အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ နိုဝင်ဘာ၂၀ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီမှာ စစ်တပ်နဲ့ ဆက်နွယ် သူတွေ၊ စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ ပါဝင်နေပါတယ်။
ပြောင်းလဲလိုက်တဲ့ အဖွဲ့သစ်မှာတော့ အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပြီး စစ်ကောင်စီ စစ်တပ်နဲ့ ဆက်နွှယ်နေသူတွေ၊ စစ်အရာရှိ ဟောင်းတွေ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ ပါဝင်နေတဲ့ အဖွဲ့ဖြစ်တာမို့ သတင်းစာ လွတ်လပ်ခွင့်က မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













