ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်း ရပ်ကွက်နှစ်ခုက အုပ်ချုပ်ရေးမှူးရုံးတွေ စက်တင်ဘာလ ၃၀ ရက်နေ့က ဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။
Mission-K လို့အမည်ရတဲ့ မြေအောက် တော်လှန်ရေးအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပြီး သန်းခေါင်စာရင်း ကောက်ယူဖို့ အစည်းအဝေးလုပ်နေချိန်ကို တိုက်ခိုက်ခဲ့တာလို့ Mission-K အဖွဲ့က ဧရာဝတီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ ၃ ဦးအထက်သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ Mission-K အဖွဲ့က ထုတ်ပြန် ထားပါတယ်။ သေဆုံးသူတွေဟာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေဖြစ်တယ် လို့လည်း ပြောပါတယ်။
အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ ဒီတိုက်ခိုက်ခံရမှု ၂ ခုလုံးမှာ လူ ၁၃ ဦး ထိခိုက်ခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။ သေဆုံးသွားသူဟာ အလတ်ချောင်း ရပ်ကွက် ရာအိမ်မှူးဖြစ်ပြီး ဒဏ်ရာရှိသူ၁၃ ဦးထဲက ၅ ဦးဟာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရန်ကုန် #ကြည့်မြင်တိုင် #အလတ်ချောင်း #စက်ဆန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR