• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နွားထိုးကြီးတွင် အိမ် ၆၀၀ နီးပါး မီးရှို့ခံရ၊ ပြည်သူ ၄ ဦး သေဆုံး

by မိအိသဉ္ဇာမြင့်
11 June 2024
in သတင်း
A A
နွားထိုးကြီးတွင် အိမ် ၆၀၀ နီးပါး မီးရှို့ခံရ၊ ပြည်သူ ၄ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ / CJ

804
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြောက်ခြမ်းတွင် ဇွန်လ ၂ရက်မှ စ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ကောင်စီ က ရွာ ၆ ရွာမှ နေအိမ် ၆၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၄ ဦးလည်း သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မီးရှို့ခံရသော ရွာများမှာ ဆူးဖြူကုန်း၊ နဘူးတော၊ ဘူးကိုင်းတောင်၊ ဘူးကိုင်းမြောက်၊ မကျီးကုန်း၊ ကူကုန်းတို့ဖြစ်ပြီး သေဆုံး သွားသူများမှာ ဆူးဖြူကုန်းရွာသား ကိုမှတ်ကြီး၊ ဦးအောင်လူလူနှင့် ကူကုန်းရွာရှိ အသက်ကြီးပိုင်း အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၀ ရက်က မီးရှို့ခံရသော ကူကုန်းရွာ/CJ

ဒေသခံတဦးက “ဆူးဖြူကုန်းက နှစ်ယောက်က သူတို့အိမ်မီးထဲပါမှာစိုးလို့ဆိုပြီး အိမ်ကို အရဲစွန့်ပြီး ပြန်ခဲ့တာ။ စစ်တပ်နဲ့ တည့်တည့်သွားတိုးပြီး ရိုက်ခံရတာ။ သူတို့ကို ရိုက်နှက်ပြီးတော့မှ သူတို့အိမ်ထဲကို ခေါ်ထည့်ပြီး ဆိုင်ကယ်နဲ့ ဖိထားပြီး အိမ်သော့ခတ်ပြီး မီးရှို့လိုက်ကြတာ။ ကူကုန်းက သက်ကြီး ၂ယောက်ကတော့ မပြေးနိုင်လို့ မီးထဲပါသွားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ၂ရက်တွင် မြင်းခြံမြို့နယ်မှ အင်အား ၅၀ကျော်ဖြင့် နွားထိုးကြီးဘက်သို့ ထိုးလာသော စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နွားထိုးကြီးမြို့နယ် တည်ပင်ရွာနှင့် ပဲကြီးခင်း ရွာအနီး တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံး၍ ၁ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီဘက်မှ ပြန်ဆုတ်ခွာသွားပြီးနောက် ဇွန်လ ၃ရက်တွင် ငါန်းဇွန်မြို့နယ် မြို့သာဘက်မှ အင်အား၄၀ ကျော် ဖြင့် နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာသို့ ရောက်ရှိလာကြောင်း၊ ဇွန်လ ၄ရက်တွင် ဝက်လူးမှ ၆မိုင်ကျော်ကွာဝေးသော နဘူးတော ရွာသို့ စစ်ကြောင်းထွက်ရာ တော်လှန်ရေးတပ်များက တိုက်ခိုက်သဖြင့် ၁၃ဦး သေဆုံးခဲ့ပြီး ၃ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က ဗိုလ်အဆင့်တွေပါ မိတာဆိုတော့ အထိနာတယ်။ သူတို့ ပြန်ဆုတ်တယ်။ ကျနော်တို့ဘက်ကိုက မိထ္ထီလာဘက်ကနေလည်း လာလို့ရတယ်။ ငါန်းဇွန်ဘက်ကလည်း လာလို့ရတယ်။ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းတို့ဘက်ကလည်း လာလို့ရနေတော့ ဒီကောင်တွေက ဆုတ်လိုက် စစ်ကူခေါ်လိုက် ပြန်တက်လိုက် လုပ်နေတာ။ စစ်ကြောင်းတွေက တော်တော်ကျပ်နေတယ်” ဟု ပြောသည်။

ဇွန်လ ၄ရက်‌ နေ့လယ်ပိုင်းတွင် နွားထိုးကြီးမြို့ပေါ်မှ စစ်ကောင်စီ အင်အား ၅၀နီးပါး နဘူးတောဘက်သို့ ထပ်မံ ရောက်ရှိ လာကြောင်း၊ တောထဲတွင် တညအိပ်ပြီး ဇွန်လ ၅ ရက်မှစ၍ ရွာများကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ခံစပ်ကုန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပျက်စီးခဲ့စဉ်/CJ

ဇွန်လ ၅ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စစ်ကောင်စီက ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးကာ မီးရှို့နေသလို လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၆ ရက်က နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ကာ ကားဂိုထောင်နှင့် ကား၂စီးပျက်စီးကာ ဘုန်းကြီးတပါးနှင့် ဆွမ်းပို့ ဒကာမ ၁ ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက”ခံစပ်ကုန်းက တိုက်ပွဲဖြစ်တာလည်းမရှိဘူး သူတို့သက်သက်မဲ့ လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ တခြားနေရာမဟုတ်ဘဲ ဘုန်းကြီးကျောင်းကိုမှ ကြဲသွားတာဆိုတော့ ပြောစရာ စကားတောင် မရှိတော့ဘူး”ဟု ပြောသည်။

ဇွန်လ ၁၀ရက် နံနက်အစောပိုင်းတွင် ဆူးဖြူကုန်းမှ စစ်ကောင်စီစစ်ကြောင်းက ဘူးကိုင်းကျေးရွာအတွင်းသို့ ပြန်ဝင်လာ သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မိနစ်၂၀နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂မိုင်နီးပါးကွာဝေးသောအိမ်ခြေ ၃၀၀ရှိသည့် ကူကုန်းကျေးရွာသို့ ဆုတ်ခွာသွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကြောင်းများကြောင့် ဆူးဖြူကုန်းရွာ၊ ဘူးကိုင်းတောင်ရွာ၊ ဘူးကိုင်းမြောက်ရွာ၊ မန်ကျီးကုန်းရွာ၊ ဖောင်းချဉ်ရွာ၊ ကူကုန်းရွာရှိ ဒေသခံ၃၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးရာသီဖြစ်သောကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ဒေသခံတဦးက “ကျနော်တို့ သူများတွေလို ပြေးစရာမြေများများမရှိဘူး။ စစ်ကိုင်းဆိုလည်း ကိုယ့်ထက်တောင် ဆိုးနေလို့ ပြေးလို့မရဘူး။ ကိုယ့်ရွာနားပဲ ဘယ်ရွာလွတ်လဲ ပတ်ပြေးနေရတာ။ မိုးတွင်းဆိုတော့ သိတဲ့အတိုင်းပေါ့တရွာပြီးတရွာ ပြေးနေရတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
29
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
45

ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ

မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ

နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: စစ်ကြောင်းတိမ်းရှောင်တိုက်ပွဲဒေသခံနွားထိုးကြီးမီးရှို့သေဆုံး
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

Next Post
ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ

ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ

မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်ရန် ရုရှား အတည်ပြု

မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်ရန် ရုရှား အတည်ပြု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved