တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SCB) ကနေ အခု ၂၀၂၄ ခုနှစ်အတွင်း ချေးငွေထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ်ကို လာရောက် အပ်နှံထားတဲ့ ငွေတွေထဲကမှ အမေရိကန် ဒေါ်လာ ၅ သိန်းနဲ့ စတင် လုပ်ငန်းဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။
ကနဦး နယ်မြေတွေအဖြစ် ချင်းနဲ့ ကရင်နီမှာ ချေးငွေ ထုတ်ချေးဖို့ အတွက် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) တို့နဲ့ ဆွေးနွေးမှု အသေးစိတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR