• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာကို ဝင်သည့်စစ်ကြောင်း ဒေသခံအိမ်များ ဖောက်ထွင်းယူငင်

by ဧရာဝတီ
5 November 2024
in သတင်း
A A
မတ္တရာကို ဝင်သည့်စစ်ကြောင်း ဒေသခံအိမ်များ ဖောက်ထွင်းယူငင်
1.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်အရှေ့ဘက်မှ ရွာများကို စစ်တပ်နှင့် ပျူစောထီးတို့ အင်အား ၄၀၀ ကျော် ဖြင့် စစ်ကြောင်းထိုးနေရာ ဒေသခံတို့စွန့်ခွာ ထွက်ပြေးနေရချိန် အိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများကို ၎င်းတို့ တပ်စွဲ ထားသော သုံးဆယ်ပေး၊ သဖန်းဒေါင့်၊ ရွှေချောင်း စသည့်ကျေးရွာများသို့ သယ်ဆောင်နေကြောင်း သိရသည်။

မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “အခုဆို စစ်တပ်နဲ့ ပျူအဖွဲ့တွေက မတ္တရာအနောက်ခြမ်းမှာရှိတဲ့ ရွာစဉ် တလျှောက် လူမနေတဲ့ အိမ်တွေကနေ ကျန်နေတဲ့ပစ္စည်းအကုန် ကားပေါ်တင်ပြီး သယ်နေကြတယ်။ သူတို့ရဲ့ အထိုင်တွေ ဆီကို သယ်ယူနေကြတာမျိုးပေါ့”ဟု ပြောသည်။

မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်ရိုးတလျှောက်ရှိ သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ကုန်တန်း ကြီး၊ ညောင်ကုန်း၊ သဖန်းဒေါင့်၊ ငယ်တိုး၊ သနပ်ကုန်း စသည့် ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံတို့ ပစ္စည်းများ ခိုးယူခံနေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သုံးဆယ်ပေးရွာမှ စစ်ဘေးရှောင်တဦးက “စစ်ကြောင်းထိုးတာက အရင်လိုမျိုးမဟုတ်ဘဲ စစ်ရှောင်ရက်တွေ ရှည်လာတော့ အတော်လေးဒုက္ခရောက်ကြရတယ်။ အခုဆိုရင် ကျနော်တို့ရွာဘက်မှာ စစ်ကြောင်းက အထိုင်ချပြီး လက်နက်ကြီးတွေပါ ဆင်ထားတော့ ဘယ်လိုမှ ရွာကိုပြန်ကပ်လို့ မရနိုင်တော့ဘူး။ အဲဒီလိုမထိုင်ခင် ရွာမှာကျန်ခဲ့သမျှ ပစ္စည်း တွေကို ကားတွေနဲ့ တိုက်ပြီး သယ်ထုတ်သွားကြတယ်။ အဲဒီလို သယ်ထုတ်နေတာကို ကျနော်တို့ကိုယ်တိုင်မြင် နေရတာပါ” ဟု ပြောသည်။

စက်တင်ဘာ ၂၁ ရက်က ဖြစ်ခဲ့သည့် မန္တလေးနှင့် ၁၀ မိုင်ကျော်သာ ဝေးသော မတ္တရာအနောက်ခြမ်း ဧရာဝတီ မြစ်ကမ်း ဘေးရှိ သုံးဆယ်ပေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များက နေအိမ်များမှ ပစ္စည်းများကို ယူဆောင်သွားပြီး ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသအခြေအနေကို ဖော်ပြပေး နေသည့် ရောင်နီနွေ ဦးနှင့် Wetlet Informational Network အဖွဲ့များက အသိပေးဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ တတိယပတ်မှစ၍ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်ရိုးတလျှောက်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေစိုးမိုးရေး ရယူသည့်အနေဖြင့် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်း အင်အား များအပြင် လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင် နေကြရသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်တဦးက “ရွာထဲကို သူတို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ရွာသားတွေ နေလို့မရအောင် လုပ်တာမျိုးပေါ့။ ကိုယ့်ပစ္စည်းကိုယ်ယူဖို့ ပြန်ဝင်တဲ့ ရွာသားတွေကိုလည်း ဒရုန်းနဲ့ကြည့်ပြီးမှ ဗုံးချတိုက်ခိုက်တာတွေ လုပ်လို့ ရွာသားတွေလည်း မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာသားတွေ မရှိတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ က ရွာထဲမှာ ဝင်ရောက်တပ်စွဲတာတွေ လုပ်တယ်။ ဆန်၊ ဆီ၊ ဆား ငရုတ်ကအစ တန်ဖိုးကြီးပစ္စည်းအဆုံး ခိုးယူတာ တွေ လုပ်တယ်။ တိုက်ပွဲမရှိတဲ့နေ့တွေဆိုရင် ပိုပြီးလုပ်တာကိုတွေ့ရတယ်” ဟု ပြောသည်။

အောက်တိုဘာ ၂၁ ရက်က မတ္တရာမြို့နယ် မြွေထိန်ပင်ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ဗုံးကြဲခံရမှု / ရောင်နီနွေဦး

မတ္တရာမြို့နယ်တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် မတ္တရာမြို့ခံများနှင့်အတူ ဒေသခံများ ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ စာရင်းများအရ လက်ရှိ အချိန်ထိ မြို့နယ်အနှံ့ရှိ စစ်ဘေးရှောင်စခန်း ၃၂ ခုတွင် လူဦးရေ ၁ သောင်းခွဲကျော် ရှိနေပြီး မြေပြင်တွင် ပိုမိုများပြားနိုင် ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

စစ်ရှောင်ကူညီနေသူတဦးက “စစ်ရှောင်တွေက တရက်ထက်တရက် များလာတာဆိုတော့ စခန်းတွေမှာလည်း ပြည့်ကျပ်နေတယ်။ စားဝတ်နေရေး အခက်အခဲရှိနေတယ်။ တိုက်ပွဲတွေဖြစ်နေတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တောထဲတောင်ထဲမှာ ခိုနေကြရတဲ့သူတွေလည်း ရှိနေတယ်။ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်နေတာတွေအပြင် စစ်ရှောင်စခန်းတွေထိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတော့ အသက်ဘေးကလွတ်အောင် မနည်းရုန်းကန်နေကြရတယ်” ဟု ဆိုသည်။

မတ္တရာမြို့နယ်မှ စစ်ရှောင်များအနေဖြင့် စစ်ဘေးရှောင်စခန်းများအပြင် ဘေးလွတ်ရာ ကျေးရွာများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နီးစပ်ရာဆွေမျိုးများရှိရာနှင့် တောတောင်များအတွင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ယာယီတဲထိုး နေထိုင်ခြင်းများလည်းရှိသလို ရက်ကြာရှည်လာသဖြင့် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေ၊ ဆေးဝါး လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ထို့ပြင် မတ္တရာမြို့နယ်အရှေ့ခြမ်း မန္တလေး-မတ္တရာ ကားလမ်းတလျှောက်ရှိ ကျောက်တံတား၊ လမိုင်း၊ ထန်းပင်ကုန်း၊ အောင်သပြေ၊ သရက်ကိုင်း၊ မြကန်သာ၊ ထီးတော်မိုး၊ တောင်ကန်၊ ကန်ဖြူ၊ ကင်း၊ စည်တိုင်းကန်၊ ငါးလုံးပြွန်၊ မြို့ကုန်း၊ ဘိုကုန်းကျေးရွာများလည်း ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး အဆိုပါကျေးရွာများ၌လည်း ပစ္စည်းများ ဖောက်ထွင်းခိုးယူခံထားရကြောင်း ဒေသခံများက ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ယခုအခါ ရွှေချောင်းပျူစောထီးကျေးရွာနှင့် သုံးဆယ်ပေးကျေးရွာများ၌ လက်နက်ကြီးများဖြင့် ထပ်မံအထိုင်ချတပ်စွဲပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှတဆင့် စစ်မှုထမ်းသင်တန်းဆင်းများ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးသင်တန်း ဆင်းများ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အင်အား ထပ်မံဖြည့်တင်းကာ အနီးဝန်းကျင် ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

You may also like these stories:

မတ္တရာ လေကြောင်းရန်တပ်နှင့် ဆည်တော်ကြီး ပြန်ရရေး စစ်တပ်ကြိုးပမ်းနေ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

Your Thoughts …
Tags: စစ်ကောင်စီပျူစောထီးမတ္တရာမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ

မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရသောကြောင့် တရုတ် ပြာယာခတ်

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရသောကြောင့် တရုတ် ပြာယာခတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved