ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်တဲ့ တိုက်ပွဲတွေ အတွင်း စခန်းစွန့် ပြီး ကယ်ဆယ်ရေးသင်္ဘောပေါ် ထွက်ပြေးသွားတဲ့ စစ်တပ်အရာရှိတွေဟာ နောက်ကလိုက်လာတဲ့ စစ်သည်တွေနဲ့ မိသားစုဝင်တွေရဲ့ စက်လှေကို ပြန်ပြီးပစ်ခတ်ခဲ့တာကြောင့် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ ၁၀ ရက်နေ့က ထွက်ပေါ်လာတဲ့ စစ်ကောင်စီ တပ်သားရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဟာ ၂ မိနစ် နီးပါးကြာမြင့်ပြီး အဲ့ဒီရုပ်သံမှတ်တမ်းမှာတော့ ကမ်းခြေတခုမှာ စက်လှေမှောက်ပြီး ရေမွန်းနေတဲ့ တပ်ဖွဲ့ဝင် မိသားစုဝင် တွေနဲ့ကလေးတွေကို ကယ်ဆယ်ရေးလုပ်ဆောင် နေတာကိုလည်း မြင်ရပါတယ်။
ရုပ်သံမှတ်တမ်းအရ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၉ (နခခ ၉)၊ နခခ ၄ က ရဲတပ်ဖွဲ့၊ မိသားစုဝင်တွေ ဆုတ်ခွာလာချိန်မှာ စက်လှေတစီးက တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR