• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ

by ဧရာဝတီ
11 June 2024
in သတင်း
A A
ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ

ဝိုင်းမော်-ကန်ပိုက်တီ လမ်းပေါ်ရှိ KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်စခန်းတခု (CJ)

1.8k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် မေလက ဝိုင်းမော်မြို့နယ်ရှိ ခြေမြန်တပ်ရင်း ၃၂၁ အပါအဝင် ကဇူး၊ ခါရှီ တပ်စခန်းကြီးများကိုသိမ်းယူခဲ့သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ယနေ့တွင် ဝိုင်းမော်- ကန်ပိုက်တီလမ်းကို ဆက်လက်စစ်ဆင်ရာ ညနေ ပိုင်းတွင် တပ်စခန်းသုံးခု သိမ်းပိုက်ရရှိထားပြီဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထိုတပ်စခန်းများမှာ ဝိုင်းမော်နှင့် ဆဒုံးကြားရှိ ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ့်တောင်နှင့် ဆဒုံး- ကန်ပိုက်တီကြားရှိ နယ်ခြား စောင့်တပ် ၁၀၀၃ ၏ ရှေ့တန်းစခန်းရုံးဖြစ်သော လဖိုင်စခန်းတို့ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “ဒီနေ့သိမ်းပိုက်တာ သုံးခုရှိပါပြီ။ တခြားတိုက်ခိုက်နေတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဝိုင်းမော်ဘက်က တက်လာတဲ့ စစ်ကူတွေကို ဝိုင်းမော်နဲ့ ဝူယန် ဝန်းကျင်လောက်မှာ ကြား ဖြတ်ပြီးမှ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေရှိပါတယ်။ မြေပြင် အသေးစိတ်တော့မသိရသေးပါဘူး” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

ယနေ့ သိမ်းပိုက်လိုက်သည့် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းစခန်းများမှာ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် အရေးပါပြီး ယင်းလမ်းကြောင်းကို စိုးမိုးထားကာ KIA တပ်များ လှုပ်ရှားသွားလာမှုအပေါ် ခြိမ်းခြောက်လျက်ရှိကာ အရေးပါသော စခန်း များဖြစ်သည်။

စစ်ကောင်စီကလည်း မြစ်ကြီးနားရှိ တပ်စခန်းများမှနေ၍ မစ်ဇိုင်းဒုံး၊ ဟောင်ဝစ်ဇာအမြောက်စသည့် လက်နက်ကြီး များ ဖြင့် တိုက်ပွဲဖြစ်ပွားရာ ဆဒုံးတဝိုက်နှင့် ပြီးခဲ့သည့် လက KIA သိမ်းထားသည့် ခါရှီတပ်စခန်းဘက်မှ တက်လာသည့် KIA ပူးပေါင်းတပ်များကို ပစ်ခတ်ကြောင်း၊ လေကြောင်းမှလည်း Mi 35 ၂စီးဖြင့် ပစ်ကူပေးနေကြောင်း စစ်တပ်သတင်း များက ဆိုသည်။

၁၃ မိုင် ပူးပေါင်းဂိတ်သည် ဝိုင်းမော်မှ ဆဒုံး- ကန်ပိုက်တီလမ်းနှင့် ဝိုင်းမော်မှ ချီဖွေ- ဆော့လော်လမ်းဆုံတွင် အထိုင်ချ ထားသည့်စခန်းဖြစ်ပြီး လဖိုင်နယ်ခြားစောင့်တပ်စခန်းသည် ကန်ပိုက်တီမြို့နယ်၊ စင်ကြိုင်ရွာ၌ ဌာနချုပ် အခြေ စိုက် ထားသည့် နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ၏ ရှေ့တန်းစခန်း ဖြစ်သည်။

KIA သိမ်းပိုက်နိုင်သည့် ဝိုင်းမော်- ဆဒုံး- ကန်ပိုက်တီတလျောက် တပ်စခန်းများ (ဧရာဝတီ)

လဖိုင်ဒေသသည် ယခင် KIA က ဂိတ်စခန်းနှင့် အလယ်တန်းကျောင်းဖွင့်ခဲ့ရာ ထိန်းချုပ်နယ်မြေဖြစ်သော်လည်း ၂၀၁၁ ခုနှစ်ဝန်းကျင်တွင် စစ်တပ်၏တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရသည့်နေရာဖြစ်ပြီး ယခုအခါတွင် တကျော့ပြန်သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကန်ပိုက်တီသည် ကချင်ပြည်နယ်၏ မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တခုဖြစ်သည့်အတွက် ဝိုင်းမော်-ကန်ပိုက် တီလမ်းကြောင်း ထိန်းချုပ်နိုင်ရေးမှာ KIA အတွက်နှင့် စစ်တပ်အတွက်ပါ အရေးပါပြီး ဝင်ငွေအရင်းအမြစ်တခုလည်း ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ကုန်စည်စီးဆင်းတဲ့ အရေးပါတဲ့လမ်းကြောတခု ဖြစ်ပါတယ်။ ကျနော်တို့ တပ်ရင်း ၃ နယ်မြေရဲ့ လုံခြုံမှုအတွက်၊ ပြည်သူလူထုရဲ့ လုံခြုံမှုအတွက်လည်း အဲဒီဘက်မှာ ထိုးစစ်ဆင်တာဖြစ်ပါတယ်။ မတိုက်လို့လည်း မရတဲ့ အခြေအနေဖြစ်ပါတယ်။ လမ်းတကြောလုံးမှာ စစ်ကောင်စီဘက်က နေရာယူပြီးမှ ကျနော်တို့ တပ်ရင်း ၃ ရဲ့ သွားရေးလာရေးအားလုံးကို ပိတ်ဆို့ပြီးမှ ကျနော်တို့ကို ခြိမ်းခြောက်နေတဲ့နေရာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ လမ်းတကြောမှာ တိုက်ပွဲဆင်နွှဲတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကချင်ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ KIA အနေဖြင့် ဒိန်ဂါတပ်စခန်းနှင့် ဆဒုံးအခြေစိုက် ဗျူဟာ စခန်းတို့ကိုလည်း ထိုးစစ်ဆင်နေကြောင်းဖော်ပြခဲ့ကြသော်လည်း ဗိုလ်မှူးကြီး နော်ဘူက ထိုစခန်းများ အခြေအနေ၊ မြေပြင်အချက်အလက်များ မသိရသေးကြောင်း ဆိုသည်။

KIA အနေဖြင့် ယနေ့ထိုးစစ်အတွင်း အရေးပါသော တပ်စခန်းသုံးခုအား သိမ်းပိုက်လိုက်သဖြင့် ဝိုင်းမော်- ဆဒုံး- ကန် ပိုက်တီ ကုန်သွယ်ရေးလမ်းကြောင်းကို တစိတ်တပိုင်း ထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်တပ်အခြေချစခန်းရှိသည့် ဆဒုံးမြို့ ကိုပါ ပိတ်ဆို့တိုက်ခိုက်ရန် အခွင့်အရေးရသွားကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။

၎င်းက “ဝိုင်းမော်ဘက်ခြမ်း (၁၃ မိုင်) ရော၊ ကန်ပိုက်တီ (လဖိုင်) ဘက်ခြမ်းရော စခန်းတွေသိမ်းပြီး ဖြတ်တောက်လိုက် တဲ့အခါကျတော့ ဆဒုံးကို ဝိုင်းပတ်မိသွားတာပေါ့။ ဆဒုံးကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ရသွားတာပေါ့။ ဆဒုံးကို ထိန်းချုပ် လိုက်ပြီဆိုတာနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက KIA လက်ထဲမှာ ရောက်သွားလိမ့်မယ်။ ဆဒုံးကျတော့ နယ်စပ် နဲ့ဝေးလို့ သိမ်းလို့ လွယ်နိုင်ပါတယ်။ ကန်ပိုက်တီကတော့ နယ်စပ်နဲ့ ကပ်နေတာ။ ကပ်နေတော့ လွယ်ဂျယ်လိုပဲ တိုက်တာ ကတော့ အကန့်အသတ် ဖြစ်လိမ့်မယ်နဲ့တူတယ်။ လွယ်ဂျယ်လိုပဲ အချိန်ယူရလိမ့်မယ်” ဟု သုံးသပ်သည်။

ကချင်ပြည်နယ်အတွင်း ဇခုန်တိန်ယိမ်း ဦးဆောင်သော နယ်ခြားစောင့်တပ်များအနေဖြင့် နယ်ခြားစောင့်တပ်ရင်း ၁၀၀၁ ဖီမော်ဒေသ၊ တပ်ရင်း ၁၀၀၂ ပန်ဝါဒေသနှင့် တပ်ရင်း ၁၀၀၃ ကန်ပိုက်တီဒေသဟူ၍ ဖြန့်ခွဲအထိုင်ချထားပြီး အခြားသော ပြည်သူ့စစ်အဖွဲ့၊ စစ်တပ်တို့နှင့် ပူးတွဲလှုပ်ရှားလျက်ရှိသည်။

ဇခုန်တိန်ယိမ်းသည့် KIA က ထွက်ခွဲပြီးနောက် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲကာ နယ်ခြားစောင့်တပ်ရင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

KIA အုပ်ချုပ်ရေးယန္တရား ရှမ်းမြောက်ဒေသ၌ တိုးချဲ့

မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်

မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်

Your Thoughts …
Tags: KIAကန်ပိုက်တီးဘွမ့်တောင်စခန်းဝိုင်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်ရန် ရုရှား အတည်ပြု

မြန်မာတွင် နျူကလီးယားစက်ရုံ ဆောက်ရန် ရုရှား အတည်ပြု

အပြန်အလှန် လေးစား သဘောတူ ညှိနှိုင်း အဖြေရှာတတ်ကြပါသလား

အပြန်အလှန် လေးစား သဘောတူ ညှိနှိုင်း အဖြေရှာတတ်ကြပါသလား

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved