ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ၊ ညနေ ၆ နာရီခွဲခန့်အချိန်က အမှတ် ၈၊ အင်ကြင်းတောင် ရပ်ကွက်ကို ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြီး၊ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပေမယ့်၊ လက်ရှိအချိန်ထိတော့ ကယ်ဆယ်ရှာဖွေရေး လုပ်ဆောင်နေတာကြောင့် ဘယ်သူ၊ ဘယ်ဝါတွေဆိုတာကို ပြောပြဖို့ ခက်ပြီး သေဆုံးသူတွေလည်း ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy