မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပရဟိတ ဆရာတော် ဦးဥတ္တမ ကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ စစ်ကောင်စီဩဇာခံ ပျူစောထီးတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။
ဆရာတော် ဦးဥတ္တမ ဟာ ဇွန်လ ၂၂ ရက်နေ့ညက မြင်းခြံဆေးရုံကို မြတ်ပုည ပရဟိတ ကားနဲ့ လူနာပို့ပြီး အပြန် ၉ နာရီခွဲဝန်းကျင်မှာ သီတာယုမွန် ပျူစောထီးတပ်တွေ ကင်းပုန်းချထားတဲ့ နေရာမှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဆရာတော်ပစ်ခတ်ခံခဲ့ရတဲ့နေရာဟာ မြင်းခြံမြို့အစွန် ရပ်ကွက် ၁၈ အနီး မြို့ပတ်လမ်းမှာ ဖြစ်ပြီး အဲဒီနေရာဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေ ကင်းပုန်းဝပ်နေတဲ့ နေရာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR