အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ဆရာတော်ကြီးတွေကို အဆောင်အယောင်အဖြစ် ဇိမ်ခံကားတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
မာစီဒီး အော်ဒီနဲ့ ဘောက်စ်ဝက်ဂွန် ကားအမျိုးအစားတွေကို ဇွန်လ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမှာ ရှိတဲ့ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ဆပ်ကပ်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ကားလှူဒါန်းခဲ့တဲ့ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဦးဆောင်တဲ့ အဖွဲ့ဟာ ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီးတော့ ထပ်မံဖွဲ့စည်းထားတဲ့မဟနအဖွဲ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာ သာသနာရေးမှာအရေးကြီးဆုံးအဖွဲ့တခုဖြစ်တဲ့ မဟနအဖွဲ့ဝင်ဆရာတော်တွေဟာ တိုင်းပြည် အာဏာသိမ်းခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေကို နေ့စဉ်အကြမ်းဖက်သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေ၊ ဘုရားကျောင်းတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတဲ့ ဖြစ်စဉ်တွေကို နှုတ်ဆိတ်နေတယ် ဆိုပြီး ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR