အာဏာသိမ်း စစ်တပ်ဟာ လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေမှာ စစ်ရေးအရ ဦးကျိုးသွားပြီဖြစ်သလို တပ်တွင်းမှာလည်း စိတ်ဓာတ်ပိုင်း ယိုယွင်းပျက်စီးနေတယ်လို့ စစ်တပ်မှာ ၁၄ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး ကျော်မြင့်လွင် က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရာမှာလည်း စစ်ပညာမပြည့်စုံသေးတဲ့ သင်တန်းသားတွေကို ရှေ့တန်းပို့နေပြီး လပိုင်းသာ စစ်သင်တန်းသင်ထားရသေးတဲ့ လူငယ်တွေဟာ ရှေ့တန်းမှာ အလွယ်တကူ အသက်ဆုံးရှုံးနေကြရတယ်လို့လည်း သူကပြောပြပါတယ်။
ဗိုလ်ကြီး ကျော်မြင့်လွင်ဟာ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှာ တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
တပ်မိသားစုဖြစ်တာကြောင့် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး သူအရာရှိဖြစ်လို့ ၁၄ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ထိ မပြောင်းလဲသေးတဲ့ အောက်ခြေစစ်သည်တွေနဲ့ ရဲမေတွေရဲ့ဘဝကိုကြည့်ပြီး စစ်တပ်ကို ပြောင်းလဲမှ သူတို့ဘဝကို မြှင့်တင်နိုင်မယ်ဆိုပြီး CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR