အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေကို အရေးယူဖို့ အချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဝတီရဲ့ မေးမြန်းချက်အပေါ် ဝန်ကြီးက တုန့်ပြန် ဖြေကြားသွားတာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ ဟာလည်း ယုံကြည်စရာ၊ ထောက်ခံစရာမရှိသလို ဒီလိုကာလမှာ တွေ့ဆုံညှိနှိုင်းရေး ပြောဆိုနေမှုတွေအပေါ်မှာလည်း ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ မှတ်တမ်းအရ စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလထိ ပြည်သူ ၆ ထောင်နီးပါး သတ်ဖြတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












