ဂုဏ်သိက္ခာကျဆင်းနေတဲ့ စစ်တပ်ကို ပြန်လည်အဖတ်ဆယ်ဖို့အတွက် စစ်ကောင်စီတပ်သားတွေ လက်နက်ချ ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဒီမိန့်ခွန်းမှာ သမ္မတကြီးက အာဏာသိမ်းစစ်တပ်ကို မြန်မာ့တပ်မတော်လို့ သုံးနှုန်းခေါ် ဝေါ်ခဲ့ပြီး ရာဇဝတ်သား မင်းအောင်လှိုင် နဲ့ အကြမ်းဖက်အုပ်စုအတွက် အသက်မပေးဖို့ ပြောဆိုလိုက်တာပါ။
ဒီလိုမျိုးလက်နက်ချပြီးပြည်သူ့စစ်သားအဖြစ် ပြည်သူ့ဘက်ကိုပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အသက်နဲ့လုံခြုံရေးကိစ္စအဝဝကိုလည်း NUGအနေနဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် အာမခံတယ်လို့ လည်းဆက်ပြောထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးမှာအကြီးအကျယ် ရှုံးနိမ့်နေပြီး မြို့ပေါင်း ၉၀ ကျော်ကို လက်လွတ်ဆုံးရှုံးထားရပြီဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













