အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ ICC ရဲ့ ရှေ့နေချုပ် ကာရင်အာဆက်အာမက်ခမ်း က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အထောက်အထား အချက်အလက်တွေထင်ရှားတာကြောင့် ဖမ်းဝရမ်းထုတ်ပေးဖို့ဆိုပြီး တင်ပြ လျှောက်ထားတာဖြစ်ပါတယ်။
ဒီလျှောက်ထားချက်နဲ့ ပတ်သက်ပြီး ICC က ဖမ်းဝရမ်းထုတ်လာခဲ့ရင် ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်ကို သွားဖို့ ခက်ခဲသွားမှာဖြစ်သလို အာစီယံ နိုင်ငံတွေကို သွားဖို့နဲ့ ဒီနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကိစ္စတွေဟာလည်း အဟန့်အတား ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ရင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရာဝဇတ်ခေါင်းဆောင်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့အတွက် တွန့်ဆုတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒီအကြောင်းတွေအပါအဝင် တရုတ်ရဲ့ ရပ်တည်ချက်၊ စစ်ခေါင်းဆောင် ဝရမ်းအထုတ်ခံရနိုင်ခြေ အလားအလာတွေနဲ့ပတ်သက်ပြီး ဥပဒေအထောက်အကူပြု ကွန်ရက် တည်ထောင်သူ၊ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













