အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူလိုက်တဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲဆိုတာထက် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးသင့်တယ်လို့ ပြောဆိုချက်ဟာ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတဲ့သဘောကိုသက်ရောက်တယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
အာဆီယံအနေနဲ့ မြန်မာမှာ ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းဖို့ အရေးပေါ်လိုအပ်တယ်လို့ ပြောခဲ့ပြီး စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ တွေ့ဆုံဆွေးနွေးရေးကိုဦးစားပေးဖို့နဲ့ နိုင်ငံတွင်းဖရိုဖရဲဖြစ်နေချိန်မှာ ရွေးကောက်ပွဲကိုဆိုင်းငံ့ထားဖို့ တိုက်တွန်းထားတာပါ။
မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပြုဖို့ ဆက်လက်ပိတ်ပင်ထားပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလဲ စစ်ကောင်စီအနေတဲ့အကောင်အထည်ဖော်ဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။
၂၀၂၅ ခုနှစ်မှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေမှာ NUG အနေနဲ့ ဆက်လက်လုပ်ဆောင်မှာတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #Interview #NUG #အာဆီယံ













