင်းမှာလည်း အခက်အခဲအကျပ်အတည်းတွေရှိနေတယ်။ စားဝတ်နေရေးတွေခက်ခဲလာအောင်၊ နေအိမ်တွေ မီးရှို့ခံရတယ်။ မိတကွဲဖတကွဲဖြစ်နေအောင် ဖန်တီးတဲ့ စစ်အာဏာရှင်တွေ လုပ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့လို့ ပြောချင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးသူ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-မြန်မာ (UNOCHA Myanmar) က ယခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဆက်လက် ဖြစ်ပေါ်နေပြီး စစ်ကိုင်းတိုင်းရှိ ကလေးမြို့နှင့် ကနီမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်လာမှုကြောင့် လူပေါင်း ၂၄,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆိုင်ကလုန်းမုန်တိုင်း (REMAL) ၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သစ်ပင်များပြိုလဲခဲ့ပြီးနောက် လူထိခိုက်မှုများလည်းရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း REMAL မုန်တိုင်းအရှိန်ကြောင့် ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှဆိုသည်။

တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုသင့်ကြောင်း၊ မေ ၂၇ ရက်မှ ‌ဇွန် ၂ ရက်အတွင်း မြန်မာနိုင်ငံရှိ ဒေသအများစုတွင် မိုးကောင်း‌နိုင်ပြီး မွန်၊ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦး “လေပြင်းတွေကတော့ မတ်လလောက်စပြီးတော့ ဖြစ်ပါတယ်။ မုန်တိုင်းတွေနဲ့ ဆက်စပ်ပြီးတော့လည်း ဖြစ်ပါတယ်။ မိုးသက်လေပြင်းကျပြီဆိုရင် မိုးကြိုးဘေးတွေ ဖြစ်လာနိုင်တယ်။ မိုးကြိုးကလည်း ပစ်လိုက်ရင် သေတာများတယ်။ တချို့က အပြင်ရောက်လို့ မိုးရွာပြီဆိုရင် သစ်ပင်တွေအောက် ခိုတာတွေရှိတယ်။ အဲဒီအခါကျရင် သစ်ပင်ကို မိုးကြိုးပစ်ပြီး စက်ကွင်းမလွတ်ဘဲနဲ့ လူတွေသေဆုံးဒဏ်ရာရတာတွေ ရှိတယ်။ ဒါတွေကို သတိထားဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ဒေသတချို့တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်မှစတင်ကာ အဆက်မပြတ်မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲပြီး လူနေအိမ်ပျက်စီးမှုများ၊ လူထိခိုက်မှုများ၊ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မေလ ၂၂ရက်မှ ၂၅ ရက်အတွင်း ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုနှင့် သန်လျင်မြို့နယ်တို့တွင် နေအိမ် ၂ လုံး၊ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တို့တွင် နေအိမ် ၂၈ လုံး ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် နေအိမ် ၉ လုံး ပြိုကျကာ နေအိမ် ၂လုံး ပျက်စီး၍ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ

ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုကြားမှ မြန်မာနိုင်ငံသစ် ထွက်ပေါ်လာနေ

စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: စစ်ရှောင်ဆေးဝါးဌက်ဖျားမိုးရာသီမုန်တိုင်းအမိုးအကာအရေးပေါ်အကူအညီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်

ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်

by Zachary Abuza
13 May 2024
7.6k

မုတ်သုန်မိုးသည် ဇွန်လ ဒုတိယပတ်တွင် စတင်မည်ဟု တရားဝင် ခန့်မှန်းချက်များနှင့်အတူ စစ်ကောင်စီသည် မိုးမကျမီ ဦးစားပေး ခြောက်ခုကို အာရုံစိုက်နိုင်သည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

by ရိုးကျော်
19 August 2024
6.6k

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မန္တလေးကို အမြန်ရောက်ချင်တယ်

မန္တလေးကို အမြန်ရောက်ချင်တယ်

by စောလွင်
4 July 2024
6.2k

ကျနော်တို့ထက်စောပြီး အရှေ့က ရောက်နေတဲ့ကားတွေလည်း အကုန်လုံး ပိတ်မိနေတာပဲ။ တချို့ဆို ကားပေါ်မှာ အိပ် ကားပေါ်မှာနေရတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေပြီ ပြောတယ်။ တည်းခိုခန်းတွေလည်း တခုမှမရတော့ဘူး ပြောတယ်။ ကားတွေက ခန့်မှန်းဆို ၃၀၀၊ ၄၀၀ လောက်...

Next Post
နမ့်ခမ်းခွင်တွင် လှုပ်ရှားသည့် SSPP တပ်ဖွဲ့များ TNLA ဖယ်ရှား

နမ့်ခမ်းခွင်တွင် လှုပ်ရှားသည့် SSPP တပ်ဖွဲ့များ TNLA ဖယ်ရှား

ထိပ်တန်းစစ်ဗိုလ်ချုပ်များ ရာထူး အပြောင်းအလဲပြုလုပ်

ထိပ်တန်းစစ်ဗိုလ်ချုပ်များ ရာထူး အပြောင်းအလဲပြုလုပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved