မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်စွာ သုံးစွဲခွင့်ဆက်တိုက် ကျဆင်းလာတာဖြစ်ပြီး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဆိုးဆုံးရပ်တည်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့အတူ အဆိုးဝါးဆုံးနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေ၊ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပါဝင်လှုပ်ရှားသူတွေကို နည်းပညာအရ စောင့်ကြည့် ဖမ်းဆီးမှုတွေအပြင်၊ စစ်ကောင်စီ လော်ဘီချန်နယ်တွေကနေ တဆင့် ဖမ်းဆီးအရေးယူဖို့ ခြိမ်းခြောက်ပြောဆိုတာတွေကိုပါ ပြောင်ပြောင် တင်းတင်းချိုးဖောက်လာခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #Freedom House #အင်တာနက်လွတ်လပ်ခွင့်
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













