ကမ္ဘာ့အနှံ့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံဆန့်ကျင်ရေးနဲ့ တရုတ်ပစ္စည်း ထုတ်ကုန်တွေကို အသုံးမပြုရေး ဆန္ဒထုတ်ဖော်ကြဖို့ အမေရိကန်ရောက် မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းနဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို အဆုံးထိတော်လှန်ဖို့ ဆုံးဖြတ်ချက်ချထားသူများ ဖြစ်တဲ့အတွက်၊ စစ်ကောင်စီဘက်မှာ ရပ်တည်မယ့် ဘယ်နိုင်ငံကိုမဆို အခုလိုပဲ ဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။
တရုတ်က စစ်ကောင်စီဘက်ကို ရပ်တည်လိုက်ပြီးတဲ့နောက် အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယား အပါအဝင် နိုင်ငံ အတော်များများမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ထုတ်ကုန်ပစ္စည်းတွေမသုံးဖို့နဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ဖို့ လုပ်ဆောင်မှုတွေ ဆက်တိုက်ဆိုသလို တွေ့မြင်လာရတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













