အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဟိုင်ဂင်သဘောတူစာချုပ်ပါ အပစ်ရပ်ရေး အချက်တွေကို ချိုးဖောက်နေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဧရာ၀တီကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်ထဲက TNLA တပ်စခန်း တခုကို ဇွန်လ ၉ ရက်နေ့ညနေမှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
မိုးမိတ်မြို့နယ် ပန်တင်နဲ့ မန်ပိန်းကျေးရွာအကြားရှိ TNLA တပ်စခန်းတခုကို ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ တယ်လို့ TNLA က အတည်ပြုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR